အနုပညာ အလုပ် ပိတ်ခဲ့တဲ့သူတွေကို အပြစ်မမြင်သူ ဇာဂနာ

ပို့စ်တင်ချိန် - 7/13/2014 09:06:00 AM


(ရန်ကုန်၊ ဇူလိုင် ၇ )    
”ကျွန်တော်က အနုပညာကို ချစ် တယ်။ တစ်မျိုး ပိတ်ရင် နောက်တစ်မျိုး ဖြစ်အောင် လုပ်တယ်။ ပိတ်တဲ့လူတွေ ကို အပြစ် မမြင်ပါဘူး။ ကျွန်တော် ပိုလို့ တောင် လုပ် လို့ကောင်းသလို ပိုလည်း တိုးတက်လာတယ်” ဟု ဇာဂနာက ပြော သည်။
အနုပညာ အလုပ်ကို နှစ်အကန့် အသတ်မရှိ ပိတ်ပင်ထားခြင်း ခံခဲ့ရသူ ဇာဂနာက ”မိဘပြည်သူများ ခင်ဗျား” ဟာသ အစီအစဉ်မှာ ကိုယ်တိုင် သရုပ် ဆောင်ပြီး Sky Net မှ ထုတ်လွှင့်မည် ဖြစ်ကြောင်း ဇာဂနာ က ပြောသည်။
”ကျွန်တော့် အသံ ကျွန်တော့်ရုပ် ကို လုံးဝဖော်ပြခွင့် ပိတ်ထားပေမယ့်  ကျွန်တော် ဇာဂနာဆိုတာ လူတိုင်းသိတယ်။ ကျွန်တော့် အတွက် အနုပညာက ကျွန်တော့် ဘဝပါ” ဟု ၄င်းက ဆက်ပြောသည်။
 စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သူ များထဲတွင် ဟာသ လူရွှင်တော် ဇာဂနာ လည်း ပါဝင်ခဲ့ပြီး ယခုအခါ ၄င်းမှာ ငြိမ်း ချမ်းရေး လုပ်ငန်း များတွင် ပါဝင်ဆောင် ရွက်နေသည်။ ရခိုင် ပဋိပက္ခအရေးမှာ လည်း ကလေး သူငယ်များနှင့် ပတ်သက် သည့် အဓိက အချက်ကို ဆောင်ရွက်နေ သည်ဟု သိရသည်။
”ကျွန်တော်က မြန်မာလူမျိုး တိုင်းရင်းသား ဖြစ်တဲ့ အတွက် ဒီလူတွေ အတွက် ကျွန်တော် တတ်နိုင် သလောက် လုပ်မှာပဲ။ အနုပညာနဲ့ ပတ်သက်ပြီး အခု မိဘပြည်သူ များခင်ဗျား အစီအစဉ် မှာ ပုံစံသစ် တစ်ခု ထွင်ပြီး လုပ်တာပါ။ အဓိက က သတင်းကြေညာ သလိုပဲ ထိုင်ပြီး Facebook ပေါ်က ဖြစ်နေတဲ့ အကြောင်းအရာ နဲ့ ပတ်သက် ပြီး ရယ်စ ရာဖြစ်အောင် သရော်တဲ့ ပုံစံအသစ် ကို စမ်းသပ်တာပါ” ဟု ဇာဂနာ က ပြော သည်။
အဆိုပါ အစီအစဉ်ကို ဇာဂနာ ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး အရိုင်း၊ ငှက်ပျောကြော်၊ ဖိုးဖြူနှင့် လူငယ် လူရွှင် တော်များ ပါဝင်မှာ ဖြစ်သည်ဟု သိရ သည်။
ထူးထူး

Popular Myanmar