OIC မြန်မာပြည်သို့လာရောက်လေ့လာမည့် အစီအစဉ်အားကန့်ကွက်ဆန္ဒထုတ်ဖေါ်


OIC မြန်မာပြည်သို့ လာရောက်လေ့လာမည့် အစီအစဉ်နှင့် ပတ်သက်၍ နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်မှ စတင်ပြီး ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်ရှိ ကြေးသွန်းဘုရားကြီးရှေ့မှ ဆူးလေစေတီ၊ မြို့တော်ခန်းမရှေ့သို့ လမ်းလျှောက်ချီတက်ပြီး ဆန္ဒထုတ်ဖော်နေကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် သံဃာနှင့် ပြည်သူများ ပါဝင်ဆန္ဒထုတ်ဖော်မည်ဖြစ်ပြီး ဗဟန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ် ရဲစခန်းတို့မှ ခွင့်ပြုချက် ရရှိပြီးဖြစ်ကြောင်း မကွေးပရိယတ္တိစာသင်တိုက်မှ ဆရာတော် ဦးပါမောက္ခက မိန့်ကြားခဲ့သည်။








Eleven Media Group

မြိုင်ဟေ၀န်ဆင်စခန်းအနီးရှိ ခရုချောင်းအတွင်း၌ ကျွဲများအားရေချိုးပေးနေသူအမျိုးသားတစ်ဦး ဆင်နင်း၍သေဆုံး


ရန်ကုန်၊ နိုဝင်ဘာ ၁၂

၁၂.၁၁.၂၀၁၃ရက်နေ့ ၀၆၃၀အချိန်ခန့်တွင် တိုက်ကြီးမြို့နယ်၊ ဥက္ကံကင်းမတီးအုပ်စု၊ မြိုင်ဟေ၀န်ဆင်စန်းအနီးရှိ ခရုချောင်းအတွင်း၌ ဦးစံငြိမ်း၊ (၅၄)နှစ် (ဘ)ဦးတာလီ၊ မြိုင်ဟေ၀န်ဆင်စန်းဝင်းနေသူမှာ ကျွဲများအား ချောင်းအတွင်း၌ရေချိုးပေးနေစဉ် မြိုင်ဟေ၀န်ဆင်စန်းမှ
နိုင်မိုးကျော်အမည်ရှိဆင်မှာ မုန်ယို၍ ချောင်းအတွင်း၌ ကျွဲများအား
ရေချိုးပေးနေသူ ဦးစံငြိမ်းအား နှာမောင်းဖြင့်ရစ်ပတ်ကာ နင်းသတ်ခဲ့၍ ရင်ဘတ်၊၀မ်းဗိုက်၊ ဆီးခုံတို့တွင် ပွန်းပဲ့ညိုမဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့၍ ဥကံ္ကနယ်မြေရဲစခန်း
သေမှုသေခင်းအမှတ်စဉ် (၉/၂၀၁၃)ဖြင့် ရေးဖွင့် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

စစ်ထောက်ချုပ်ရုံးမှ သိမ်းထားသောမြေနှင့်ပတ်သက်၍ အိုးအိမ်ရှေ့၌ဆန္ဒပြ





ရန်ကုန် နိုဝင်ဘာ ၁၂။

ဗိုလ်တစ်ထောက် မြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ စစ်ထောက်ချုပ်ရုံးမှ တပ်မြေဟုဆိုကာ သိမ်းဆည်းထားသော အနှစ်(၉၀) ဂရန်ရှိ ဘိုးဘွားပိုင်မြေများနှင့် အိုးအိမ်ဦးစီးဌာနမှ သိမ်းဆည်းထားသော မြေကွက်များနှင့် ပတ်သက် ၍ဆန္ဒ ထုတ်ဖော်မှုအား (၇) ကြိမ်မြောက်အဖြစ် နိုဝင်ဘာလ ၁၂ ရက်နေ့ က ဗိုလ်ချုပ်လမ်းရှိ အိုးအိမ်ရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။

ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ ဦးဆောင်သူ ဦးမြင့်အောင်က “ တစ်အချက်က သက်ဆိုင်ရာဌာအဆင့်ကို စာတင်တယ်၊ ဆန္ဒထုတ်ဖော်မှုတွေ လုပ်တယ်။ အဲ့တာကိုအရေးယူ ဆောင် ရွှက်ခြင်းမရှိလို့ ၊ နှစ်အချက်ကတော့ ကျွန်တော်တို့ နဲ့ ညှိနှိုင်းပွဲတွေ လုပ်တယ်။ ဒါပေမယ့် ညွှန်မှုး တွေညွှန်ချုပ်တွေက အလုပ်မလုပ်လို့ ၊ သုံးအချက်ကတော့ လယ်ယာမြေနဲ့ အခြားမြေများစုံစမ်း စစ်ဆေး ရေးကော်မတီက တားမြစ်စာ ထုတ်ထားတာကို ဆက်လုပ်တာ ကိုမကျေလို့  ဆန္ဒထုတ်ဖော်တာဖြစ်တယ် ”ဟုဆိုသည်။

သက်ဆိုင်အစိုးရဌာနအနေဖြင့် ပြည်သူများ၏ထိခိုက်နစ်နာမှုများအား ဆောင်ရွှက်ပေးခြင်းမရှိပါက ဆက်လက် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒါကိုမှမဆောင် ပေးသေးဘူးဆိုရင် ကျွန်တော်တို့ အနေနဲ့  လူစည်ကားရာ နေရာဖြစ်တဲ့ ဆူးလေမှာသပိတ်စခန်း ဖွင့်သွားဖို့ ရှိပါတယ်။ လာမယ့် ဆီးဂိမ်းမှာတော့ ဆန္ဒပြတာတွေကို လုပ်မှာမဟုတ်ပါဘူး။ ကိုယ်မြန်မာနိုင်ငံဂုဏ်သိက္ခာ ကျမှာစိုးလို့ ပါ”ဟု ဦးမြင့်အောင်က ပြောသည်။

