နိုင်ငံတကာရှိ ဒုက္ခ ရောက်နေသော မြန်မာများ နေရပ်ပြန်လို ပါက MAI အခမဲ့ ပို့ဆောင်ပေးမည်

ပို့စ်တင်ချိန် - 5/31/2014 07:51:00 PM


ပြည်တွင်း ပြည်ပနိုင်ငံ အသီးသီးတွင် ဒုက္ခ ရောက်နေသော မြန်မာလူမျိုးများ နေရပ်ပြန်လို ပါက MAI လေကြောင်းလိုင်းမှ အခမဲ့ ပို့ဆောင်ပေး သွားမည်ဖြစ်သည်။ ယင်းကဲ့သို့ ၀န်ဆောင်မှု ပေးရာတွင် အမှန်တကယ် အခက်အခဲ ရှိသူများ၊ အကျဉ်းထောင် များမှ လွတ်မြောက်လာ သူများကိုသာ အခမဲ့ ခေါ် ဆောင်ပေးသွားမည်ဖြစ်ပြီး၊ တရားဝင် အလုပ်လုပ်ကိုင်နေသည့် သူများကိုမူ ၀န် ဆောင်မှုပေးမည် မဟုတ်ကြောင်း MAI လေကြောင်းလိုင်းမှ သိရသည်။

ဒီလိုဝန်ဆောင်မှုပေးတာ လူမျိုးရေး စိတ်ဓာတ်ကြောင့် MAI က တတ်နိုင်တဲ့ဘက် က ၀င်ရောက် ကူညီတာပါ၊ ဒီအစီအစဉ် အချိန် ကန့်သတ် ထားတာတွေ မရှိပါဘူး ဟု MAI လေကြောင်းလိုင်းမှ မန်နေဂျာဒေါ်အေးမရသာ ကပြောသည်။

MAI မှယမန်နှစ်အတွင်းက အိန်္ဒိယ၊ မလေးရှားနိုင်ငံတို့တွင် ဒုက်္ခရောက်နေသည့် မြန်မာ လူမျိုးများအား အခမဲ့ ပြန်လည် ခေါ်ဆောင်ရာတွင် (၁၀) ကြိမ်မြောက် ရှိသွားခဲ့ပြီ ဖြစ်သည်။ ယခုနှစ်တွင်မူ ယင်းနှစ် နိုင်ငံသာမက အခြားသော နိုင်ငံများတွင် ဒုက္ခရောက် နေသူ များကိုလည်း အဆိုပါ ၀န် ဆောင်မှုများ ထပ်မံ ကူညီပေးသွားမည်ဖြစ်သည်။

ပြည်ပ နိုင်ငံများမှ ပြန်လည် ခေါ်ဆောင်ရာတွင် ဒုက္ခရောက် နေသည့် မြန်မာလူမျိုး တစ်ထောင်ကျော်အား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ် ဆောင်ခဲ့ပြီး၊ ယင်းထဲတွင် အကျဉ်းထောင်မှ လွှတ်မြောက်လာသူ အများဆုံး ပါဝင်ကြောင်းသိရသည်။

ကိုယ့်လူမျိုး ပြည်ပမှာဒုက်္ခရောက်နေ တာတွေ အများကြီးရှိသေးတယ်။ တချို့ဆို ရင် လမ်းပေါ်အိပ်ရတဲ့သူတွေတောင် ရှိနေသေးတယ် အဲဒီ လိုလူတွေကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ဒီကို ပြန်ခေါ်လာ ပေးသင့်တယ် ဟု MAI လေကြောင်းလိုင်းမှ ပြန်လည် ခေါ်ဆို လာသည့် မလေး အကျဉ်းထောင် မှ လွတ်မြောက်လာသူ ဦးကိုကိုကပြောသည်။ ယခုအခါ ပြည်ပ နိုင်ငံများတွင် အလုပ်လုပ် ကိုင်နေသည့် မြန်မာလူမျိုး ခြောက်သန်းကျော် ရှိပြီး၊ မလေးရှားနှင့်ထိုင်းနိုင်ငံတို့တွင် အများဆုံး လုပ်ကိုင်လျက် ရှိကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာနမှ သိရသည်။


The Messenger's Local News Detail
www.messengernewsjournal.com
messenger news journal