မန္တလေးတွင် ညအချိန် အရပ်ဝတ်ဖြင့် ဝင်ဖမ်းသဖြင့် ရဲတပ်ဖွဲ့နှင့် အစ္စလာမ်ဘာသာဝင်အချို့ ရုန်းရင်းဆန်ခတ်ဖြစ်

ပို့စ်တင်ချိန် - 7/13/2014 02:25:00 PM



ဇူလိုင်လဆန်းက မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော လူမျိုးရေးပဋိပက္ခအတွင်း ပါဝင် ခဲ့သည်ဟု ယူဆရသည့် အစ္စ လာမ်ဘာသာဝင်များကို ဇူလိုင် ၁၂ ရက် ည ၇ နာရီက ရှောင် တခင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ ရပ်ကွက်နေ ပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား နားလည်မှု အနည်းငယ်လွဲမှားခဲ့ကြောင်း သ တင်းရရှိသည်။

ချမ်းအေးသာစံမြို့နယ် ၇၄ လမ်းနှင့် ၇၅ လမ်းကြား၊ ၃၄ လမ်းရှိ ဖလံဘိုဗလီ၏ မြောက်ဘက်အ နီး ရပ်ကွက်အတွင်းနေထိုင်သူ အ မျိုးသား ခုနစ်ဦးခန့်ကို မသင်္ကာ ဖွယ် သံသယရှိသူများဟု သတ် မှတ်ကာ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး ကြီး ဇော်မင်းဦးက အတည်ပြု ပြောကြားသည်။

‘‘၇၇ လမ်းနဲ့ ၇၈ လမ်းကြား မှာဖြစ်ခဲ့တဲ့ ဓားခုတ်မှုနဲ့ ပတ်သက် ပြီး အမှုဖွင့်ထားတဲ့သူတွေအထဲ က မသင်္ကာတဲ့သူတွေကို ခေါ်စစ် တာ’’ဟု ဒုတိယရဲမှူးကြီးဇော်မင်း ဦးက ပြောသည်။

မန္တလေးမြို့တွင် ပုဒ်မ ၁၄၄ မထုတ်ပြန်မီ ဇူလိုင် ၂ ရက်ည ပိုင်းက ၃၅ လမ်း၊ ၇၅ လမ်းမှ ၇၈ လမ်းတစ်လျှောက်တွင် ဖြစ်ပွားခဲ့သည့် ဓားခုတ်မှုနှင့် ဆက်စပ်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း၊ ယင်းကဲ့သို့ ဝင်ရောက် ဖမ်းဆီးရာတွင် ယင်းရပ်ကွက်အ တွင်းနေ အစ္စလာမ်ဘာသာဝင် များ ရောက်ရှိလာပြီး အနည်းငယ် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ခဲ့ရ ကြောင်း၊ ယခုဖမ်းဆီးထားသည့် မသင်္ကာဖွယ် အမျိုးသားများကို ဆက်လက် စစ်ဆေးကာ ကျန် တရားခံများကိုလည်း ဆက်လက် ဖော်ထုတ်သွားမည်ဖြစ်ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ အရာရှိက ပြောသည်။

အစ္စလာမ် ဘာသာဝင်များ ဥပုသ်ထွက်သည့် အချိန်တွင် အ ရပ်ဝတ်ထားသော အမျိုးသားများ က လက်နက် အပြည့်အစုံဖြင့် ရှောင်တခင်ဝင်ရောက်ဖမ်းဆီးခဲ့ သည့်အတွက် ရပ်ကွက်တွင်းနေ အစ္စလာမ်ဘာသာဝင် အမျိုးသမီး များက ရပ်ကွက်အုပ်ချုပ်ရေးတာ ဝန်ရှိသူထံ သွားရောက်ဆန္ဒထုတ် ဖော်ခဲ့ကြသည်။

ယင်းဖြစ်စဉ်ကြောင့် အခြား အစ္စလာမ်ဘာသာဝင်များအကြား အထိတ်တလန့် ဖြစ်ခဲ့ရသည့်အ ပြင် မန္တလေးမြို့ခံများ အကြား တွင်လည်း အစ္စလာမ်ဘာသာဝင် များနှင့် ရဲတပ်ဖွဲ့များ ပဋိပက္ခဖြစ်နေသည်ဟူသော ကောလာ ဟလများ ပျံ့နှံ့ခဲ့ကြောင်း မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

7day daily