ဗိုလ်တစ်ထောက် မြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ စစ်ထောက်ချုပ်ရုံးမှ တပ်မြေဟုဆိုကာသိမ်းဆည်းထားသော အနှစ်(၉၀) ဂရန်ရှိ ဘိုးဘွားပိုင်မြေများနှင့် အိုးအိမ်ဦးစီးဌာနမှ သိမ်းဆည်းထားသည့် မြေကွက်များထဲတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲစည်းမှအလုပ်သမားအရေး ဆောင်ရွက် ပေးနေသူ မသက်သက်အောင်၏ မိဘဘိုးဘွားပိုင်မြေများ အသိမ်းခံရသည့်အထဲတွင် ပါရှိကြောင်းလည်း မသက်သက်အောင်ထံမှ သိရသည်။

နှင်းနွယ်
ဓာတ်ပုံ-ထက်နောင်နောင်
The Myanma Age

မြွေ မာဆတ်


အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့နှင့် ဘာလီကျွန်းတွင် လူသိများနေသည့်ုမြွေမာဆတ်ဖြစ်သည်။ တစ်မူထူးခြားသည့်ုမြွေ မာဆတ်သည် စပါးအုံးမြွေများကို အနှိပ်ခံသူ၏ ခန္ဓာကိုယ်ပေါ်တွင်ထားရှိပြီး နှိပ်နယ်ပေးခြင်းဖြစ်သည်။ အနှိပ်ခံသူများ၏ စိုးရိမ်ထိတ်လန့်မှုများနှင့် မြွေများ၏ ခန္ဓာကိုယ်ပေါ်လှုပ်ရှားသွားလာနေသော ထူးခြားသည့် အထိအတွေ့သည် ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်များအပေါ် အကျိုးသက်ရောက်မှုရှိသည်ဟု သိရသည်။ (ဓာတ်ပုံ- ဆင်ဟွာ)

Aone Soe

ယာဉ်မရပ်ရနေရာများတွင်ရပ်နားထားသည်ယာဉ်များကိုအရေးယူ





ရန်ကုန်တွင်ယာဉ်မရပ်ရသတ်မှတ်နေရာများတွင်
ရပ်နားထားသည်ယာဉ်များကို အရေးယူ

ရန်ကုန်-နိဝင်ဘာ၁၂
ရန်ကုန်-ယာဉ်မရပ်ရသတ်မှတ်နေရာများတွင်
ယာဉ်ကြောပိတ်ဆိုမှုများနေသည့်နေရာများ၊ယာဉ်မရပ်ရနေရာများတွင်
ရပ်နားထားသည်ယာဉ်များအား
ကိုနိဝင်ဘာ၁၁ရက်က ဆွဲယာဉ်ဖြင့် ဖမ်းဆီး
အရေးခဲ့ကြောင်းသိရသည်။
၎င်းနိဝင်ဘာ၁၁ရက်နေ့က စုစုပေါင်း၇စီးအရေးယူခဲ့ကြောင်းသိရသည်။ဇေဝေယံ

Popular Myanmar News Journal

ဆလုံလူမျိုးများကို နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေး


ရန်ကုန်၊ နိုဝင်ဘာ ၁၁

တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ကျွန်းစုများပေါ်တွင် နေထိုင်သော ဆလုံ လူမျိုးများကို နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနေကြောင်း တနင်္သာရီတိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရန် ၄င်းတို့နေထိုင်သည့် ကျွန်းစုများအထိ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လုပ်ဆောင် ပေးခြင်းဖြစ်ကြောင်း ၄င်းကရှင်းပြသည်။
"လောလောဆယ် ရာသီဥတု မကောင်းလို့ ခဏနားထားတယ်" ဟု ၄င်းကဆိုသည်။

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ဆလုံလူမျိုး တစ်ထောင်ခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ လက်ရှိအချိန်ထိ ဆလုံလူမျိုး ၂၀၀ ကျော်ခန့်ကို နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးထားပြီး ဖြစ်သော်လည်း ကျန်ဆလုံ လူမျိုးများ ကိုလည်း ထပ်မံ ပြုလုပ်ပေးမည် ဖြစ်ကြောင်း ၄င်းက ထုတ်ဖော် ပြောကြားသည်။

တနင်္သာရီတိုင်း ဒေသကြီးသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း လာရောက်စဉ်က ဆလုံလူမျိုး များကို နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးရန် ဒေသခံများက တင်ပြပြီး နောက်ပိုင်း နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးရေး စီမံချက်ကို နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ တင်ပြကာ စတင်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း
၎င်းကရှင်းပြသည်။

တနင်္သာရီတိုင်း ဒေသကြီးအတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးရေး စီမံချက်တွင် ဆလုံလူမျိုးစု များသာမက ပရှူး ကဲ့သို့သော လူမျိုးစုများ အတွက်လည်း ပါဝင်ကြောင်း ယင်းဌာန တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အသက် ၁၈ နှစ် ပြည့်ပြီးသူသည် နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားလို ပါက အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူ တစ်စောင်၊ အသက်အတွက် ကျောင်းထောက်ခံစာ သို့မဟုတ် မွေးစာရင်း မူရင်းနှင့် မိတ္တူ၊ သွေးစစ်လက်မှတ် မူရင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ မိဘနှစ်ပါး ကိုင်ဆောင်ထားသော အထောက်အထား လက်မှတ်မူရင်းနှင့် မိတ္တူတို့ ပါရှိရမည် ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ရန်ကုန်မှာ ဆန္ဒပြ


နိုဝင်ဘာ ၁၂ ရက်နေ့ မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်ထားတဲ့ အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ကိုယ်စားလှယ်တွေရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ရန်ကုန်မှာ ဒီနေ့ ဆန္ဒပြပွဲတွေ ကျင်းပခဲ့ပါတယ်။

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်နဲ့ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် ကြေးသွန်းဘုရားရှေ့မှာ သံဃာတော်တွေနဲ့ ရာနဲ့ချီတဲ့ လူပုဂ္ဂိုလ်တွေက အိုအိုင်စီ ကိုယ်စားလှယ်တွေရဲ့ မြန်မာပြည် ခရီးစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ နေရာ ၂ နေရာ ခွဲပြီး ဆန္ဒပြ ထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

ရွှေတိဂုံဘုရား အရှေ့ဖက် မုဒ်ကနေ မြို့တော်ခန်းမအထိ လမ်းလျှောက်ချီတက် ဆန္ဒပြရာမှာ ပါဝင်တဲ့ မကွေးပရိယတ္တိစာသင်တိုက်က ဦးဆောင် သံဃာတော် ဦးပါမောက္ခက ဆန္ဒထုတ်ဖော်ရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး ခုလို မိန့်ပါတယ်။

