၂၀၃၅ ခုနှစ်မှာ အင်္ဂါဂြိုလ်ပေါ် လူတွေ ခြေချဖို့ ရည်မှန်းထားကြောင်း နာဆာ အတည်ပြု၊ တစ်ကမ္ဘာလုံးက အကူအညီလိုအပ်ကြောင်း ၀န်ခံပြောဆို

ပို့စ်တင်ချိန် - 5/31/2014 07:30:00 AM





လပေါ် လူသားတို့ ခြေချပြီးနောက် အင်္ဂါဂြိုလ်ခရီးစဉ်ဟာ လူအများစု မျှော်လင့်ထားကြတဲ့အရာတစ်ခု ဖြစ်ပါတယ်။ အခုတော့ နာဆာ ဟာ ၂၀၃၅ ခုနှစ်မှာ လူသားတွေ ဂြိုလ်နီပေါ်ကို ခြေချဖို့ သူတို့  ရည်ရွယ်ထားကြောင်း ထုတ်ဖော်ပြောလိုက်ပါတယ်။

အကြီးအကဲသိပ္ပံပညာရှင် Dr.Ellen Stofan ရဲ့ ဗြိတိန်မှာ ပြောခဲ့တဲ့ မိန့် ခွန်းတွေမှာ အေဂျင်စီဟာ ဒီလို တာဝန်မျိုးကို နောက်ဆယ်စုနှစ်နှစ်ခုအတွင်းမှာ လုပ်ဆောင်မယ့် အစီအစဉ်တွေကို အကြမ်းဖျင်းထုတ်ပြောခဲ့ ပါတယ်။

နာဆာဟာ အာကာသတွင်းလွှတ်တင်မှုစနစ် အရွယ်အစားကြီးဒုံးပျံ နဲ့ Orion အာကာသယာဉ်အခန်း တွေကို ဖန်တီးခဲ့ပြီးနောက် နာဆာဟာ အင်္ဂဂြိုလ်ပေါ် လူလွှတ်ဖို့ အစီအစဉ်ကို ချဉ်းကပ်လာတာ ဖြစ်ပါတယ်။ ဒီစနစ် နှစ်ခုဟာ အင်္ဂဂြိုလ်ပေါ် လူသားတို့ ဆင်းသက်ပြီးနောက် ကမ္ဘာမြေပေါ် မပြန်ခင်အစီအစဉ်မှာ ပါဝင်မယ့် အစိတ်အပိုင်းတွေ ဖြစ်လာမှာပါ။


လန်ဒန် တော်ဝင်အသက်မွေးဝမ်းကျောင်းတက္ကသိုလ်နဲ့ သီးခြားတွေ့ ဆုံမှုမှာ Dr.Stofan က အင်္ဂဂြိုလ် ဟာ သူတို့ ရဲ့ အဓိကအာရုံစိုက်စရာတစ်ခု ဖြစ်နေဆဲလို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် သူမက ဒီအစီအစဉ်တွေအကောင်အထည်ဖော်ဖို့ နာဆာ တစ်ဦးတည်းလုပ်ဆောင်နိုင်မှာမဟုတ်ဘဲ တခြားနိုင်ငံတွေနဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းလုပ်ဆောင်မှုတွေလိုအပ်ကြောင်း ထပ်ပြောကြားခဲ့ပါတယ်။

“ ဒါဟာ ကျွန်မတို့ အတွက် မဖြစ်မနေတာဝန်ပါ။ လုပ်စရာအလုပ်တွေအများကြီးရှိနေပါတယ်။ ဒါကြောင့် ကျွန်မတို့ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အာကာသအေဂျင်စီတွေအနေနဲ့ ကျွန်မတို့ နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့  လိုအပ်နေပါတယ်” လို့ ဒေါက်တာက ပြောကြားခဲ့ပါတယ်။



နာဆာ ရဲ့ အင်္ဂါဂြိုလ်မစ်ရှင် အတွက် တစ်စိတ်တစ်ပိုင်းဖြစ်လာမယ့် အော်ရီယွန်အာကာသယာဉ်အခန်း

Ref: Dailymail.co.uk
trend myanmar