တန်ရာတန်ကြေး - ဟာသ

ပို့စ်တင်ချိန် - 5/31/2014 07:57:00 PM


စကားတတ်တဲ့ ကြက်တူရွေးတစ်ကောင် ရှိတယ်
ခုရက်ပိုင်း ဘာဖြစ်တယ်မသိဘူး အစာကျွေးတဲ့

သခင်ရဲ့လက်ကိုလည်းဆိတ်လွှတ်တယ်
ဧည့်သည်လာရင်လည်း မပြန်မခြင်း ဆဲဆိုနေတယ်

ဒါနဲ့ တိရိစ္ဆာန်ဆေးကုဆရာဝန်ကို သွားပြကြည့်တာ
ဆရာက စမ်းသပ်စစ်ဆေးကြည့်ပြီးတော့ ပြောတယ်… …

“ခင်ဗျားကြက်တူရွေးက အထီး၊ မိတ်လိုက်ချင်နေတာဗျ”

“ဟုတ်လား ဆရာ”

“ဟုတ်တယ်၊ အတော်ပဲဗျ ကျနော့်မှာလည်း ချစ်စရာကောင်းတဲ့ ကြက်တူရွေးအမလေး ရှိတယ်”

“ဟုတ်ကဲ့ ဆရာ”

“ဒါပေမယ့် မိတ်လိုက်ခ ၁၅ ဒေါ်လာတော့ ပေးရမယ်”

၁၅ ဒေါ်လာပေးရမှာဆိုတော့ ပိုင်ရှင်က အင်တင်တင်လုပ်နေတယ်
ဒီတော့ သူ့ကြက်တူရွေးက စိတ်မရှည်ဘူးထင်ပါရဲ့ ထအော်တယ်… …

“လုပ်လေ လုပ်လေ လုပ်လေ”

ကြာရင်ပိုဆိုးမှာ စိုးလို့ ၁၅ ဒေါ်လာပေးလိုက်တယ်
ဒါနဲ့ သူ့ကို ကြက်တူရွေးမ လှောင်အိမ်ထဲထည့်ပြီး လိုက်ကာနဲ့ကာပေးလိုက်တယ်
ချက်ခြင်းပါပဲ ကြက်တူရွေးမ ငယ်သံပါအောင်အော်ပြီး လှောင်အိမ်ထဲကနေ အမွေးအတောင်တွေ လွင့်စင်ထွက်လာတယ်

ဆရာဝန်လည်း ဘုရားတပြီး လိုက်ကာကို ဆွဲဖယ်ကြည့်လိုက်တော့
ကိုယ့်အကောင်က ကြက်တူရွေးမကို လှောင်အိမ်ကြမ်းပြင်မှာ ချနင်းထားပြီး အမွေးတွေ ဆွဲနုတ်နေတာကိုး
ဆရာဝန်က အော်တာပေါ့… …

“ဟာ ဒီအမျိုးယုတ်ကောင် ဘာလုပ်တာလဲဟ”

ဒီတော့ ကြက်တူရွေးက ပြန်ပြောတယ်… …

“၁၅ ဒေါ်လာနဲ့တန်အောင် ခင်ဗျားကောင်မကို မိတ်မလိုက်ခင် ကိုယ်လုံးတီးချွတ်နေတာလေ” တဲ့။

” Oိာန် ”

====================

Credit: thanlayko