နိုင်ငံခြားခရီးသည်ဝင်ထွက်မှုအများဆုံး ပုဂံ၊ ညောင်ဦးနှင့် ဟဲဟိုးလေဆိပ်များ အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် တိုးမြှင့်မည်မဟုတ်

ပို့စ်တင်ချိန် - 11/22/2013 05:22:00 PM


[ အောင်သူ (ဒေးဒရဲ ) ရန်ကုန် ၊ နိုဝင်ဘာ ၂၁ ]

နိုင်ငံခြား ဧည့်သည် အများဆုံးအဝင်အ ထွက်ရှိသည့် ပုဂံ၊ ညောင်ဦးနှင့် ဟဲဟိုးလေဆိပ်ကို အပြည်ပြည် ဆိုင်ရာလေဆိပ်များအဖြစ် ဆောင်ရွက်ရန် အစီအစဉ်မရှိ ကြောင်း လေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန် ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း ကပြောသည်။
အဆိုပါ လေဆိပ်များသို့ မန္တလေးအပြည်ပြည်ဆိုင်ရာလေ ဆိပ်နှင့် နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်တို့မှ ပျံသန်းမည် ဆိုပါက မိနစ်အနည်းငယ်သာ ကြာမြင့်မည် ဖြစ်သောကြောင့် ယင်းလေဆိပ်များကို အပြည်ပြည် ဆိုင်ရာလေဆိပ်များအဖြစ် မြှင့် တင်သွားမည်မဟုတ်ကြောင်း လေ ကြောင်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနမှ သိရသည်။

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ''ကျွန်တော်တို့အနေနဲ့ အပြည် ပြည်ဆိုင်ရာလေဆိပ်အဖြစ် ပြောင်း လဲဖို့ဆိုတဲ့နေရာမှာ နေရာတွေ ကြည့်ရတယ်။ ပထဝီအနေအ ထားတွေ၊ နောက်ပြီး နိုင်ငံခြား သားဝင်ရောက်မှု စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ ဒါတွေကြည့် ပြီးတော့မှ အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် ပြောင်းလဲလို့ဖြစ် နိုင်တယ်။ ပုဂံ-ညောင်ဦးလေဆိပ် နဲ့ဟဲဟိုးလေဆိပ်ကတော့ ဘယ် သောအခါမှ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖြစ်လာမှာမဟုတ်ဘူး''ဟု ပြောသည်။

လက်ရှိတွင် ပြည်တွင်းလေ ဆိပ်များကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန်အတွက် ပုဂ္ဂလိကအ ခန်းကဏ္ဍများပါဝင်လာသော် လည်း ယင်းလေဆိပ်များအား အပြည်ပြည်ဆိုင်ရာလေဆိပ်အ ဖြစ် အဆင့်မြှင့်တင်သွားရန်ရည် ရွယ်ချက်မရှိကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာ နဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းကပြောသည်။

ဦးဝင်းဆွေထွန်းက''လက် ရှိ ရှိနေတဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခုဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ နောက် အသစ်ဆောက်နေတဲ့ ဟံသာဝ တီလေဆိပ် ဒီလေးခုသာအပြည် ပြည်ဆိုင်ရာလေဆိပ်အဖြစ်တည် ရှိနေမှာပါ။ နောက်လက်ရှိဝင် ရောက်နေတဲ့ခရီးသွားအရရယ် နောင်လာမယ်လို့ မျှော်မှန်းထား တဲ့အရေအတွက်အရ နောက် ထပ်အပြည်ပြည်ဆိုင်ရာ လေဆိပ် အဖြစ်တည်ဆောက်ရန်မလိုဘူး'' ဟုပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင် လေယာဉ်ကွင်းပေါင်း ၆၉ကွင်း ရှိပြီး ပုံမှန်ပျံသန်းဆင်းသက်သည့် လေယာဉ်ကွင်း ၃ဝကျော်ရှိသည်။
Yangon Media Group