နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လက်နှင့်ရေးသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စစ်တပ်က ခြေနှင့်ဖျက်နေဟုမြင်

ပို့စ်တင်ချိန် - 11/17/2013 02:06:00 PM


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အစိုးရစစ် တပ်က ဖျက်ဆီးနေကြောင်း ကချင်လွတ် မြောက်ရေးတပ်မတော် (KIO) အလုပ် အဖွဲ့ (Technical Team)မှ ပြန်ကြား ရေးတာဝန်ခံ ဦးဒေါင်ခါးက နိုဝင်ဘာ ၁၂ ရက်နေ့က တယ်လီဖုန်းမှတစ်ဆင့် ပြော ကြားသည်။
အစိုးရစစ်တပ်နှင့် KIO ကြား အောက်တိုဘာ ၂၃ ရက်နေ့က စတင်ဖြစ် ပွားခဲ့သည့် ထိပ်တိုက်တွေ့ဆုံမှုတိုက်ပွဲ များအပေါ်၎င်းက ယခုလိုပြောကြားခဲ့ခြင်း ဖြစ်သည်။
‘‘ KIO အနေနဲ့ အပစ်ခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်မထိုးရသေးပေမယ့် အစိုးရနဲ့ ဆွေးနွေးပွဲ နှစ်ကြိမ်လုပ်ထား တယ်။ ဆွေးနွေးပွဲ သဘောတူညီချက်ထဲ မှာ တိုက်ပွဲထပ်မံမဖြစ်ပွားရေးဆိုတာပါ တယ်။ စားပွဲဝိုင်းပေါ်မှာ နှစ်ဖက်ခေါင်း ဆောင်ပိုင်းတွေ ဆွေးနွေးနေပေမယ့် ရှေ့ တန်းမှာ တိုက်ပွဲတွေပြန်ဖြစ်နေတာက သဘောတူစာချုပ်အပေါ် နှစ်ဖက် ဘယ် လောက်လိုက်နာလဲဆိုတာ ပုံဖော်လို့ရ တယ်။ အစိုးရစစ်တပ်ဘက်က စစ်ရေး အရ ထိုးစစ်ဆင်မှုကို အရင်ကလည်း လုပ် တယ်။ အခုလည်းလုပ်တယ်။ ရှေ့လျှောက် ဒီလိုစစ်ရေးထိုးစစ်ဆင်မှုတွေ အစိုးရစစ် တပ်ဘက်က ဆက်လုပ်နေရင် နှစ်ဖက် ယုံကြည်မှု ဘယ်လိုမှ တည်ဆောက်လို့ ရမှာမဟုတ်ဘူး။ ယုံကြည်မှုမရှိရင် ငြိမ်း ချမ်းရေးဖြစ်စဉ်က ဘယ်တော့မှ မအောင် မြင်ဘူး။ ဒါဟာ သမ္မတဦးသိန်းစိန်ရဲ့ ငြိမ်း ချမ်းရေးဖြစ်စဉ်ကို စစ်တပ်က ခြေနဲ့ဖျက် နေတာလို့ပဲ မြင်တယ်’’ ဟု ၄င်းကNews Watch ဂျာနယ်သို့ ပြောသည်။
အစိုးရစစ်တပ်ဘက်မှ စစ်ရေးအရ ထိုးစစ်ဆင်ခြင်း၊ နယ်မြေရှင်းလင်းရေး၊ နယ်မြေစိုးမိုးရေးကို ဆက်လက်လုပ် ဆောင် နေပါက သမ္မတဦးသိန်းစိန်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှောင့်နှေးကြန့် ကြာသွား နိုင်ကြောင်း ဦးဒေါင်းခါးက ပြောသည်။
အစိုးရစစ်တပ်နှင့် KIO တို့ အောက်တိုဘာလ ၂၃ ရက်နေ့မှ တိုက်ပွဲ များ ပြန်လည်ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၇ ရက်နေ့ မနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော မိနစ် ၄၀ ကြာတိုက်ပွဲမှာ အပြင်းထန်ဆုံး ဖြစ်ခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက် မှ မခွန်ဂျာက ပြောသည်။
အောက်တိုဘာလ ၂၈ ရက်နေ့ တွင် အစိုးရစစ်တပ်မှ မန်စီမြို့နယ် မုန်းဒိန် ပါကျေးရွာကို အမြှောက်ဖြင့်ပစ်ခတ်သည် အထိ ရှိခဲ့ပြီး အဆိုပါရွာတွင် ဒုက္ခသည် စခန်းတစ်ခုရှိကြောင်း ဦးဒေါင်ခါးက ထပ် လောင်းပြောကြားသည်။
ယခုလို တိုက်ပွဲများ ပြန်လည်ဖြစ် ပွားလာခြင်းကြောင့် မြန်မာနိုင်ငံ၏ ငြိမ်း ချမ်းရေးဖြစ်စဉ်ကို ထိခိုက်မှုမရှိနိုင်ကြောင်း၊ အပစ်အခတ်ရပ်စဲရေးကာလတွင် သေနတ် သံ ချက်ချင်းရပ်သွားလေ့မရှိ ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြံပေး ဦးလှမောင်ရွှေက ယခုလ ၁၀ ရက်နေ့ တွေ့ဆုံစဉ် ပြောကြားသည်။
KIO နှင့် အစိုးရစစ်တပ်ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမှုကြောင့် ဒေသခံ သုံးထောင်ကျော်သည် ဗန်းမော် မြို့ပေါ်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံ နေရကြောင်း၊ ၄င်းတို့အတွက် အစား အသောက်၊ ဆေးဝါးပစ္စည်းနှင့် အဝတ် အထည်တို့ အရေးပေါ်လိုအပ်လျက်ရှိ ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ မခွန်ဂျာက သတင်းပေးပို့သည်။

ရာဇာဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)