ဆမလတ်မှတ်မရှိသည့် တရုတ်တိုင်းရင်းဆေးခန်းများကို အရေးယူ စစ်ဆေးပေးရန် တောင်းဆို

ပို့စ်တင်ချိန် - 11/17/2013 07:20:00 AM


ကျော်ဇေယျ

ရန်ကုန် ၊နိုဝင်ဘာ ၁၅ ။ ။ ဆမလက် မှတ်မရှိဘဲ ရန်ကုန်မြို့တွင်ဖွင့် လှစ်ထားသည့် တရုတ်တိုင်းရင်း ဆေးခန်းများကို သက်ဆိုင်ရာတာ ဝန်ရှိသူများ အရေးယူစစ်ဆေး ရန်လိုအပ်နေပြီဖြစ်ကြောင်း တ ရုတ် တိုင်းရင်းဆေးခန်းတစ်ခု ကြောင့် ခြေဖြတ်ခဲ့ရသည့် နစ်နာသူ လူနာ၏သတင်းစာရှင်းလင်းပွဲ ပြောကြားမှုအရ သိရသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲကိုနိုဝင်ဘာ၁၁ရက်က ကျောက်တံတားမြို့နယ်ရှိ မြန် မာဂျာနယ်လစ်ကွန်ရက်တွင် ပြု လုပ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လကုန် ပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ်၊ကန်/တောင်ရပ်ကွက်ရှိ ဒေါ်စန်းစန်းအေးသည် နေအိမ်တွင်ခြေချော်လဲမှုကြောင့် နာကျင် ခဲ့သည့် ဘယ်ဘက်ခြေထောက် ကို မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်းပေါ်ရှိတရုတ်တိုင်းရင်းဆေး(အရိုး၊ အ ကြော)ဆေးခန်းတွင် ဆေးကုသ မှုခံယူခဲ့ရာ ဆေးစည်းပေးပြီးတစ် ရက်အကြာတွင် ခြေထောက်အ ရေပြားများပေါက်ပြဲခဲ့ရာမှ အနာ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းစာရှင်း လင်းပွဲတွင် ထုတ်ဖော်ပြောကြား လိုက်သည်။

ယင်းနောက် ဆေးဝါးကု သပေးခဲ့သည့် တရုတ်တိုင်းရင်း ဆေးဆရာကို လူနာ၏နစ်နာမှုများအတွက်ရပ်ကွက်အုပ်ချုပ်ရေးရုံးတွင် တွေ့ဆုံညှိနှိုင်းခဲ့သော် လည်း တာဝန်ယူပြန်လည်ကုသ ပေးခြင်းမရှိခဲ့ကြောင်း ယင်းက ပြောသည်။

လူနာရှင်၏အနာမှာ ပိုမိုဆိုးရွားလာသည့်အတွက် ရန် ကုန်ဆေးရုံကြီးကိုတင် ခဲ့ရာတွင် ခြေထောက်ဖြတ်ခဲ့ရသည်အထိ အခြေအနေဆိုးရွားသွားကြောင်း နစ်နာသူလူနာ၏ သတင်းစာရှင်း လင်းပွဲတွင် ယင်းကဲ့သို့ပြောကြား လိုက်ခြင်းဖြစ်သည်။

''ဆေးကုပေးလိုက်တဲ့သူက တိုင်းရင်းဆေးဝါးကုသခွင့် လိုင် စင်မရှိဘူးဆိုတာ ပြဿနာဖြစ်လို့ စုံစမ်းမှသိခဲ့ရတယ်။ ဆေးခန်းကို တော့ ဆိုင်းဘုတ်တင်ပြီးဖွင့်ထား တာ''ဟု လူနာအမျိုးသမီး၏ ခင် ပွန်းဖြစ်သူ ဦးချိုချိုက သတင်း စာရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါတိုင်းရင်းဆေးဝါး ကုသခွင့်မရှိဘဲ ဖွင့်လှစ်လုပ်ကိုင် နေ သည့် ဆေးခန်းကိုအရေးယူ ပေးရန် ယင်းမြို့နယ်အတွင်းက သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ ပြည် ထဲရေးဝန်ကြီးဌာနများကို စစ် ဆေးအရေးယူပေးရန်တိုင်ကြား ခဲ့ပြီး သုံးလကျော်သည်အထိ စစ် ဆေးအရေးယူမှုမတွေ့ရှိရသည့် အတွက် ယခုကဲ့သို့ သတင်းစာ ရှင်းလင်းရခြင်းဖြစ်ကြောင်း ယင်း ကပြောသည်။

''ဒီလိုလက်မှတ်မရှိဘဲ ဖွင့် ထားတဲ့ဆေးခန်းတွေကိုစစ်ဆေး အရေးယူပေးဖို့ လိုနေပါပြီ။ ကျွန် တော်တို့လိုအဖြစ်မျိုးနဲ့ အခြား မရှိဆင်းရဲသားတွေ မကြုံတွေ့ ရဖို့ အခုသတင်းစာရှင်းလင်းပွဲကို လုပ်ခဲ့တာပါ''ဟု ယင်းကဆက် လက်ပြောသည်။

ယခုကဲ့သို့ တရားဝင်တိုင်း ရင်းဆေးဝါးကုသခွင့်လိုင်စင်မ ရှိဘဲဖွင့်လှစ်ထား သည့် တခြား ဆေးခန်း များကြောင့် အောက် ခြေလူ တန်းစားများပိုမိုထိခိုက် လာနိုင်သဖြင့် တာဝန်ရှိသူများက စစ်ဆေးအရေးယူပေးရန် လိုအပ် နေကြောင်း သတင်းစာရှင်းလင်း ပွဲမှ တစ်ဆင့်တိုက်တွန်း လိုက်ပြီး အောက်ခြေလူတန်းစားများ၏ မသိနားမလည်မှုကိုအခွင့်ကောင်း ယူကာဖွင့်လှစ်ထားသည့် ဆေး ခန်းများဖြစ်ကြောင်း၊ တာဝန်ယူ မှု၊ တာဝန်ခံမှုမရှိကြောင်း၊ တရုတ် တိုင်းရင်းဆေးစည်းခဲ့သည့်အ တွက် ဒုက္ခိတဖြစ်ခဲ့သည့် မိသားစု ကပြောသည်။

Yangon Media Group