လာဘ်ပေးလာဘ်ယူမူ တိုင်ကြားသူများ တရားခံပြန်ဖြစ်မည်ကို စိုးရိမ်

ပို့စ်တင်ချိန် - 12/26/2013 01:50:00 PM


ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ပန်းနီလာ ကျေးရွာတွင် အုပ်ချုပ်ရေးမှူး ဖြစ်သူက စိုက်ပျိုးစရိတ် ချေးငွေ ရသူ လယ်သမားများထံမှ တစ်အိမ်ထောင်ကို ကျပ် ၁၅၀၀ စီ ကောက်ခံခဲ့သည်ဟု ဆိုသည်။

ထိုသို့ ကောက်ခံသည်မှာ နိုင်ငံတော် အစိုးရမှ တိုက်ဖျက်ရန် ကြွေးကြော်နေသော လာဒ်ပေးလာဒ်ယူမူ ဖြစ်သဖြင့် ရွာသားများက အရေးယူ ဆောင်ရွက်ပေးရန် အတွက်  အထက်ကို စာရေးတိုင်ကြားခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့က ပုဏ္ဍားကျွန်းမြို့နယ် ဒုဦးစီးမှူးနှင့် အဖွဲ့မှ တိုင်ကြားသူများ အထဲမှ ဦးအောင်စံရွှေနှင့် နောက်ထပ် ရွာသား ၄ ဦးအား ခေါ်ယူပြီး စစ်ဆေးခဲ့သည်။

ထိုသို့ ခေါ်ယူစစ်ဆေးရာတွက် ရွာသားများအား တရားခံလို ပုံစံမျိုး ခြိမ်းခြောက် စစ်ဆေးခဲ့သဖြင့် ကျေးရွာသားများမှာ လာဒ်ပေး လာဒ်ယူမူကို တိုင်ကြား၍ တရားခံများ ပြန်ဖြစ်မည်ကို စိုးရိမ်နေကြရသည်ဟု သူတို့ ပေးပို့သောစာတွင် ဖေါ်ပြထားသည်။
Burmesenews narinjara