မော်တော်ကား စလစ်ဈေး နှစ်ရက်အတွင်း ငါးသိန်း မြင့်တက်

ပို့စ်တင်ချိန် - 5/31/2014 07:32:00 AM




ဆိပ်ကမ်းရောက် ကားတွေထဲမှာ စလစ် ကပ်ရမယ့် ကား များနေတဲ့ အတွက် စလစ်ဈေး ကျပ် ငါးသိန်းခန့် ဈေးမြင့်တက် သွားပါတယ်။

ဆိပ်ကမ်းကို ရောက်ရှိလာတဲ့ ကားအစီးရေ ၅ဝ နီးပါးမှာ စလစ် ကပ်ရမယ့် ကားက အစီးရေ အများဆုံး ဖြစ်ပါတယ်။

ဆိပ်ကမ်းမှာ စလစ်ကပ် ကားတွေ များတော့ ဈေးကွက်ထဲမှာ စလစ်တွေ လိုက်ဝယ်ကြတာ၊ အဝယ်လိုက်ရင် ငါးသိန်း ဆယ်သိန်းလောက် ဈေးမြင့်သွားတာ ထုံးစံပဲ လို့ သီရိမင်္ဂလာ ကားပွဲစားတန်းမှ ဝယ်ရောင်းပွဲစား ကိုဝင်း က ပြောပါတယ်။

အဲဒါကြောင့် အရင်ရက်တွေ ကျပ် သိန်း ၁ဝဝနဲ့ ၁၁ဝ ပေါက်ဈေး ရှိနေတဲ့ စလစ် ကားဟောင်းတွေဟာ အခု ကျပ် ၁၁၅ သိန်းအထိ ဈေးမြင့် သွားပါတယ်။ အမည်ပေါက် ဆိုရင် ကျပ်သိန်း ၁၂ဝ လောက် အထိ ဈေးခေါ် ရောင်းချတာတွေ ရှိတယ် လို့ သိရပါတယ်။

အဲသည် အတွက် ကားဟောင်း ကြိုတင် ဝယ်ယူထားတဲ့ သူတွေကလည်း ကားအပ်ပြီး စလစ် ထုတ်ယူမှု များလာပါတယ်။

Modern