တမူးခရိုင် မြို့သစ်မြို့နယ်ခွဲ အောင်ဇေယျကျေးရွာ၌ ပေါက်ကွဲမှုနှစ်မှုဖြစ်ပွား

ပို့စ်တင်ချိန် - 11/22/2013 11:02:00 AM


တမူး နိုဝင်ဘာ ၂၁

နိုဝင်ဘာ ၂၁ ရက် နံနက် ၁ နာရီ ၅မိနစ်ခန့်တွင် တမူးခရိုင်မြို့သစ်မြို့နယ်ခွဲ အောင်ဇေယျကျေးရွာ ဒေါ်ဝင်းတင် (၄၂ နှစ်)၏ သွပ်မိုးပျဉ်ကာနေအိမ်နှင့်တွဲလျက် သွပ်မိုးအဖီဆွဲ ဈေးဆိုင်နှင့် ၎င်းအိမ်၏မျက်နှာချင်းဆိုင် တမူး-စေတီသွားကားလမ်းရှေ့ရှိ ဒေါ်ဝင်းတင်၏မိခင်ဖြစ်သူ ဒေါ်ပု(၇၅ နှစ်)၏ သွပ်မိုး၊ ပျဉ်ကာနေအိမ်ပေါ်တက်ရန် ပျဉ်ခင်းထားသည့် နေရာတို့တွင် ပေါက်ကွဲမှုတစ်ခုစီ ဖြစ်ပွားခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ဒေါ်ဝင်းတင်၏ ဈေးဆိုင်ရှိ စားပွဲဝိုင်းတစ်လုံး၊ ဖိုက်ဘာခုံငါးလုံး၊ နေအိမ်ပြတင်းပေါက် မှန် ရှစ်ချပ်၊ ဈေးဆိုင်အမိုးသွပ်ပြားတစ်ချပ်နှင့် ဒေါ်ပု၏နေအိမ်ပေါ်တက်ရန် ခင်းထားသည့်ပျဉ်ချပ်များ အနည်း ငယ်ပျက်စီးခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ကြောင်း သိရသည်။
စုံစမ်းသိရ
ပေါက်ကွဲမှု့နှစ်ခုမှာ အမည်မသိလက်နက်ကိုင် သုံးလေးဦးခန့်က လက်ပစ်ဗုံးတစ်လုံးစီဖြင့် ပစ်ပေါက်ခဲ့သော ကြောင့် ပေါက်ကွဲမှုဖြစ်ပွားရခြင်းဖြစ်ပြီး ဒေါ်တင်ဝင်း၏ နေအိမ်တောင်ဘက်လမ်းမှ အနောက်ဘက်သို့ ထွက် ပြေးသွားကြောင်း စုံစမ်းသိရှိရ၍ ၎င်းတို့ထွက်ခွာသွားသည့် နောက်သို့ နယ်မြေခံတပ်ရင်းမှ လုံခြုံရေးတပ်ဖွဲ့နှင့် အောင်ဇေယျရဲကင်းမှ အဖွဲ့ ပူးပေါင်း၍ လိုက်လံရှင်းလင်းခဲ့ရာ ပေါက်ကွဲမှုဖြစ်သည့် နေရာ ပတ်ဝန်းကျင်တွင် အိမ်ရိုက်သံနှင့် အခြားသံတိုသံစများသာ ရှာဖွေစိစစ်တွေ့ရှိရသဖြင့် တစ်ဖက်နိုင်ငံ ကူကီးသောင်းကျန်းသူများ အသုံးပြုလေ့ရှိသော လက်လုပ်မိုင်း ဖြစ်နိုင်ကြောင်း သက်ဆိုင်ရာမှ စိစစ်တွေ့ရှိရသည်။
အခင်းဖြစ်နေရာ အောင်ဇေယျကျေးရွာသို့ တမူးခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့နှင့် နယ်မြေခံ တပ်ရင်းမှ အဖွဲ့တို့ သွားရောက် စစ်ဆေးခဲ့ကြကြောင်းသိရသည်။
MOI Webportal Myanmar