အော်ရီဒူးနှင့် တယ်လီနောကို ယှဉ်ပြိုင်နိုင်ရန် မြန်မာ့ ဆက်သွယ်ရေး ပြည်ပ အကြံပေးများ ခေါ်မည်

ပို့စ်တင်ချိန် - 5/31/2014 06:40:00 PM


ရန်ကုန်၊ မေ ၃၀- နိုင်ငံတကာအ တွေ့အကြုံနှင့် ဈေးကွက်ယှဉ်ပြိုင်မှု အတွေ့ အကြုံရရှိရန် ပြည်တွင်းပြည်ပ မှ အကြံပေးများ ခန့်အပ်သွား မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍ ပြုပြင်ပြောင်းလဲမှုအား အ ကောင် အထည်ဖော်ဆောင်ရွက်ရာ တွင် လိုအပ်သော ဆက်သွယ်ရေးဆိုင် ရာ Regulator အကြံဉာဏ်များပေး နိုင်ရန်အတွက် Regulator advisor ရာထူးများ အတွက် ခေါ် ယူခြင်းဖြစ် ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက် ၍ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦး က ''မကြာခင်မှာ နိုင်ငံခြား အော်ပရေတာနှစ် ခုနဲ့ ယှဉ်ပြိုင်ရတော့ မယ်။ MPT က နိုင်ငံတကာအတွေ့ အကြုံရော၊ ဈေးကွက်အတွေ့အကြုံ ရော ရင်ပေါင်တန်းနိုင်၊ ယှဉ်ပြိုင်နိုင် ဖို့အတွက် အကြံပေးတွေခေါ် ယူခြင်း ဖြစ်ပါတယ်''ဟု ပြောသည်။

အဆိုပါရာထူးများအတွက် ပြည် တွင်းပြည်ပမှ စိတ်ဝင်စား လိုသူများ အနေဖြင့် အသေးစိတ်အချက်အလက် များအား ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ၏ဝက်ဘ်ဆိုက် www.mcit.gov.mm တွင် ဝင်ရောက်လေ့ လာနိုင် ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းအနေဖြင့် အော်ပရေတာ တစ်ခု အနေဖြင့်ရပ်တည်နိုင်ရန် ဂျပန် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ် သည့် KDDI ကော်ပိုရေးရှင်းဖြင့် ပူးပေါင်း ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိသည်။

ယင်းသို့အကြံပေးများ ခေါ်ယူ ခြင်းနှင့်ပတ်သက်၍ အိုင်တီလုပ်ငန်း များလုပ် ကိုင်နေ သည့် ဦးရဲမြင့်က ''အခု နိုင်ငံခြားအော် ပရေတာနှစ်ခုက နိုင်ငံ တကာ အတွေ့အကြုံရင့်ကျက်နေတဲ့ ကုမ္ပဏီတွေဖြစ်တယ်။ ဈေးကွက် အ နေအထား သူတို့သိတယ်။ နည်းပညာ ပိုင်းဆိုတာ ပြောစရာကိုမလိုတာ။ အမ် ပီတီအနေနဲ့ လဲ အများကြီးပြင်ဆင်ရ တာပေါ့။ ဒါပေမဲ့ အော်ပရေ တာတွေ ရွေး ချယ် တုန်း ကတော့ ပြည်ပကအကြံ ပေးအဖွဲ့တွေနဲ့ ပူးပေါင်းခဲ့တဲ့အတွက် အခုလို အော်ပရေ တာကောင်းတွေ ရွေး ထုတ်လာနိုင်တာပဲ''ဟုပြောသည်။

ဆက်သွယ်ရေးနှင့်သတင်း အ ချက်အလက်ဝန်ကြီးဌာနအနေဖြင့် တယ်လီ ဖုန်းအော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့်ပြုရာတွင် နိုင်ငံတကာ အကြံပေး အဖွဲ့အစည်းများ ငှားရမ်းခဲ့ ပြီး အဆင့်ဆင့်ရွေးချယ်မှုများ ဆောင် ရွက်ပေး ခဲ့ကြောင်း သိရသည်။

PPT
[--Democracy today Daily Newspaper--]
Yangon Media Group