ကမ္ဘာ့ဖလား အုပ်စု(ဃ) သုံးသပ်ချက်

ပို့စ်တင်ချိန် - 5/31/2014 07:52:00 PM


၂၀၁၄ခုနှစ် ကမ္ဘာ့ဖလား အုပ်စုတွင်း သုံးသပ်ချက်တွေ တင်ဆက်ပေးနေရာမှာ ဒီနေ့တော့ အုပ်စု(ဃ) သုံးသပ်ချက် တင်ဆက်ပေးပါမယ်။

ဒီအုပ်စုမှာ ချန်ပီယံဖြစ်နိုင်တဲ့ အသင်းကြီးတွေ မြန်မာပရိသတ်အကြိုက် အင်္ဂလန်အသင်းတို့ ပါဝင်နေတာမို့ စိတ်ဝင်စားဖို့ကောင်းတဲ့အုပ်စုလို့ ပြောရမှာပါ။

အသင်းလိုက်နာမည်ကြီးပြီး အရှိန်အ၀ါရှိတဲ့ ဥရုဂွေး၊ အီတလီတို့နဲ့အတူ အင်္ဂလန်နဲ့ ကော့စတာရီကာ အသင်းတို့ အုပ်စု (ဃ)မှာ ပါဝင်နေပြီး အုပ်စုအနေအထားအရ အင်္ဂလန်အသင်း အုပ်စုတက်ဖို့ မလွယ်ဘူးလို့ အိုလံပစ်အားကစားဂျာနယ် အယ်ဒီတာ ကိုဟိန်းသန့်က ပြောပါတယ်။

“အင်္ဂလန်အသင်း လက်ရှိအနေအထားနဲ့ဆိုရင် အင်္ဂလန် အုပ်စု တက်ဖို့ နည်းနည်းခက်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအုပ်စုမှာ အီတလီက မထင်မှတ်တွေ လုပ်ပြတတ်တဲ့ အတွေ့အကြုံများ တယ်။ နောက် ကစားသမား ပိုင်းကျတော့ အီတလီရဲ့ ကစားသမားအင်အား နည်းနည်းတောင့်တယ်။ အင်္ဂလန်ကျတော့ ဒီနှစ်ရွေးထားတဲ့ လူတွေက များသောအားဖြင့် လူငယ်တွေ များတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းမှာဆိုရင် အတွေ့အကြုံရှိတဲ့သူဆိုလို့ ရိုနီ တယောက်ပဲ ပါတယ်။ ကျန်တဲ့ ကစားသမားတွေက လူငယ်တွေများတော့ အတွေ့အကြုံရှိတဲ့ ဥရုဂွေး၊ အီတလီ အဲဒီ ၂ သင်းကို ကျော်ဖို့ သိပ်မလွယ်လှဘူး။”

ဥရုဂွေးက ဆွာရက်နဲ့ အီတလီက ဘာလော့တယ်လီတို့ စောင့်ကြည့်ရဖို့ရှိပြီး ဆွာရက်ကတော့ ဒဏ်ရာကြောင့် ပွဲဦးထွက်ပွဲ ကစားဖို့ မသေချာသေးပါဘူး။

ဇွန်လ ၁၄ ရက်မှာ ဒီအုပ်စုပွဲစဉ်တွေ စတင်မှာဖြစ်ပြီး ဥ

DVB Burmese