ဦးပါမောက္ခက “ဘုန်းကြီးတို့ ပြည်တွင်းရေးကိစ္စတွေကို လူမှုရေးနဲ့ ဘာသာရေးကိစ္စတွေကို ပြည်ပနိုင်ငံတွေက လာရောက်ပြီး စွက်ဖက်တာကို မလိုလားဘူး။ ဘုန်းကြီးတို့ နိုင်ငံမှာ အိုအိုင်စီ ရုံးစိုက်ရင် ဘာသာရေးပဋိပက္ခတွေ ဖြစ်ပွားပြီးတော့ လာနိုင်တယ်၊ အိုအိုင်စီရဲ့ ကိုယ်စားလှယ်တွေ လာပြီးတော့ ဘာသာရေးနဲ့ လူမှုရေးကိစ္စတွေ လာဆွေးနွေးမှာကို မလိုလားဘူး၊ မိမိနိုင်ငံ မိမိတို့ရဲ့ အုပ်ချုပ်မှု အောက်မှာသာလျှင် လိုလားတယ်။” လို့ မိန့်ကြားသွားတာ ဖြစ်ပါတယ်။

အလားတူ အင်းစိန်မြို့နယ်မှာလည်း လူ ၃၀၀ လောက် စုရုံးပြီး အင်းစိန် ဂျီတီစီ ရှေ့ကနေ စတင်ကာ အင်းစိန် ၀ိုင်အိုင်တီကျောင်းအထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

“အိုအိုင်စီကို မြန်မာနိုင်ငံတွင်းကို လုံးဝ ၀င်မလာစေချင်တာက နံပါတ် ၁ပေါ့။ နောက်တခုက မြန်မာနိုင်ငံသားဥပဒေကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီးတော့ အဂတိလိုက်စားတဲ့ ၀န်ထမ်းတွေရေ၊ာ မမှန်မကန် နိုင်ငံသား အဖြစ် ရယူချင်တဲ့ကောင်တွေကို ရော ထိထိရောက်ရောက် အရေးယူစေနိုင်ဖို့က ရည်ရွယ်ချက် ၂ ပေါ့ဗျာ။”လို့ ပြောပါတယ်။

ဒီဆန္ဒပြပွဲတွေကို အစိုးရတာဝန်ရှိသူတွေဆီကနေ ခွင့်ပြုချက်ရရှိပြီး လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အိုအိုင်စီအဖွဲ့ရဲ့ ခရီးစဉ်မှာ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ တူရကီ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနဲ့ မလေးရှားစတဲ့ အိုအိုင်စီအဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီး ၇ ဦးနဲ့ အဖွဲ့ရဲ့ အဆင့်မြင့် အရာရှိတွေအပါအ၀င် အထွေထွေအတွင်းရေးမှူးတို့ လိုက်ပါလာမှာ ဖြစ်ပြီး ရခိုင်ပြည်နယ်ကို သွားရောက်မှာလည်း ဖြစ်ပါတယ်။

အိုအိုင်စီရဲ့ အထွေထွေအတွင်းရေးမှူး Ekmeleddin Ihsanoglu က ရိုဟင်ဂျာ ပြဿနာအတွက် အဖြေတခု ရှာဖွေရာမှာ အဖွဲ့အစည်းအနေနဲ့ ဘယ်လောက် အလေးအနက် ထားသလဲဆိုတာကို ခရီးစဉ်က အစ္စလာမ်ကမ္ဘာကို ရှင်းလင်းလင်း ပြသလိုက်တာ ဖြစ်တဲ့အကြောင်း ဆော်ဒီသတင်းဌာနတခုကို ပြောထားပါတယ်။

မြန်မာအစိုးရ ပြန်ကြားဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်ကတော့ နိုင်ငံတကာ သံတမန် လုပ်ထုံးလုပ်နည်းအရ အိုအိုင်စီကို ဖိတ်ခေါ်တာ ဖြစ်တယ်လို့ အခုလို ပြောပါတယ်။

“အစိုးရအနေနဲ့ကလည်း အိုအိုင်စီက ရုံးဖွင့်ဖို့ ကိစ္စတွေနဲ့ ဘာမှ မဆိုင်ပါဘူး၊ နိုင်ငံတော် အစိုးရအနေနဲ့လည်း နိုင်ငံတော် အချုပ်အခြာအာဏာ ထိခိုက်မယ့် ကိစ္စလည်း လုပ်မှာ မဟုတ်ပါဘူး။ ဒါတွေကိုတော့ ပြည်သူတွေ နားလည်စေချင်ပါတယ်။ ပထမတော့ ပြန်လည် ထူထောင်ရေး လုပ်တဲ့နေရာတွေကို သူတို့ လေ့လာနိုင်အောင် စီစဉ်ပေးမှာပေါ့၊ အသိုင်းအ၀န်း ၂ ခုလုံးက ရပ်မိရပ်ဖတွေ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေနဲ့ တွေ့ခွင့်ရအောင် စီစဉ်ပေးမှာပေါ့။”

အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အစိုးရတာဝန်ရှိသူတွေနဲ့ လည်း တွေ့ဆုံဖို့လည်း ရှိနေပါ တယ်။

by ဒီဗွီဘီ 

အရံရွှေ ၇ တန်ကျော်နဲ့ နိုင်ငံခြားငွေ ဒေါ်လာ ၈ ဘီလီယံကျော် ရှိ


အောက်တိုဘာ ၂၉ ရက်နေ့အထိ စာရင်းတွေအရ မြန်မာနိုင်ငံအနေနဲ့ အရံရွှေ ပမာဏ ၇ ဒဿမ ၁၅၃၉ တန်နဲ့ နိုင်ငံခြားအရံငွေ ပမာဏ အမေရိကန်ဒေါ်လာ ၈ ဒဿမ ၁၃ ဘီလီယံ ရှိတယ်လို့ ဗဟိုဘဏ်ရဲ့ ဒုဥက္ကဋ္ဌက ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုပါတယ်။

