တိုက်ကြီးမြို့နယ်တွင် အရက်မူးလွန်ကာ နေအိမ်အားမီးရှို့

ပို့စ်တင်ချိန် - 11/22/2013 03:27:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၂၂

၂၂.၁၁.၂၀၁၃ရက်နေ့ ၀၈၅၀အချိန် တိုက်ကြီးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ တိုက်ကြီးမြို့နယ်မီးသတ်ဦးစီးမှူးနှင့်အဖွဲ့တို့သည် တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်၊ လိမ္မော်ခြံလမ်းရှိ နေအိမ်တစ်အိမ် မီးလောင်နေကြောင်း သတင်းအရသွားရောက်ခဲ့ရာအဆိုပါလမ်းရှိ ဒေါ်ကြုံဟွမ်(ဘ)ဦးကျော်ရှိန်နှင့်
သားဖြစ်သူ ဇော်ညွန့်(ခ)ပေါက်စီ (ဘ)ဦးဝမ်ကြားရှီ တို့နေထိုင်သော
လေးပင်၊ သုံးခန်း၊ ဓနိမိုး၊ထရံကာမြေစိုက်နေအိမ်အားမီးလောင်နေသည်ကို
တွေ့ရှိရပြီး ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၀၉၁၅အချိန်တွင်မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါနေအိမ်မီးလောင်မှုနှင့်ပတ်သက်၍စစ်ဆေးရာသားဖြစ်သူ
ဇော်ညွန့်(ခ)ပေါက်စီသည် အရက်မူးလွန်ပြီး နေအိမ်ခန်းအတွင်းရှိ အ၀တ်ပုံအား ဂတ်(စ်)မီးခြစ်ဖြင့်မီးရှို့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး မီးလောင်မှုကြောင့် တန်ဘိုးငွေကျပ်(၃၂၀၀၀၀)ခန့်ဆုံးရှုံးခဲ့ကာ မီးရှို့သူ ဇော်ညွန့်(ခ)ပေါက်စီအား တိုက်ကြီးမြို့မရဲစခန်း(ပ)၃၆၀/၂၀၁၃၊ ပုဒ်မ ၄၃၆ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police