ဥရောပ ရင်းနှီးမြှုပ်နှံသူများ တာဝန်ယူမှုကို မမေ့ရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး

ပို့စ်တင်ချိန် - 11/17/2013 01:33:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၁၄။

မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံမည့် ဥရောပမှ လုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံမှုကိုတစ်ခုထဲ မကြည့်ဘဲ တာဝန်ယူမှုကိုပါ မမေ့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ရှင်တို့ကလဲ အကျိုးအမြတ်လိုချင်သလို၊ ကျွန်မတို့ ပြည်သူတွေကလဲ ဖွံ့ဖြိုးတိုးတက်မှုကိုလိုလားပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံသူများသည် လူမှုတာဝန်သိမှုကို မမေ့ဘဲ ရင်းနှီးမြှုပ်နှံရန် ဥရောပစီးပွားရေး လုပ်ငန်းရှင်များကို မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံးတွင် ယနေ့နံနက် ၉နာရီက ကျင်းပသည့် အီးယူ-မြန်မာ ပူးပေါင်းဆောင်ရွက်မြှင့်တင်ရေး ဆွေးနွေးပွဲမှ စီးပွားရေးဖိုရမ်တွင် ဥရောပလုပ်ငန်းရှင်များသို့ တိုက် တွန်းပြောကြားခြင်းဖြစ်သည်။

ရင်းနှီးမြုတ်နှံမှုများမှာ မှန်ကန်သောရင်းနှီးမြုတ်နှံမှုများ ဖြစ်ရန်လိုပြီး အကျိုးအမြတ်တစ်ခုတည်းသာ ကြည့်၍ မရဘဲ လူမှုတာဝန်သိမှုများ ပါဝင်ရန်လိုအပ်ကြောင်း ၎င်းကပြောကြားသည်။

ဥရောပ မှရင်းနှီးမြုတ်နှံသူများအနေဖြင့် မြန်မာနိုင်ငံ တွင် နိုင်ငံတကာစံချိန်စံနှုန်များနှင့်အညီ တိကျမှန်ကန်
သောလမ်းကြောင်းအတိုင်း လုပ် ဆောင်သွားရန် လိုအပ်ပြီး ယင်းကဲ့သို့မလုပ်ဆောင်နိုင်ပါက နာမည်ဆိုး
ကျန်ခဲ့မည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ တာဝန်သိစီးပွားရေး လုပ်ငန်းများ အဖွဲ့မှ ဒါရိုက်တာ ရစ်ကီက တိုက်တွန်းပြောကြားသည်။

မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံးတွင် ယနေ့နံနက် ၉နာရီက ကျင်းပသည့် အီးယူမြန်မာ ပူးပေါင်းဆောင်ရွက် မြှင့်တင်ရေး ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဥရောပသမဂ္ဂမှ အကြီးအကဲများ၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း အပါအဝင် မြန်မာ့စီးပွားရေး ပညာရှင်များ ၊စီးပွားရေး လုပ်ငန်းရှင်များ ဥရောပ နိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင် အများအပြားတက်ရောက် ခဲ့သည်။

ရေးသားသူ-ဥာဏ်လင်းထက်၊ မင်းသူရ
တည်းဖြတ်သူ-နီတိုး

People power