ရွှေစင်တွေကို မြန်မာနိုင်ငံ ဗဟိုဘဏ်မှာ သိမ်းဆည်းထားပြီး နိုင်ငံခြားငွေတွေ ကိုတော့ ဗဟိုဘဏ်နဲ့ ပြည်တွင်းဘဏ်တွေမှာ ငွေသားအနေနဲ့ သော်လည်းကောင်း၊ မြန်မာနိုင်ငံဘဏ်တွေနဲ့ ချိတ်ဆက်ထားတဲ့ ဘဏ်တွေမှာ ဘဏ်အကောင့်တွေအနေနဲ့ လည်းကောင်း ထားရှိတယ်လို့ သူက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ တခေါက် လွှတ်တော်မှာ ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌ လာရောက် ရှင်းလင်းစဉ် နိုင်ငံခြား အရံငွေ အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော်ပဲ ရှိတယ်ဆိုပေမယ့် အဲဒါဟာ စက်တင်ဘာ ၁၀ ရက်နေ့ စာရင်းဖြစ်ကြောင်း၊ နိုင်ငံခြား အရံငွေဆိုတာ အမြဲတန်း ပြောင်းလဲနေကြောင်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က လွှတ်တော်မှာ ဘတ်ဂျက်ကိစ္စ ဆွေးနွေးစဉ် မြန်မာနိုင်ငံရဲ့ ရွှေ စာရင်းနဲ့ နိုင်ငံခြား အရံငွေ စာရင်းကို လွှတ်တော်မှာ လာရောက် ထွက်ဆိုဖို့ သူရဦးရွှေမန်းက ညွှန်ကြားခဲ့တာကြောင့် ခုလို လာရောက်ထွက်ဆိုရတာ ဖြစ်ကြောင်း သိရပါတယ်။

by ဒီဗွီဘီ 

အသက်(၇၀)နှစ်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးအကူအညီထောက်ပံ့မည်


အသက် (၇၀) နှစ် အထက် သက်ကြီးရွယ်အိုများအား လူမှုရေးအကူအညီ အထောက်အပံ့ပေးရန်အတွက် အမျိုးသားစီမံကိန်းဥပဒေ(မူကြမ်း)တွင် ထည့်သွင်းရေးဆွဲထားကြောင်း သတင်းရရှိသည်။

ထိုကဲ့သို့ ထည့်သွင်းရေးဆွဲထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါ်စုစုလှိုင်က နိုဝင်ဘာ ၁၁ ရက်တွင် ကျင်းပသော အမျိုးသားလွှတ်တော်၌ပြောကြားသည်။

ထို့အပြင် နှစ်စဉ်တိုးပွားလာသော သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးအတွက် အမျိုးသားအဆင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်း စီမံချက် (မူကြမ်း)ကိုလည်း ဆိုင်ရာဌာနများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ ပညာရှင်များနှင့် ပူးပေါင်းရေးဆွဲနေသည်ဟုဆိုသည်။

ဝန်ကြီးဌာနသည် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက တည်ထောင်ဖွင့်လှစ်ထားသော အသိအမှတ်ပြု ဘိုးဘွားရိပ်သာ ၆၃ ခု အား ကျပ်သန်း ၁၃၀ ကျော် ထောက်ပံ့ပေးခဲ့သည်ဟုဆိုသည်။  သက်ကြီးရွယ်အိုစောင့်ရှောက်ခြင်းလုပ်ငန်းအပြင် ရပ်ရွာအခြေပြု သက်ကြီးရွယ်အို ကူညီစောင့်ရှောက်ရေးအဖွဲ့များကို မြို့ နယ် ၁၀ မြို့နယ်မှ ကျေးရွာ ၈၃ ရွာ တွင် ဖွဲ့စည်းထားပြီး ၀င်ငွေရရှိရေးနှင့် အသက်မွေးဝမ်းကြောင်းမြင့်တင်ရေး လုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ၀န်ကြီးက ထပ်မံပြောကြားသည်။

မန္တလေး၊ စစ်ကိုင်းနှင့် ဧရာတီတိုင်းဒေသကြီးများရှိ ကျေးရွာ  ၅၅ ရွာတွင် သက်ကြီးသူများ အခြေခံ ကျေးလက်ဒေသဖွံ့ဖြိုးရေး အစီအစဉ်ကို အကောင်အထည်ဖော်လျက်ရှိပြီး စိုက်ပျိုးရေး၊ အသေးစားစီးပွားရေးပြုလုပ်ရန် ကူညီခြင်း၊ မိုးရေသိုလှောင်ကန် တည်ဆောက်ပေးခြင်းများ ဆောင်ရွက်နေသည်ဟုဆိုသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ် ပင်စင်လစာနှင့် ဆုကြေးအသုံးစရိတ်စုစုပေါင်း (ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းအရ) ကျပ်သန်းသုံးသိန်းခွဲနီးပါး လျာထားသည်။

7DAY DAILY

အိမ်ခြံမြေဈေးကွက် အမြင့်ဈေးဖြင့် အရောင်းအ၀ယ်အေး


စက်တင်ဘာလဆန်းအထိ အရောင်းအ၀ယ်ကောင်းခဲ့သည့် ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် နိုဝင်ဘာ လဆန်းတွင် အရောင်းအ၀ယ်အအေးဆုံး အခြေအနေဖြစ်နေကြောင်း အိမ်ခြံမြေလုပ်ငန်း အသိုင်းအ၀ိုင်း က ပြောသည်။

အစိုးရအသစ် တက်လာပြီးနောက်တွင် အိမ်ခြံမြေဈေးနှုန်း မတန်တဆကြီး မြင့်မှုနှင့်အတူ အရောင်း အ၀ယ်သွက်ခဲ့သော်လည်း တစ်ပေပတ်လည် မြေဈေးနှုန်းသတ်မှတ်ပြီးနောက်တွင် ဈေးကွက်ပိုမိုအေး လာခြင်းဖြစ်သည်ဟု ယင်းတို့က ပြောသည်။

