ဈေးဝယ်သည့်အခါအသုံးများသော အင်္ဂလိပ်စကားစုများ

ပို့စ်တင်ချိန် - 11/22/2013 11:02:00 AM


ဘယ်နိုင်ငံမှာမဆို အင်္ဂလိပ်စကားတတ်ရင် အပြင်ထွက်ပြီး ဈေးဝယ်လို့ရတတ်ပါတယ်။ စကားမတတ်လည်း ၀ယ်ချင်တဲ့ပစ္စည်းကို လက်ညှိးထိုးပြပြီး ၀ယ်လို့ရပေမယ့် အောက်မှာဖော်ပြထားတဲ့ အသုံးဝင်တဲ့ စကားစုအချို့ကို လေ့လာထားခြင်းအားဖြင့် ဈေးဝယ်ရတာ အများကြီးပိုပြီး လွယ်ကူသွားတတ်ပါတယ်။ တစ်ခုခုပြပါလို့ ပြောချင်ရင်အောက်ဖော်ပြပါစကားစုတွေကိုသုံးနိုင်ပါတယ်။
Can you show me the…, please.
ကျေးဇူးပြု၍……ကို ပြပေးနိုင်မလား။
Could you show me the …, please.
ကျေးဇူးပြု၍……ကို ပြပေးလို့ရမလား။
Would you be so kind to show me the…, please.
ကျေးဇူးပြု၍……ကို ပြပေးပါနော်။
I’d like to see the…, please.
ကျေးဇူးပြု၍……ကို ကြည့်ချင်ပါတယ်။

စမ်းဝတ်ကြည့်ချင်ရင်တော့ အခုလို ပြောနိုင်ပါတယ်။
Can I try it/them on, please ?
ကျေးဇူးပြုပြီး ဒီဟာ(တွေ)ကို စမ်းဝတ်ကြည့်လို့ရမလား။
Could I try it/them on, please ?
ကျေးဇူးပြုပြီး ဒီဟာ(တွေ)ကို စမ်းဝတ်ကြည့်လို့ရမလားခင်ဗျာ^ရှင်။
Is it ok if I try this/these on ?
ဒါ(တွေ)ကိုစမ်းဝတ်ကြည့်လို့ ဖြစ်ပါတယ်နော်။
Where can I try it/them on ?
ဘယ်နေရာမှာ စမ်းဝတ်ကြည့်ရမလဲ။
Where are the changing rooms, please ?
အ၀တ်လဲတဲ့အခန်းကဘယ်မှာလဲ။

အရွယ်မတူတဲ့ ဒါမှမဟုတ် အရောင်မတူတဲ့အ၀တ်အစားတွေကို လိုချင်လို့ရှိရင် အောက်ဖော်ပြပါ စကားစုတွေကို သုံးပြီး မေးနိုင်ပါတယ်။
Do you have it/them in size … ?
……ဆိုဒ်နဲ့ရှိသလား။
Can I try the larger/smaller one(s), please ?
ဒီထက်နည်းနည်းကြီးတာလေး/သေးတာလေး စမ်းဝတ်ကြည့်လို့ရမလား။
Do you have it /them in different colour, please?
အခြားအရောင်မရှိဘူးလား။

ဝယ်တော့မယ်လို့ ဆုံးဖြတ်တဲ့အခါ ဒီလိုပြောနိုင်ပါတယ်။
Wow, this one is great, I’ll take it!
ဟာ၊ ဒီဟာကတော်တော်ကောင်းတာဘဲ၊ ဒါဘဲယူပါမယ်။
I’ll have this one, please!
ကျေးဇူးပြုပြီး ဒီဟာယူချင်ပါတယ်။
Can I buy the…
……၀ယ်လို့ရမလား။
How much is/ are the… I’d like to buy it/them.
…… က ဈေးဘယ်လောက်ရှိပါသလဲ။ ၀ယ်ချင်ပါတယ်။


http://www.commonenglishphrases.com မှ Marina Educo11 ၏ Common English Phrases for Buying ကိုမှီငြမ်းထားပါသည်။
British Council Myanmar