လူသတ်ပြီး အဖမ်းခံရခြင်းသည် ကောလာဟလဖြစ်ဟု ရဲရင့်အောင်ထွက်ဆို

ပို့စ်တင်ချိန် - 12/26/2013 02:15:00 PM




ရန်ကုန်၊ ဒီဇင်ဘာ ၂၅

“လွမ်းလွန်းလို့” သီချင်းပိုင်ရှင်အဆိုတော် ရဲရင့်အောင်သည် Night Club တွင်လူသတ်မှုဖြစ်ပြီး အဖမ်းခံရ သည်ဆိုသည့် ကောလာဟလသည် ဒီဇင်ဘာ ၂၄ ရက် ညပိုင်းတွင် ထွက်ပေါ်လာခဲ့သည်။ ယင်းသို့ထွက် ပေါ်လာခြင်းအပေါ် အဆိုတော်ရဲရင့်အောင်က “အဆိုပါသတင်းသည် မှားယွင်းနေခြင်းဖြစ်ပြီး လူသတ်ဖို့ ထက် ပုရွက်ဆိတ်တစ်ကောင်သတ်မိလျှင် နှစ်ရက်အထိ အိပ်မပျော်သူပါ” ဟု ၎င်း၏ဖေ့စ်ဘွတ်စာမျက် နှာတွင် ပရိသတ်များကို ရှင်းလင်းပြောကြားထားသည်။

“အခုထွက်နေတဲ့သတင်းက မဟုတ် ပါဘူး။ ပထမ လူသတ်တဲ့ပုံနဲ့ တင်လိုက် တယ်။ အဲဒါကို ဘယ်သူမှ မယုံတော့ ရပါတယ်။ တစ်ယောက်ကပဲ တင်လိုက်တာပါ။ ဒီသတင်းက မဟုတ်ပါဘူး။ အခု ကျွန်တော် ဘာမှမဖြစ်ပါဘူး အေးဆေးပါပဲ” ဟု အဆိုတော်ရဲရင့်အောင်က ပြောသည်။

ယင်းသည် ဒီဇင်ဘာ ၂၈ ရက်တွင် ထွက်ရှိမည့် အဆိုတော်သားသားနှင့် အတွဲ သီချင်းအဖြစ် သီဆိုထား သည့် “အမုန်း ဒိုင်ယာရီ” စီးရီးထဲက “ရပါတယ်ထွက်သွားပါ” သီချင်းကို ဂီတပုံစံနှစ်မျိုးဖြင့် အပြောင်း အလဲဖြစ်အောင် သီဆိုထားခြင်းဖြစ်သည်။ ၎င်းသီချင်းကို MTV အဖြစ် အက်ရှင်ပုံစံရိုက်ကူးကာ နောက် ဆုံးရဲဖမ်းသွားသည့် ဟာသပုံစံအဖြစ် ဇာတ်လမ်းဆင်ရိုက်ကူး ထားခြင်းမှ လူသတ်နေသည့်ပုံနှင့် ရဲဖမ်း သွားသည့်ပုံကို တင်လိုက်ခြင်းဖြစ်သည်။

အဆိုတော်ရဲရင့်အောင်သည် လားရှိုးတွင် သီချင်းဆိုခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၅ ရက်တွင် ရန်ကုန်သို့ပြန် ရောက်ပြီး ဒီဇင်ဘာ ၂၇ ရက်တွင် မကွေးမြို့၌ ထပ်မံသီချင်း သွားဆိုမည်ဖြစ်သည်။ ယခုထွက်ပေါ်လာ သည့်သတင်းများကြောင့် နယ်တွင်သီချင်းဆိုခဲ့သည့် ရဲရင့်အောင်သည် ပွဲစီစဉ်သူများနှင့် ယင်းကိစ္စကို ရှင်းလင်းရသည်အထိ ဖြစ်ပွားခဲ့ကြောင်း မဇ္ဈိမသို့ပြောသည်။

ယင်းအပြင် ထိုကိစ်္စကို မသိကြသူများ၊ ပရိသတ်များ၏ ဖုန်းဆက်မေးမြန်းချက်များ၊ ဖေ့စ်ဘွတ်တွင် မေး မြန်းမှုများကိုလည်း ဖြေရှင်းနေရကြောင်း ထပ်မံပြောကြားလိုက်သည်။ ယခုလို ကောလာဟလမထွက်ခင် အချိန် တွင် ယင်း၏နာမည်ဖြင့် ဖေ့စ်ဘွတ်အ ကောင့်အတု ထွက်ပေါ်ခဲ့ခြင်းကြောင့် ပရိသတ်များ အထင် အမြင် မလွဲရန်အတွက် လည်း ရှင်းလင်းမှုများရှိခဲ့သည်။

ယင်းသည် “ငါ့နေရာ” တေးသီချင်း ဖြင့် ပရိသတ်ကြား စတင်ရောက်ရှိခဲ့ပြီး အတွဲခွေများတွင်လည်း ပါဝင် သီဆိုခဲ့ခြင်းဖြစ်ကာ “လွမ်းလွန်းလို့” VCD တွင် ဟာသသရုပ် ဆောင်ကျင်ဝှက်ကို ထည့်သွင်းရိုက်ခဲ့ခြင်း ကြောင့် လူငယ်ပရိသတ်များ ကြိုက်နှစ်သက် ခြင်းကို ရရှိခဲ့သည်။

အဆိုတော်ရဲရင့်အောင်သည် နယ်များတွင် ရှိုးပွဲများသီဆိုနေပြီး ဒီဇင်ဘာ ၂၈ ရက်၌ “အမုန်းဒိုင်ယာရီ DVD အခွေအတွက် အဆိုတော်သားသားနှင့်အတူ Junction Square Outdoor တွင် ညနေ ၆ နာရီမှ စတင်ကာ ပရိသတ်များဖြင့် တွေ့ဆုံပြီး လက်မှတ်ရေးထိုးရောင်းချမည်ဖြစ်သည်။ ယင်းအပြင် ဒီဇင်ဘာ ၃၁ ရက်တွင် မျှော်စင်ကျွန်းတွင်ပြုလုပ်မည့် Beach party တွင်လည်း သီချင်းဆိုမည်ဖြစ်သည်။

၎င်းသည် ရွှေ FM ၏ လေးနှစ်ပြည့် အခမ်းအနားတွင် “လွမ်းလွန်းလို့” သီချင်းဖြင့် ပရိသတ်တောင်းဆိုခြင်း အများဆုံးဆုကို ပိုင်ဆိုင်ခဲ့သူဖြစ်သည်။

Mizzima Burmese