ရန်ကုန်မြစ်တစ်လျှောက် မွန်းကျပ်မှုတွေ ဖြေလျှော့မယ်

ပို့စ်တင်ချိန် - 11/17/2013 03:22:00 PM


အလုပ်များပြီး ကားကျပ်လူကျပ်နဲ့ ဆူညံနေတဲ့ မြို့ပြ အငွေ့အသက်ကနေ ခဏထွက်ပြီး အပန်းဖြေချင်နေတဲ့ လူတွေအတွက်၊ မြို့ပြ မွန်းကျပ်မှုတွေကနေ ခဏတာ ရုန်းထွက်ပြီး စိတ် အညောင်းအညာတွေ၊ စိတ်ဖိစီးမှုတွေကို ဖြေလျှော့ ကြည့်လိုသူတွေအတွက် ခရီးစဉ် အတိုလေးတစ်ခုကို ညွှန်ပေးလိုက်တယ်။ ရန်ကုန် မြစ်ကမ်းတစ်လျှောက် အပျော်စီး သင်္ဘောစီးပြီး နေဝင်ဆည်းဆာ ကြည့်နိုင်မယ့် အပြင် လေပြေလေညှင်းရဲ့ အငွေ့အသက်တွေနဲ့ စိတ်လန်းဆန်း သွားအောင် ပြုလုပ်နိုင်ပါလိမ့်မယ်။ ရန်ကုန် မြစ်ကမ်းတစ်လျှောက် Royal Green River သုံးထပ်ဇိမ်ခံ အပျော်စီးသင်္ဘော စီးပြီး နေဝင်ဆည်းဆာ အချိန်ကို သွားရောက် ကြည့်ရှုနိုင်မယ့် ခရီးစဉ်လေး ဖြစ်ပါတယ်။

ဒီအစီအစဉ်လေးကိုတော့ စနေ၊ တနင်္ဂနွေ ရက်တွေမှာ သွားရောက်နိုင်မှာ ဖြစ်ပြီး ဗိုလ်တထောင်ဆိပ်ခံ ဘောတံတားကနေ ညနေ ၄ နာရီခွဲမှာ စထွက်မှာ ဖြစ်ပြီး ကြာမြင့်ချိန်ကတော့ နှစ်နာရီမို့ ၆ နာရီခွဲလောက် ပြန်ရောက်မှာပါ။

ဗိုလ်တထောင် ဆိပ်ကမ်းကနေ ရန်ကုန်မြစ်ဝအထိ ပြေးဆွဲမှာ ဖြစ်ပါတယ်။
အဆိုပါ ခရီးစဉ်ကို လိုက်ပါလိုသူတွေ အနေနဲ့ တစ်ဦးကို ကျပ် ၂၀,၀၀၀ ကျသင့်မှာ ဖြစ်ပြီး သတ်မှတ်ထားတဲ့ စားသောက်ဖွယ်ရာ တွေကိုလည်း တည်ခင်း ပါသေးတယ်။ နေဝင်ဆည်းဆာ ကြည့်ရှုမည့် ခရီးစဉ်သာမကဘဲ မွေးနေ့ပါတီများ ကျင်းပခြင်း၊ စေ့စပ်လက်စွပ် လဲလှယ်ခြင်းများ၊ ကုမ္ပဏီများ သဘာတူစာချုပ် ရေးထိုးခြင်း ကိစ္စများကိုလည်း သင်္ဘောစီးရင်း မြစ်ကြောင်း တစ်လျှောက် ပြုလုပ်နိုင်မည် ဖြစ်ပြီး ခရီးရှည်၊ ခရီးတို အမျိုးအစား များကိုလည်း စင်းလုံးငှား စနစ်ဖြင့် ပြေးဆွဲပေးမှာ ဖြစ်တယ်လို့ ဆိုတယ်။

ဒီ Royal Green River သင်္ဘောမှာ Mini Bar၊ နှစ်ယောက်အိပ်ခန်း ရှစ်ခန်း၊ ရေချိုးခန်းတို့ ပါဝင်တာ ဖြစ်ပြီး TV, Wifi အခမဲ့ အသုံးပြုနိုင်ပါတယ်။

စင်းလုံးငှားမယ့် ဈေးနှုန်းတွေကိုတော့ ခရီးစဉ်နဲ့ လူဦးရေပေါ် မူတည်ပြီး ညှိနှိုင်း ဆောက်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ ဆိုတယ်။ အသေးစိတ် သိရှိချင်တယ်ဆို Royal Green River ကုမ္ပဏီ ဖုန်း- ၀၁-၅၀၅၈၃၈၊ ၀၉-၃၃၃၅၇၅၂၅၊ ၀၉-၂၅၀၀၈၆၅၇၁ ကို ဆက်သွယ်ရမှာ ဖြစ်တယ်လို့ ဆိုတယ်။
The Voice Weekly