စိုင်းခွန်နောင် အိမ်ခြံမြေနှင့် ဥပဒေအကြံပေး ၀န်ဆောင်မှုကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးရန်အောင် က “တစ်ပေပတ်လည် မြေဈေးနှုန်း သတ်မှတ်ချက် မထွက်ခင်ကတည်းက စအေးလာတာ အခုဆိုပိုပြီး ဈေးကွက်ကအေးလာတယ်၊ ၀ယ်သူရောရောင်းသူပါ ဈေးကွက်အခြေအနေတွေကို ဘာဖြစ်မလဲဆိုပြီး စောင့်ကြည့်နေကြတယ်”ဟု မဇ္ဈိမသို့ပြောသည်။

စက်တင်ဘာလဆန်းက အရောင်းအ၀ယ်နှင့်ယှဉ်လျှင် ထက်ဝက်နီးပါးလျော့ကျသွားကြောင်း ဆက်ပြော သည်။

တစ်ပေပတ်လည် မြေဈေးနှုန်းသတ်မှတ်ချက်များက အချို့မြို့နယ်များရှိလမ်းများတွင် ပေါက်ဈေးထက် ဈေးပိုလျက်ရှိပြီး အချို့နေရာများတွင် ပေါက်ဈေးထက်ဈေးလျော့နည်းလျက်ရှိနေသည့်အတွက် ဈေး ကွက် ပိုမိုအေးလာသည့်အပြင် အခွန်ရရှိရန်အတွက် မြေတစ်ပေပတ်လည်သတ်မှတ်ချက် မူဝါဒကို လည်း အပြောင်းအလဲဖြစ်နိုင်ကြောင်း၊ မျှော်လင့်ပြီး စောင့်ကြည့်နေခြင်းကြောင့်လည်း ဖြစ်သည်ဟု အိမ် ခြံမြေလုပ်ငန်းရှင်များက သုံးသပ်သည်။

ရွှေလင်ပန်းစက်မှုဇုန်ရှိ အချို့မြေတစ်ပေပတ်လည်နှုန်းထားများမှာ လက်ရှိကာလပေါက်ဈေးထက် မြင့် မားနေသောကြောင့် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ကို ပြန်လည်တင်ပြရန်ရှိကြောင်း အိမ်ခြံမြေ ၀န်ဆောင်မှုအသင်းမှ တာဝန်ရှိသူများက ပြောသည်။

တစ်ပေပတ်လည်မြေဈေးနှုန်း သတ်မှတ်ချက်များသည် သတ်မှတ်ချက်ထွက်ကတည်းက ပုံသေမဟုတ် ဘဲ ကာလပေါက်ဈေးအပြောင်းအလဲအပေါ်မူတည်ကာ ပြောင်းလဲသွားမည်ဖြစ်၍ ယင်းသို့တင်ပြခြင်းဖြစ် သည်။

မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း၊ အတွင်းရေးမှူး ဒေါ်မို့မို့အောင်ကမူ လွန်ခဲ့သော နှစ်လခွဲခန့် နှင့်ယှဉ်လျှင် အရောင်းအ၀ယ် ၇၀ ရာခိုင်နှုန်းသာဖြစ်ပြီး ဈေးမှာလည်း အမြင့်ဈေးဖြစ်နေသည်ဟုဆို သည်။

အိမ်ခြံမြေအခွန်နှုန်းထား ပိုမိုရရှိနိုင်ရန် အစိုးရအနေဖြင့် တစ်ပေပတ်လည် မြေဈေးနှုန်းသတ်မှတ်ချက် ထုတ်ပြန် ဆောင်ရွက်သော်လည်း အရောင်းအ၀ယ် ဖြစ်မှုနည်းပါးသည့်အတွက် အခွန်ရရှိမှုနည်းနိုင်သည်ဟု အိမ်ခြံမြေဈေးကွက် လုပ်ငန်းရှင်များက သုံးသပ်သည်။

လက်ရှိအချိန်တွင် လိုအပ်ချက်ရှိသည့်သူများသာ အရောင်းအ၀ယ်လုပ်လျက်ရှိပြီး စက်မှုဇုန်၊ စီမံကိန်းနေ ရာ၊ များတွင် ယခင်ကကဲ့သို့ သိန်းသောင်းချီ အရောင်းအ၀ယ်ဖြစ်မှုများ မရှိတော့ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

Estate Myanmar Real Estate Co.,Ltd ၏ အကျိုးဆောင် ဦးနိုင်မျိုးဦးက “မြေတစ်ပေပတ်လည်က မြေဈေးလည်းမကျဘူး၊ အရောင်းအ၀ယ်တွေလည်း မဖြစ်ဘူးဆိုတော့ အားလုံးက မူဝါဒတစ်ခုခု အပြောင်းအလဲလုပ်မယ်လို့ ထင်ပြီးစောင့်ကြည့်နေကြတယ်” ဟု ပြောသည်။

တစ်ပေပတ်လည် မြေဈေးနှုန်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်တိုဘာလမှစတင်ကာ တရားဝင်သတ်မှတ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးတွင်လည်း မြေဈေးနှုန်းများ သတ်မှတ်နိုင်ရန် ဆောင် ရွက်လျက်ရှိသည်။

Written by  သီဟကိုကို
Mizzima - News in Burmese

ကျောင်းများတွင် ငွေကောက်ခံခြင်း မပြုရ ပေါ်လစီ သည် ကျောင်းသား မိဘ နှင့် ဆရာများ ကို ရန်တိုက်သလိုဖြစ်နေဟု ကျောင်းအုပ်တချို့ ဝေဖန်


ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ။ ။ ပညာရေး ဝန်ကြီးဌာနမှ ဆရာ ၊ ဆရာမ များ ငွေကောက်ခံခြင်း မပြုရဆိုသည့် ပေါ်လစီချမှတ် ထားခြင်းသည် မှားယွင်းနေပြီး ကျောင်းသားမိဘ နှင့် ဆရာများကို ရန်တိုက်ပေးထား သလိုဖြစ်နေကြောင်း အခြေခံ ပညာ မူလတန်းကျောင်း အုပ်တ ချို့ က ဝေဖန်ပြောဆိုလိုက်သည်။

