ယနေ့ Boxing Day ပါ။ လက်ဝှေ့ထိုးတဲ့နေ့မဟုတ်ဘူးနော်

ပို့စ်တင်ချိန် - 12/26/2013 02:39:00 PM



ခရစ်စမတ်ပွဲတော်ကြီးကိုကျင်းပတဲ့ ဒီဇင်ဘာလ၂၅ရောက်ပြီး နောက်တစ်ရက်ဖြစ်တဲ့ ဒီဇင်ဘာလ ၂၆(ယနေ့)ကို Boxing Day ဟုသတ်မှတ်ပါသည်။

Boxing လို့ပြောတာက လက်ဝှေ့ကိုပြောတာမဟုတ်ပါဘူး။ Box လို့ခေါ်တဲ့ဘူးကလေးကိုပြော တာပါ။ Christmas Box လို့လဲခေါ်ပါတယ်။ ခရစ်စမတ်ပွဲတော်ပြီးနောက်တစ်ရက်မှာ သူဌေး သို့မဟုတ် အလုပ်ရှင်ကသူ့ဝန်ထမ်းတွေ သူ့အိမ်ကအလုပ်သမားတွေ သူတို့နဲ့အရောင်းအဝယ်လုပ်သူတွေကို လက်ဆောင် လေးတွေကို ဘူးလေးတွေထဲမှာလှလှပပထုတ်ပိုးပြီးပေးတာပါ။ ဘဏ်ပိတ်ရက်လည်းဖြစ်ပါတယ် United Kingdom ၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်၊ တောင်အာဖရိကနဲ့ မော်လတာအပါအဝင် ဓနသဟာရဝင် နိုင်ငံအတော်များများမှာ ကျင်းပကြပါတယ်။ ဩစတြေးလျနိုင်ငံမျာဆိုရင် အစိုးရရုံးပိတ်ရက်ပါ။

တောင်အာဖရိကနိုင်ငံမှာ Boxing Day ကို Day of Goodwill၊ အိုင်ယာလန်မှာ St.Stephen's Day၊ ဂျာမနီ၊ ပိုလန်၊ နယ်သာလန်အပါအဝင်ဥပရောပနိုင်ငံအတော်များများမှာ ခရစ်စမတ်ရဲ့ဒုတိယနေ့လို့ ခေါ်ကြပါတယ်။ မိသားစုတွေ shopping ထွက်ကြတဲ့နေ့လည်းဖြစ်ပါတယ်။

တစ်ချို့တွေနောက်ပြောင်ပြီးပြောကြသလို ခရစ်စမတ်ပွဲတော်မှာ အပျော်ကျူးအကုန်အကျများပြီး နောက်နေ့မှာလင်မယားတွေ Boxing ချကုန် ကြတဲ့ရက်ဆိုတာမဟုတ်ပါဘူး။

သူလဲထူးမြတ်တဲ့နေ့ရက်တစ်ခုပါ။

The Mirror Daily