လှိုင်သာယာမြို့နယ်တွင် လိုင်းကား (၂)စီးတိုက်မိ၍ ခရီးသည် (၉)ဦး ဒဏ်ရာရ

ပို့စ်တင်ချိန် - 11/17/2013 01:21:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၁၇

၁၆.၁၁.၂၀၁၃ရက်နေ့ ၁၉၃၀အချိန်တွင် လှိုင်သာယာမြို့နယ်၊
ရန်ကုန်-ပုသိမ်လမ်းအတိုင်း အနောက်မှအရှေ့သို့ ယာဉ်မောင်း
မြ၀င်း(ဘ)ဦးလှဦး၊ (၂၀)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူ
မောင်းနှင်လာသော ၃က/----၊တိုယိုအေ့အပြာရောင်၊ အမှတ် (၁၁၀)အ၀ါလိုင်းယာဉ်သည် ဘုရင့်နောင်တံတားဖြတ်သန်းခ
ကောက်ခံရေးဂိတ်အရောက်တွင် ၄င်းရှေ့မှ ယာဉ်မောင်း ဦးခင်ထွန်း(ဘ)ဦးစိုးမြင့်၊ ကုလားကြီးစုကျေးရွာ၊ လှိုင်သာယာမြို့နယ်
နေသူ မောင်းနှင်လာသော ၃င/----၊ ဟွန်းဒိုင်းအပြာရောင်၊
မေတ္တာလှိုင်း(၄)ယာဉ်အား နောက်မှဝင်တိုက်မိပြီး ၃က/----ယာဉ်မှာ ဆက်လက်၍ လမ်းလယ်ဘလောက်တုံးနှင့် တံတားဖြတ်သန်းခ
ကောက်ခံရေးအဆောက်အဦအား တိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း မြ၀င်းတွင် ယာခြေသလုံးနှင့် ၀ဲပေါင်တို့တွင်ဖူးယောင်စုတ်ပြဲ ဒဏ်ရာများနှင့် မြ၀င်း၏ယာဉ်ပေါ်တွင်
လိုက်ပါလာသည့် ခရီသည် မနီလာကျော်ပါ (၉)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့ကြသဖြင့် လှိုင်သာယာဆေးရုံနှင့် အင်းစိန်ဆေးရုံတို့တွင် အတွင်း/အပြင်လူနာများ(မစိုးရိမ်ရ)အဖြစ်
ဆေးကုသမှုခံယူနေကြရသောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ
မြ၀င်းအား လှိုင်သာယာမြို့မရဲစခန်းယာဉ်(ပ)၁၃၀/၂၀၁၃၊
ပုဒ်မ ၂၇၉/၃၃၇/၃၃၈ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်
ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police