''ဆရာမကြီးတို့တွေကို ချ မှတ်ပေးထားတဲ့ ငွေကြေးက မလုံ လောက်ဘူး။ ပြီးတော့ ကျောင်း တွေကို တစ်ပြေးညီ ငွေကြေးချ မှတ်တာကလဲ မှားနေ တယ်။ အ မှန်က ကျောင်းတစ်ကျောင်းရဲ့တစ် နှစ်စာ ကုန်ကျစရိတ်ကို တွက်ပြီး တော့မှ ချပေးရမယ်လို့မြင်တယ်။ အခုဟာက ကျောင်းသား ၁ဝဝရှိ တဲ့ ကျောင်းဆိုလဲ သုံးသိန်း၊ တစ် ထောင်ရှိတဲ့ကျောင်းဆိုလဲ သုံး သိန်း ဆိုတော့ ဘယ်ကျောင်းက ပိုကုန်မလဲ။ ချမှတ်လိုက်တဲ့ မူ ကြောင့် ကျောင်း သား မိဘတွေ ကလဲ အဲ့ဒါနဲ့ကိုင်ပြီး တိုင်ကြတော့ မလိုလားတဲ့ပြဿနာတွေ က ဖြစ် နေရတယ်''ဟု ဗဟန်းမြို့နယ်မှ မူလတန်းကျောင်းကျောင်းအုပ် တစ်ဦးက ပြောသည်။

ပညာရေးဝန်ကြီးဌာနအ နေဖြင့် ကျောင်းသားမိဘတချို့ ကြည်ဖြူ၍ လှူသောငွေ များကို စည်းကမ်းတစ်ခု သတ်မှတ်၍ လက်ခံ ပေးစေ ချင်ကြောင်း ၊ ကျောင်းတစ် ကျောင်းတွင် အခြေခံကုန်ကျငွေ မှာ ကျောင်း၏ အနေ အထားပေါ် မူတည်၍ ကုန်ကျ စရိတ် ကွဲပြား ကြောင်း၊ ကျောင်း ဖွံ့ဖြိုးရေး ပို လုပ်ဆောင်ရသော ကျောင်းများ ၏ကုန်ကျငွေမှာ ချပေးသည့်ငွေ ဖြင့် မလုံလောက်သည့်အတွက် ကိုယ်ပိုင်ပိုက်ဆံ များဖြင့် ဖြေရှင်း နေရကြောင်း သိရသည်။


''ဆရာမတို့ ကျောင်းဆိုရင် လှူမယ့်သူတွေရှိတယ်။ ဒါပေမဲ့ ဆရာမတို့ လက်မခံရဲဘူး။ ကျောင်း သားမိဘတွေက တိုင်မှာကြောက် လို့။ ဒီလိုတိုင်တာကလဲ ကျောင်း သားမိဘတွေရဲ့ စိတ်ဓာတ်တွေ ကြောင့်ပါ။ သူတို့အနေနဲ့ နားလည် ပေးသင့် တယ်။ ဌာနကလဲ အလှူ ရှင်ရှိရင် မှတ်တမ်းမှတ်ရာနဲ့ လက် ခံခိုင်း၊ ပြီးရင် လိုတဲ့နေရာသုံးဆို ရင် ဒီလိုပြဿနာတွေက ရှင်းသွား မှာ။ အခုဟာက ကျောင်းသားမိဘ နဲ့ ဌာနကြားမှာ ဆရာမတို့က ညပ် နေရတယ်''ဟု မူလတန်းပြဆရာ မတစ်ဦး က ဆိုသည်။

ဗဟန်းမူလတန်းကျောင်း အုပ်တစ်ဦးက ကျောင်းတခိျု့တွင် ဌာနမှချမှတ်ပေးသည့် ငွေလုံ လောက်ခြင်းမရှိသောကြောင့် မ ပြင်ဆင်နိုင်သော အပိုင်းများရှိနေ သေးကြောင်း၊ ချမှတ်ထားသည့် ပေါ်လစီမှာ ပညာရေးဝန်ထမ်း အချင်းချင်း သတ်သလို ဖြစ်နေ ကြောင်း ပြောသည်။ ''နိုင်ငံတကာမှာ အခမဲ့မူ လတန်းပညာရေးလို့ ခံယူခဲ့တော့ ဘာမှကောက်လို့မရတော့ဘူး။ချပေးတဲ့ငွေနဲ့ ကြည့်သုံးနေရ တယ်။ မလောက်ရင် မလောက် တဲ့အတိုင်းပဲ ထားလိုက်တယ်။ ဒါက နောက်မ ကျ သင့်တဲ့ နေရာ တွေမှာ နောက်ကျကုန်တယ်။ဆရာမကတော့ အလှူငွေကို ထည့်ရင်ထည့်၊ မထည့်ရင်နေ ငါကတော့ မကောက်ဘူးလို့ မိဘ တွေကို ပြောထားတယ်။ ငွေကို လုံလောက်အောင် ချပေးရင်လဲ ဒီပြဿနာက ရှိမှာမဟုတ်ဘူး''ဟု ယင်းက ထပ်မံပြောသည်။

တာချီလိတ်မြို့မှ ပညာရေး မှူးတစ်ဦးက အထက်မှချပေး သော အသုံးစရိတ်များမှာ လောက် ငခြင်းမရှိသောကြောင့် ဆရာများ အား မိမိတို့ကိုယ်တိုင် အလှူငွေ ကောက်ခံခြင်းမရှိဘဲ ကျောင်းအ ကျိုးတော်ဆောင်များ၏အကူအ ညီဖြင့် လိုအပ်သော ငွေကိုရှာဖွေ ခိုင်းစေကြောင်း၊ ကျောင်းသား မိဘများဘက်မှ တိုင်ကြားမှုများ ရှိလာလျှင်လဲ စစ်ဆေးပေးရ ကြောင်း ပြောကြားသည်။ ယင်းနှင့်ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ကိုကျော်စွာက ''ကျွန်တော့်သားနှစ်ယောက်က ဗဟန်းက မူလတန်းကျောင်းတစ် ကျောင်းမှာ အပ်ထားတာပါ။ အဲ ဒီကျောင်းက အလှူငွေကောက် ခံတာမျိုးတွေရှိပေမယ့် သိပ်အ များကြီးလဲ မဟုတ်ပါဘူး။ ကျောင်း အတွက်လိုအပ်တာမျိုးတွေလောက် ပဲ ကောက်တယ်။ ကျောင်းက သူ ဌေး ကျောင်း လဲ မဟုတ်ပါဘူး။ သန့် ရှင်းရေးကိစ္စလိုကိစ္စတွေအတွက် ကောက်ခံတာပဲ။ မိဘတွေလဲ ဝိုင်းကူမှရမှာပေါ့။ ဆရာ၊ ဆရာ မတွေက နေရာတကာဘယ်စိုက် ပေးနိုင်မလဲ''ဟုဆိုသည်။

