မိဘဆွေမျိုးများ ဆန္ဒကို ဆန့်ကျင်သည့် အမျိုးသမီးအား ကျောက်ခဲဖြင့် ပစ်ပေါက် သတ်ဖြတ်ခြင်းသည် စက်ဆုပ်ဖွယ်ဟု ပါကစ္စတန် ၀န်ကြီးချုပ်ပြော

ပို့စ်တင်ချိန် - 5/31/2014 07:15:00 PM


ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် မိဘများ ပေးစားသူကို မယူဘဲ အခြားသူ တစ်ဦးကို လက်ထပ် ထိမ်းမြားခဲ့သည့် အမျိုးသမီး တစ်ဦးကို မိဘဆွေမျိုးများက အပြစ်ပေးသည့် အနေဖြင့် အုတ်ခဲ ကျောက်ခဲများဖြင့် ပစ်ခတ် ခဲ့ခြင်းကြောင့် သေဆုံးခဲ့ရာ ယင်းလုပ်ရပ်မှာ လုံးဝကို လက်ခံပေးနိုင်စရာ မရှိကြောင်း ပါကစ္စတန် ၀န်ကြီးချုပ် နာဝက်ဇ်ရှာရစ်ဖ်က ဝေဖန် ပြောဆိုခဲ့သည်။ မီးအား ကျောက်ခဲဖြင့် ပစ်ပေါက် သတ်ဖြတ်ခြင်းသည် စက်ဆုပ်ဖွယ်ဟု ပါကစ္စတန် ၀န်ကြီးချုပ် ပြောဆိုခဲ့သည်။ ကိုယ်ဝန် သုံးလရှိနေပြီ ဖြစ်သော ဖာဇာ နာပါဗင်းအား မိဘဆွေမျိုးများ လာဟိုးမြို့ရှိ တရားရုံး တစ်ခုရှေ့တွင် အုတ်ခဲ ကျောက်ခဲများဖြင့် ပစ်ခတ် ခဲ့ကြခြင်းဖြစ်သည်။ အခင်း ဖြစ်ပွားချိန်တွင် ရဲတပ်ဖွဲ့ဝင်များသည် တားဆီးခြင်းမရှိဘဲ လက်ပိုက်ကြည့် နေခဲ့ကြောင်း ၎င်း၏ ခင်ပွန်းက ပြောဆိုခဲ့သည်။ သို့သော် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိချိန်တွင် မစ္စပါဗင်းသည် သေဆုံးခဲ့ပြီး ဖြစ်ကြောင်း လာဟိုးမြို့ ရဲတပ်ဖွဲ့၏ စခန်းမှူးက ပြောဆိုခဲ့သည်။
သတ်ဖြတ်မှု ဖြစ်ပွားချိန်သည် နေ့ခင်း ကြောင်တောင် အချိန်ကြီးဖြစ်ပြီး၊ အခင်းဖြစ်ပွားရာ နေရာတွင် ရဲတပ်ဖွဲ့ဝင်များ နှင့် အများပြည်သူများ ရှိနေကာ တစ်စုံတစ်ဦးက မှ ၀င်ရောက် တားဆီးခြင်း မရှိသောကြောင့် နိုင်ငံတစ်ဝန်း ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ရှိခဲ့သည်။ ၀န်ကြီးချုပ် နာဝက်ဇ် ရှာရစ်ဖ်သည် ပန်ဂျတ်ခရိုင် ၀န်ကြီးချုပ်အား အဆိုပါ အမှုကိစ္စကို စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာ ချက်ချင်း တင်ပြရန် စေခိုင်းခဲ့သည်။လာဟိုးမြို့ရှိ ယခု သတ်ဖြတ်မှုကြောင့် ပါကစ္စတန်ရှိ အရပ်ဘက် လူ့အဖွဲ့အစည်းဝင် များတုန်လှုပ် ခဲ့ရသည်။ လူ့အခွင့်အရေး လှုပ်ရှားသူများသည် တွစ်တာနှင့် ဖေ့စ်ဘွတ်ခ် ကဲ့သို့ လူမှုမီဒီယာများတွင် အံ့သြ တုန်လှုပ်မိကြောင်း ရေးသားခဲ့သည်။ အင်္ဂလိပ် ဘာသာ စကားဖြင့် ထုတ်ဝေသည့် သတင်းစာများက လည်း ယခု ရက်စက်စွာ သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ပြင်းပြင်း ထန်ထန် ဝေဖန ရှုတ်ချသည့် ခေါင်းကြီးပိုင်းများကို ဖော်ပြခဲ့သည်။ သို့သော် ပါကစ္စတန်တွင် လူပြော အများဆုံးဖြစ်သည့် အူရဒူဘာသာ စကားဖြင့် ထုတ်ဝေသည့် သတင်း မီဒီယာများတွင် ယခုသတ်ဖြတ်မှု နှင့် ပတ်သက်ပြီး ဖော်ပြခြင်း မရှိခဲ့ဘဲ နိုင်ငံရေးနှင့် လုံခြုံရေး ဆိုင်ရာ သတင်းများ ကိုသာဖော်ပြခဲ့သည်။ မစ္စပါဗင်း၏ ဖခင်ဖြစ်သူသည် နောက်ပိုင်းတွင် ရဲစခန်းသို့ သွားရောက်ပြီး အဖမ်းခံ ခဲ့သော်လည်း အခြား ဆွေမျိုးများမှာမူ ဖမ်းဆီးခံရခြင်း မရှိသေးချေ။ ဆွေမျိုးတချို့ဖား ဖမ်းဆီးထားပြီး ဖြစ်ကာ ၎င်းတို့အား စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ကြောင်း ဒေသဆိုင်ရာရဲ အရာရှိ မူဂျာဟစ် ဟူစိန်က ပြောဆိုခဲ့သည်။ကုလ လူ့အခွင့်အရေး ဆိုင်ရာ အရာရှိချုပ် နာဗီပီလေက ယခုကိစ္စကြောင့် အင်မတန် တုန်လှုပ်ခဲ့ရပြီး အရေးယူမှုများ လုပ်ဆောင်ရန် ပါကစ္စတန် အစိုးရကို တိုက်တွန်း ပြောဆိုခဲ့သည်။


The Messenger's International News
www.messengernewsjournal.com
messenger news journal