ကာတာလန်မှာ မက်ဆီလို့ နာမည်ပေးထားတဲ့ ခွေးနဲ့ ကြောင် ၇၀၁ကောင်ရှိတယ်

ပို့စ်တင်ချိန် - 5/31/2014 08:28:00 AM


ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု လေးနှစ်ဆက် ရခဲ့ဖူးတဲ့ မက်ဆီရဲ့ ကျော်ကြားမှုဟာ ဒီဘက်နှစ်တွေမှာတော့ ရော်နယ်ဒိုကြောင့် အရှိန်ကျခဲ့ပါတယ်။ ရော်နယ်ဒိုဟာ မက်ဆီကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဈေးကွက် အ၀င်ဆုံး ဘောလုံးသမားအဖြစ် ဦးဆောင်နိုင်ခဲ့ပြန်ပါသေးတယ်။ ဒါပေမဲ့ မက်ဆီကို ရော်နယ်ဒို မကျော်နိုင်တဲ့ ကိစ္စတစ်ခုတော့ ရှိနေပါတယ်။

ကာတာလန် ဒေသခံပြည်သူတွေဟာ ဘာစီလိုနာ မင်းသားလေး မက်ဆီကို ချစ်လို့ သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို မက်ဆီလို့ အမည်ပေးထားကြပြီး ကာတာလန်မှာ မက်ဆီလို့ခေါ်တဲ့ ခွေးနဲ့ ကြောင်အရေအတွက် ၇၀၁ကောင် ရှိနေပါတယ်တဲ့။ အိမ်မွေးတိရိစ္ဆာန်တွေကို ချစ်စနိုး နာမည်ပေးကြတဲ့နေရာမှာ ရော်နယ်ဒိုလို့ ခေါ်တဲ့ အိမ်မွေးတိရိစ္ဆာန် ၁၀ကောင်၊ နပိုလီယံလို့ နာမည်ပေးထားတဲ့ အိမ်မွေးတိရိစ္ဆာန် ၁၀၂ကောင်၊ အိုဘားမားလို့ နာမည်ပေးထားတဲ့ အိမ်မွေးတိရိစ္ဆာန် ၄၈ကောင် ရှိနေတယ်လို့ သိရပါတယ်။ ပြီးတော့ ဘာစီလိုနာနောက်ခံလူ ပီကေးရဲ့ ဇနီးသည် ပေါ့ပ်ဘုရင်မ ရှကီရာနာမည်ကလည်း
အိမ်မွေးတိရိစ္ဆာန်တွေကို ပေးကြတဲ့နာမည်ပါတဲ့ဗျာ။

@z (ရိုးရာလေး)