Learning ပညာရေးလဲ ပြောင်းလဲနေပါပြီ

ပို့စ်တင်ချိန် - 6/05/2014 10:14:00 AM


• နေ့လည်စာ ထမင်းချိုင့်၊ စာရေးနေတဲ့လက်ကလေးနဲ့နှိုက်၊
• ဗိုက်ဝရင်တော်လှ၊ စားချင်တာမစားရ နေ့တိုင်းလိုသာပ၊
• မူလတန်းကစရတာ ဘဝသင်္ခန်းစာ၊
• ငါကြီးလာရင်ဘာလုပ် ဆရာဝန်ကြီးမဟုတ်၊
• အင်ဂျီအိုကြီး မလုပ်၊ ခရိုနီကြီး မလုပ်။

• လူကြီးတွေပြောနေတာကြား၊ ဟိုဟာပြင်မှာလား သည်ဟာပြင်မှာလား၊
• စစ်သားတဲ့၊ မြစ်များတဲ့၊ နိုင်ငံခြားသားတဲ့၊
• အသားဖြူဖြူ ဗမာစကားမတတ်သူ၊
• ဒီလူတွေက မိုးပေါ်ကကျ၊ ကျွန်တော့်နေ့လည်စာနဲ့ ဆိုင်ပါသလားဗျ။

• ထမင်းကြမ်းဖြူဖြူ၊ ဆီမကူ ဆားမပါ၊
• အမေ့စေတနာ၊ အဖေ့လုပ်စာနဲ့တိကျ၊
• ဒီမိုကရေစီရရင် နေ့လည်စာတမင်းမှာ ဟင်းတခွက်ပါစေရမယ်လို့၊
• ဒို့မူလတန်းကျောင်းသား “ဂျင်နရေးရှင်း”၊ အားခဲလို့သာတင်း။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-ဝ၁၃
(ဓါတ်ပုံ Khun San Oo)
(စာရေးဖြစ်အောင်စေ့ဆော်သူ Pauk Sa Jade)