"ချောမော လှပခြင်း" ကို အင်္ဂလိပ်စကားလုံးများဖြင့် ဖွင့်ဆိုပုံ အမျိုးမျိုး

ပို့စ်တင်ချိန် - 2/20/2014 10:47:00 AM



၁) Beautiful = လှပသော
(Stunningly beautiful = အလွန်အမင်း လှပသော)
- She looked stunningly beautiful that night.

၂) Pretty = ချောမောလှပသော
- You look so pretty in that dress.

၃) Elegant = တင့်တယ်လှပသော
- She was tall and elegant.

၎) Gorgeous = အလွန်အမင်း ချောမောလှပသော (စကားပြောတွင်သုံးနိုင်)
- His little sister is a gorgeous girl.

၅) Graceful = ကျက်သရေရှိသော
- The dancers were all tall and graceful.

၆) Stylish=ဖက်ရှင်ကျပြီး ဆွဲဆောင်မှုရှိသော
- She was wearing a stylish black woollen dress.

၇) Attractive = ဆွဲဆောင်မှုရှိသော
- Your new glasses are very attractive.

၈) Good-looking = Attractive
- A good-looking woman dressed in white came into the room.

အထက်ပါ အသုံးအနှုန်းတွေက များသောအားဖြင့် အမျိုးသမီးများ ချောမာ လှပမှုအတွက် ရည်ရွယ် သုံးနှုန်းတာ ဖြစ်ပါတယ်။ အမျိုးသားများ ချောမောပုံကို ပြောရင်တော့ Handsome; Good-looking စသည်ဖြင့် သုံးနှုန်းရကြောင်း ငယ်ငယ်က ကျောင်းမှာသင်ခဲ့ဖူးတာ အမှတ်ရကြမှာပါ။ အလျဉ်းသင့်တဲ့အခါမှာလည်း ဆက်လက်ဖော်ပြပေးသွားပါမယ်။

စဉ်ဆက်မပြတ် အင်္ဂလိပ်စာစွမ်းရည်