ပညာရေး ဝန်ကြီးဌာနမှ ကျောင်းအသုံးစရိတ်များကို ကျောင်းသားဦးရေပေါ်တွင်မူ တည်၍ ချမှတ်ပေးထားကြောင်း၊ ကျောင်းသား ၂ဝဝအထက်လျှင် နှုန်းတစ်ခုနှင့် ကျောင်းသား၂၀၀ အောက်ဆိုလျှင် နှုန်းတစ်ခုသတ် မှတ်ထားကြောင်း သိရ သည်။

အောင်သက်ကို - Yangon Media Group

ဝန်ကြီးတွေ များနေတာကို လွှတ်တော်မှာ ဝေဖန်


လက်ရှိ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ ၀န်ကြီးဌာန ၃၆ ခု၊ ၀န်ကြီး ၃၆ ယောက်၊ ဒုဝန်ကြီး အယောက် ၆၀ စုစုပေါင်း ၉၆ ယောက်ရှိနေတာဟာ များနေတယ်၊ တချို့ ၀န်ကြီးဌာနတွေ မလိုအပ်ဘူးလို့ နိုဝင်ဘာ ၁၁ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ မွန်ပြည်နယ်က အမတ် ဒေါက်တာဗညားအောင်မိုးက ဝေဖန်ပါတယ်။

မြန်မာနိုင်ငံ အရင် ခေတ်အဆက်ဆက်က ၀န်ကြီးစာရင်းနဲ့ ပဲ နှိုင်းနှိုင်း နိုင်ငံတကာနဲ့ပဲ နှိုင်းနှိုင်း အရည်အတွက် များနေတယ်လို့ ပြည်ထောင်စုအဆင့် ချီးမြှင့်ငွေနဲ့ အဆောင်အယောင် ဆိုင်ရာ ဥပဒေကို ပြင်ဆင်မယ့် ဥပဒေကြမ်း ဆွေးနွေးစဉ် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

အဲဒီ ဥပဒေကြမ်းမှာ သမ္မတဟာ လစာ ၁ လ ကျပ် ၁၅ သိန်း၊ ဒုတိယသမ္မတ ၂ ဦး၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးနဲ့ တရားသူကြီးချုပ်အတွက် ၁ လ ကျပ် ၁၂ သိန်း၊ ပြည်ထောင်စုဝန်ကြီး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ၂ ဦးနဲ့ အဆင့်တူတွေကို ၁ လ ကျပ် ၈ သိန်း၊ ဒုဝန်ကြီးတွေနဲ့ အဆင့်တူတွေကို ၁ လ ကျပ် ၆ သိန်း ပေးသင့်တယ်လို့ ထည့်သွင်းထားပြီး အခြား ဥပဒေကြမ်းတခုမှာတော့ အမတ်တွေဟာ ဒုဝန်ကြီးတွေအဆင့် ၁ လ ကျပ် ၆ သိန်း ရသင့်တယ်လို့ ထည့်သွင်းထားပါတယ်။

by ဒီဗွီဘီ

မန္တလေးမရမ်းခြံဆိပ်ကမ်းတွင် ကုန်တင်မော်တော်တစ်စီး ယနေ့ မီးလောင်မှုဖြစ်ပွား


မန္တလေး၊ နိုဝင်ဘာ ၁၂

မန္တလေး၂၆လမ်း၊ ကမ်းနားလမ်းထောင့်ရှိ မရမ်းခြံဆိပ်ကမ်းတွင့် ၊ နိုဝင်ဘာ ၁၂ ရက်နေ့လယ် ၁၂နာရီခန့်က မော်တော်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံတစ်ဦးကပြောသည်။

စန္ဒာမင်းအမည်ဖြင့် သစ်သားမော်တော်အမျိုးအစားဖြစ်ပြီး ကနဦးသတင်းများအရ အထက်သို့ဆန်တက်ရန် ဆီဖြည့်စဉ် စက်နှိုးရာမှ မီးလောင်သည်ဟု သတင်းများ ထွက်ပေါ်လျှက်ရှိပြီး အတိကျ မသိ ရှိရသေးပေ။
၁၂နာရီလောက်ကဖြစ်တာ ၀ုန်းဆိုတဲ့အသံကြီးကြားလို့ ထကြည့်တာ။ ဗုန်းပေါက်တယ်မှတ်တာ။ မြေကြီးကို တုန်သွားတာပဲ။ ပြီးမှ မော်တော်ပေါ်ကဖြစ်မှန်းသိတာ။ လူတွေကယ်မလို့ပြေးသွားတာ အနားရောက် တော့တစ်လုံးထပ်ပေါက်တယ်။ အဲ့ဒါနဲ့ကြောက်ပြီး အပေါ်မတက်ရဲတော့ဘူးဟု ကယ်ဆယ်ရန်သွားရောက်ခဲ့သူ ကမ်းနားလမ်းတွင်နေထိုင်သူ ဦးမြင့်ကိုက ပြောသည်။

ကျား ၆ဦး မ ၁ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သက်ဆိုင်ရာမှာ တရားဝင်မထုတ်ပြန်သေးပေ။ ၁၂နာရီ ၁၅မီးနစ်တွင် စတင်လောင်ကြွမ်းပြီး ၁နာရီတွင်မီးငြိမ်း သွားသည်ဟု တာဝန်ရှိသူများက ပြောကြားသော်လည်း ယခုအချိန်ထိ မီးငြိမ်းသက်လျှက်ရှိနေသည်။

မော်တော်က ဒီဇယ်မော်တော်ပါ။ ဒါပေမယ့် ပေပါဆယ်လုံးမှာ တစ်လုံးနှစ်လုံးလောက် ဓာတ်ဆီပါတယ်ထင်တယ်။ အဲ့ဒါကြောင့် လောင်ကြွမ်းမှုဖြစ်သွားတာ။ မော်တော်က အထက်ကိုဆန်တော့မလို့ စက်ဆရာကို စက်တွေဘာတွေခေါ်စစ်နေတာ။ စစ်နေတုန်းဖြစ်သွားတာဟု မော်တော်ပိုင်ရှင်၏မိတ်ဆွေ ဦးစိန်လင်းက ပြောသည်။

