ဗိုလ်တထောင် BOAD ဝင်းထဲကမြေတွေကို မူလပိုင်ရှင်ဆီပြန်မပေးရင် အိုးအိမ်ကို ဘာလုပ်မလဲ

ပို့စ်တင်ချိန် - 5/31/2014 08:24:00 AM


အိုးအိမ်ဦးစီးဌာနက သိမ်းယူခဲ့တဲ့ နှစ် ၉ဝဂရန်ပေါက် ဗိုလ်တထောင်က COD/BAOD နဲ့ AOD ဝင်းထဲက မြေတွေကို လာမယ့် စက်တင်ဘာနောက်ဆုံးထားပြီး မြေပိုင်ရှင်တွေကို ပြန်မပေးဘူးဆိုရင် ဘာလုပ်ဖို့ရှိလဲ။ မူလ မြေပိုင်ရှင် ၂ဝဝကျော်ကတော့ သပိတ်စခန်းဖွင့်ပြီး တုံ့ပြန်မယ်လို့ ဆိုပါတယ်။

သိမ်းယူထားထားတဲ့ ဂရန်အမည်ပေါက် မြေပေါ်မှာ ဝါဝါဝင်း၊ ဧဒင်၊ ပတ္တမြားနဂါး၊ ချစ်ကြည်ရေးနဲ့ ယုဇနဆောက်လုပ်ရေးတွေကို အမြန်ဆုံးဖယ်ရှားပြီး မူလမြေပိုင်ရှင်တွေကို ပြန်ပေးဖို့ ၆ကြိမ်မြောက် သတင်းစာရှင်းလင်းရှင်းပွဲကို မေလ ၃ဝရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

လာမယ့် ဇွန်လ ၁ဝရက်နေ့နောက်ပိုင်းမှာ ၁၃ကြိမ်မြောက် ကန့်ကွက်ဆန္ဒပြသွားဖို့ရှိပြီး အိုးအိမ်ဦးစီးဌာနက အဓမ္မသိမ်းယူပြီး ဆောက်လုပ်ရေးကုမ္ပဏီ ၃ခုကို BOT စနစ်နဲ့ လက်လွှဲလုပ်ကိုင်စေတာကို ချက်ချင်းရပ်ပေးဖို့နဲ့ အခုထိတော့ တရားဝင်တုံ့ပြန်မှုမရှိသေးဘူးလို့ ဆိုပါတယ်။

တရားဥပဒေ စိုးမိုးရေး၊ ပြည်သူ့ဆန္ဒနဲ့အညီ အုပ်ချုပ်တယ်ဆိုတဲ့ သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့က မြေသိမ်းမှုတွေကို ပြန်ပြီးစွန့်လွှတ်နေတယ်လို့ဆိုပေမယ့် မူလမြေပိုင်ရှင်တွေဆီက အိုးအိမ်က ငှားရမ်းခဲ့ပြီး ပြန်မပေးဘဲ ဆောက်လုပ်ရေးလုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

အိုးအိမ်ဦးစီးဌာနဟာ ၁၉၉၄ခုနှစ်မှာ မူလမြေပိုင်ရှင်တွေရဲ့ နှစ် ၉ဝဂရန်အမည်ပေါက်တွေကို ဥပဒေမဲ့ ဖျက်သိမ်းပြီး အဓမ္မသိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။ ၂ဝဝ၆ခုနှစ်မှာတော့ ယုဇန၊ ပတ္တမြားနဂါး၊ ဧဒင်၊ ယုဇန၊ ဝါဝါဝင်းနဲ့ ချစ်ကြည်ရေး ဆောက်လုပ်ရေးကုမ္ပဏီတွေကို စီမံကိန်းအဖြစ် လွှဲပြောင်းလုပ်ကိုင်စေခဲ့တယ်လို့ ဆိုပါတယ်။
Kamaryut media