သာယာဝတီခရိုင်အတွင်း ရေနုတ်မြောင်းနှစ်ခု ပိတ်ဆို့ငါးဖမ်း၍ လယ်သမားများနစ်နာ – ပေးစာ

ပို့စ်တင်ချိန် - 11/22/2013 01:07:00 PM


ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြခတ်ချောင်း ရေနုတ်မြောင်းနှင့် ဖိုးမြရာ ရေနုတ်မြောင်းတို့မှာ တစ်ဆက် တည်း ဖြစ်သော် လည်း မြေပိုင်ခွဲလိုက်သောအခါ ကြခတ်ချောင်း ရေနုတ်မြောင်းမှာ မိုးညိုမြို့နယ် အပိုင်ဖြစ်ပြီး ဖိုးမြရာ ရေနုတ်မြောင်းမှာ လက်ပံ တန်းမြို့နယ် အပိုင်ဖြစ်ပါသည်။ ကြခတ်ချောင်း ရေနုတ်မြောင်းတွင် ရေလုပ်သား လူတစ်စု စားသောက် ရရေးအတွက် ယင်းကာ ပိုပြည့် ဂန်တိုက် မျဉ်းဝန်းတိုက် ငါးဖမ်းခြင်းများ ပြုလုပ်နေသည့် အတွက် လယ်သမား အများစုမှာ ဒုက္ခအတိ ရောက်ရပါသည်။

(၁၀-၉-၂၀၁၃) နေ့တွင် ထိန်တောအုပ်စု အုပ်ချုပ်ရေးမှူးထံ တိုင်ကြားခြင်း၊ ၂၇-၉-၂၀၁၃ နေ့တွင် မိုးညိုမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ငါးလုပ်ငန်းဦးစီးထံ တိုင်ကြားခြင်း (၂၉-၉-၂၀၁၃) ခုနှစ်တွင် မိုးညိုမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ငါးလုပ်ငန်း ဦးစီးမှူးထံသို့ ထပ်မံတိုင်ကြားခြင်းနှင့် ၎င်းနောက် ထိန်တော ရဲစခန်းမှူးမှ ငါးဖမ်းလိုင်စင် အခွန်ဆောင် ချလံအား ဦးတင်ဝင်းထံမှ တောင်းယူသော်လည်း ယနေ့အထိ မရပါ။ ၂-၁၀၂၀၁၃ နေ့တွင် မိုးညိုမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ငါးလုပ်ငန်း ဦးစီးမှူး မြေစာရင်းရုံးတို့ကို ထပ်မံ၍ တိုင်ကြားပါသည်။ …

၁၅-၁၀-၂၀၁၃ နေ့တွင် မိုးညိုမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးညီညီဇော်နှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဒုဦးစီးမှူး ဦးနိုင်ဝင်းထွန်း၊ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်းတို့က ကွင်းဆင်းပြီး ဦးသန်းထွန်းပိုင် လယ်မြေ ဒေါ်ကြူကြူ အမည်နှင့် လယ်ပြေစာ ကွင်းအမှတ် (၄ခ)၊ ဦးပိုင်အမှတ် (၆/၆) နှင့် (၀/၄) ဧက (၇ ဒသမ ၅၆) အား ကွင်းဆင်း စစ်ဆေးပြီး သက်သေခံအဖြစ် ဓာတ်ပုံများ ရိုက်ကူးယူသွားပါသည်။ မြို့နယ်အဖွဲ့များမှ နောက်နောင် ရေလုပ်သားများ ထပ်မံပြုလုပ်ပါက အချိန်မီလာရောက် ပြောကြားနိုင်ကြောင်း ပြောကြားသွားပြီး ပြန်သွားပါသည်။ ၂၆-၁၀-၂၀၁၃ နေ့တွင် ရေလုပ်သားများမှာ မူလအတိုင်း ထပ်မံ ပြုလုပ်ထားသဖြင့် မိုးညို မြို့နယ် ငါးလုပ်ငန်း ဦးစီးမှူး ဦးညီညီဇော်ထံ တိုင်ကြားသောအခါ အမြန်ဖြေရှင်း ပေးမည်ဟု ပြောသော်လည်း ယနေ့အထိ ထူးခြားမှုမရှိပါ။ ၂၉-၁၀-၂၀၁၃ နေ့တွင် တောင်သူ လယ်သမားများက မခံမရပ်နိုင် ဖြစ်သဖြင့် လယ်သမား စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုးလွင်မိုး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး နယ်မြေမှူး ဦးမျိုးနိုင်၊ ဆယ်အိမ်မှူးများနှင့် ကွင်းဆင်းပြီး သက်သေခံအဖြစ် တောင်သူ လယ်သမားများက မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူး ထားပါသည်။ နိုင်ငံတော်၏ စီမံကိန်းဝင် ဖြစ်သော တောင်သူ လယ်သမားများ၏ စပါးများမှာ ရိတ်သိမ်းလုဆဲဆဲမှာ ရေနစ်မြုပ်ခြင်း ခံနေရပါသည်။

ဦးအောင်ကျော်သန်း