ရှားပါးလိပ်မျိုးကို ဟန်ဘာဂါပုံယောင်ဆောင်ပြီး ခိုးထုတ်တဲ့လူ

ပို့စ်တင်ချိန် - 11/22/2013 11:03:00 AM


တရုတ်နိုင်ငံက မစ္စတာလီ လို့ခေါ်တဲ့ သူတစ်ယောက်ဟာ ကွမ်ကျိုး နိုင်ငံတကာ လေဆိပ်ကနေထွက်ခွာဖို့ အစစ်ဆေးခံစဉ်မှာ KFC အိတ်နဲ့ထုတ်ထားတဲ့ ဟမ်ဘာဂါတစ်လုံးကို စစ်ဆေးတွေ့ရှိပြီးတော့ ဟမ်ဘာဂါဟာ လှုပ်နေတာကြောင့် စစ်ဆေးသူတွေက ဖွင့်ကြည့်တဲ့အခါမှာ ခရမ်းချဉ်သီးတွေ၊ဆလပ်ရွက်တွေနဲ့ ပတ်ထားတဲ့ လိပ်ကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။သူဟာ လိပ်ကိုမေ့ဆေးပေးထားတာဖြစ်ပြီး မေ့ဆေးပေးထားတာနည်းသွားတာကြောင့် လိပ်နိုးလာတာဖြစ်တယ်လို့ သူကဆိုပါတယ်။ဒီလိုနည်းနဲ့ လိပ်မျိုးတွေကို အကြိမ်ကြိမ်သယ်ယူဖူးပြီး အခုမှ ဖမ်းမိတာဖြစ်ပါတယ်တဲ့။

မောင်စိုင်း(ကနောင်)
Scientist Myanmar