လေယာဉ်ခရီးသွားအပြီး အိပ်ရေးမပျက်ရအောင်

ပို့စ်တင်ချိန် - 12/26/2013 10:45:00 PM


စိတ်ဖိစီးမှုများကို အိမ်မှာထားခဲ့ပါ။
ခရီးသွားသည့်အခါ အိပ်ရေးပျက်ခြင်းကြောင့် ဖိစီးမှုဟော်မုန်းများ ပိုထွက်ပြီး ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေသည်။ နဂိုကတည်းက စိတ်ဖိစီးနေလျှင် အိပ်ရေးပျက်သည့်အခါ စိတ်ဖိစီးမှု ပိုဖြစ်စေသည်။
ရေများများသောက်ပါ။
အမြင့်ပေ များများ၌ ပျံသန်း ခရီးသွားခြင်းသည် ရေဓာတ်ခန်း ခြောက်စေပြီး နွမ်းနယ်စေသည်။ အရက်နှင့် ကော်ဖီများသည် ရေဓာတ်ခန်းခြောက်စေပြီး အိပ်ပျော် သည့်ပုံစံကိုပါ ပြောင်းလဲစေသောကြောင့် ခရီးသွားစဉ်ရှောင်ကြဉ်ပါ။
မိမိသွားမည်ဒေသ စံတော်ချိန်ကို မသွားခင်ကတည်းက ကြိုတိုက်ထားပါ။
ကွန်ပျူတာနှင့် လက်ပတ်နာရီ အချိန်များအားလုံး ပြင်ထားပါ။ စံတော်ချိန်ပြောင်းလဲမှုကို ခန္ဓာကိုယ်က အမီမလိုက်နိုင်သေးသော်လည်း နာရီကို မကြာခဏကြည့်ပေးခြင်းဖြင့် ဒေသစံတော်ချိန်အတိုင်း ခန္ဓာကိုယ်ကို အမြန်ဆုံး လိုက်လျောညီထွေဖြစ်စေသည်။
အပူအစပ်အစားများ ရှောင်ပါ။
ပရိုတင်းကြွယ်ဝသော အစားအစာများနှင့် အပူအစပ် အရသာကဲသော အစာများသည် နိုးနိုးကြားကြားဖြစ်စေသည်။ ထို့ကြောင့် ခရီးဝေးသွားပြီး အိပ်ပျော်သင့်သော အချိန်၌ အိပ်မရဘဲ ဖြစ်စေသည်။
ဆူညံသံလျှော့ပါ
ပြင်ပအသံ မ၀င်ရောက်စေမည့် နားကျပ်များတပ်ထားပါ။ သီချင်းတိုး တိုးဖွင့်အိပ်ပါ။
ဗိုက်ဆာလျှင် အောင့်မထားပါနှင့်
ဆာလောင်မှုသည် အိပ်မပျော်စေရန် အနှောင့်အယှက် ပေးသည်။ တစ်ကြိမ်တည်း အမြောက်အမြား မစားဘဲ နည်းနည်းနှင့် ခဏခဏ စားပါ။
အိပ်ဆေးမသုံးပါနှင့်။
အိပ်ဆေးကြောင့် လေယာဉ်ပေါ်တွင် အလွန်အမင်း အိပ်မောကျစေပြီး ခြေထောက်လှုပ်ရှားမှု နည်းသည့်အတွက် သွေးခဲမှု ဖြစ်စေတတ်သည်။
ညဘက်တွင် လေယာဉ်ခရီး မစပါနှင့်။
မိမိအိပ်ပျော်နေကျ ညအချိန်ကို လေယာဉ်ပေါ်အိပ်၍ လိုက်ပါခြင်းဖြင့် နောက်နေ့တွင် လန်းဆန်းနေမည်ဟု ယူဆစရာရှိသော်လည်း ဒေသစံတော်ချိန် ပြောင်းလဲခြင်းကြောင့် နောက်နေ့တွင် မအိပ်နိုင်ဘဲ အိပ်ရေးပျက်တတ်သည်။ အရှေ့ အရပ်သို့ လေယာဉ်ခရီးသွားပါက လေယာဉ်ခရီးစဉ် နေ့ခင်းဘက်ပြီး ဆုံးမည့် လေယာဉ်လိုင်းကို ရွေးချယ်ပါ။ အနောက်အရပ်သို့ ခရီးသွားပါက မနက်ခင်း လေယာဉ် ပြန်ဆင်းမည့်အချိန်ကို ရွေးချယ်ပါ။

သီဟ
Ref: Men’s Health
Health Updates Journal