ဂျပန်ရောက် မြန်မာများ စုပေါင်းပြီး မြန်မာပွဲတော်ကျင်းပ

ပို့စ်တင်ချိန် - 11/17/2013 01:02:00 PM


ဂျပန်ရောက်မြန်မာများ စုပေါင်းပြီး နိုဝင်ဘာလ (၁၇)ရက်နေ့တွင်
တိုကျိုမြို့ရှိ Zoujyouji Temple တွင် မြန်မာပွဲတော်တစ်ခု
ကျင်းပကြပါသည်။ အဆိုပါပွဲတော်တွင် မြန်မာနိုင်ငံသား တိုင်းရင်းသား
များအပြင် ဂျပန်နိုင်ငံသားများလည်း လာရောက်လည်ပတ်ကြသည်။
ဖိတ်စာနှင့်တကွ လာရောက်ကြရပြီး ၀င်ကြေးအခမဲ့ သတ်မှတ်ကာ
မြန်မာအစားစာ ကုန်ပစ္စည်းများနှင့် အစားသောက်များကိုလည်း
ရောင်းချကြောင်း သိရသည်။

The Myanma Age