ဖိုးလပြည့် - Popular Myanmar News Journal






ကျောင်းမုန့်ဈေးတန်း အစားအသောက်များ FDA စစ်ဆေးမည်


ရန်ကုန်၊ နိုဝင်ဘာ ၁၁

အခြေခံပညာ စာသင်ကျောင်း မုန့်ဈေးတန်းများတွင် ရောင်းချနေသော အစားအသောက်များ ကျန်းမာရေး ဘေးအန္တရာယ် ကင်းဝေးရေးအတွက် သက်ဆိုင်ရာ မြို့နယ်များ၌ လာမည့် ဒီဇင်ဘာလ နှောင်းပိုင်းမှ စတင်ကာ ဈေးကွက်စစ်တမ်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) မှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က The Voice သို့ ပြောကြားသည်။

ယင်းအစီအစဉ်ကို ကျောင်း ကျန်းမာရေးရှိသော မြို့နယ်တိုင်းတွင် ဆောင်ရွက်သွားရန် ရည်ရွယ်ထားပြီး ကျောင်း မုန့်ဈေးတန်းများတွင် ရောင်းချနေသော ပြည်တွင်း၊ ပြည်ပ အသင့်စားမုန့်များကို စစ်ဆေးမည့် အစီအစဉ်တစ်ခု ဖြစ်ကြောင်း၊ စားသုံးရန် မသင့်သော အစားအစာဟု ဆိုရာတွင် Safety (ဘေးအန္တရာယ် ကင်းရှင်းရေး) ကို အဓိက ဆိုလိုကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ ရောင်းချနေသော အစားအသောက်များတွင် ကျန်းမာရေး ဘေးအန္တရာယ် တွေ့ရှိပါက ပစ္စည်းများ ဖျက်သိမ်းခြင်း၊ အများပြည်သူ သိအောင် စားသုံးရန် မသင့်ကြောင်း ကြေညာခြင်း တို့ ပြုလုပ်သွားမည့် အပြင် ရရှိသော ဓာတ်ခွဲ စစ်ဆေးချက်ပေါ် မူတည်ကာ တရားစွဲဆိုမှုများအထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒေါက်တာထွန်းဇော်က The Voice သို့ ပြောဆိုသည်။

သို့သော် ကျောင်းကျန်းမာရေး အဖွဲ့ဝင်များသည် စိတ်ပါဝင်စားမှု နည်းပါးပြီး တွဲဖက် တာဝန်များ ပိုများလာသောကြောင့် လက်တွေ့ စစ်ဆေးမှုပိုင်းတွင် ထိရောက်မှု အားနည်းကာ ရောင်းချသော ဈေးသည်များကလည်း လိုက်နာမှု လျော့ရဲလာကြောင်း တောင်တွင်းကြီးမြို့နယ် ကျောင်း ကျန်းမာရေး အဖွဲ့ဝင် ဒေါက်တာကျော်ဆွေက ပြောဆိုသည်။
“လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ဒီနည်းတွေ သုံးပြီးပြီ။ ကျောင်းတွေ ဝင်စစ်တာက စစ်တာပဲ။ အောင်မြင်နိုင်မယ်လို့ မယုံကြည်တော့ဘူး” ဟု ၎င်းက ဆက်လက်ဆိုသည်။

လက်ရှိ အခြေခံပညာ စာသင်ကျောင်းများကို လိုက်လံ စစ်ဆေးမည့် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာနတွင် ဝန်ထမ်းဦးရေ စုစုပေါင်း ၁၀၀ ခန့်သာ ရှိပြီး ယင်း လူ့စွမ်းအားအရင်း အမြစ်ပိုင်း လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် ကျန်းမာရေး ဝန်ကြီးဌာနက ဝန်ထမ်းဦးရေ တိုးမြှင့်ခွင့် ပြုထားသည်။

The Voice Weekly

ယာဉ်မောင်းကို ဓားဖြင့်ခုတ်သူ ယာဉ်ပေါ်မှ ပြုတ်ကျသေဆုံး


ရန်ကုန်၊ နိုဝင်ဘာ ၁၁

သာကေတမြို့နယ် အမှတ် (၁) ထူပါရုံ ရပ်ကွက် (၁၃) လမ်းတွင် နိုဝင်ဘာလ ၈ ရက် ည ၈ နာရီ ၃၀ မိနစ်ခန့်က မောင်းနှင်နေသည့် မ.ထ.သ ၄၉ (အဝါ) ဒိုင်နာယာဉ် ပေါ်သို့ ယာဉ်မောင်းနှင့် ပြဿနာဖြစ်သော အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးက တွယ်တက်ကာ ယာဉ်မောင်းကို ဓားရှည်ဖြင့် ခုတ်ရာ ယာဉ်ပေါ်မှပြုတ်ကျကာ သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

သာကေတမြို့နယ် (၁၀) တောင် ရပ်ကွက်တွင် နေသူ အသက် ၃၁ နှစ်အရွယ် ကိုသက်နိုင်ထွန်း မောင်းလာသော ခရီးသည်များ တင်ဆောင်လာသော ဒိုင်နာယာဉ်သည် နိုဝင်ဘာလ ၈ ရက် ည ၈ နာရီဝန်းကျင်ခန့် သာကေတ ရုပ်ရှင်ရုံဘက်သို့ ဇင်ကမာလမ်း အတိုင်း မောင်းနှင်လာစဉ် ယာဉ်ရှေ့ လမ်းလယ်ပိတ်ကာ စက်ဘီးနင်းလာသော အသက် ၂၆ နှစ်အရွယ် ကိုမှုန်ကြီး (ခ)ကျော်သက်ခိုင်က လမ်းဖယ် မပေးသောကြောင့် ယာဉ်မောင်းနှင့် စကားများခဲ့ကြောင်း၊ ယင်းနောက် ဒိုင်နာ ယာဉ်မောင်းက ခရီးသည်များကို မ.ထ.သ ၄၉(အဝါ) ဒိုင်နာယာဉ် ဂိတ်ဆုံးမှတ်တိုင် ဖြစ်သော ရုပ်ရှင်ရုံ မှတ်တိုင်တွင် ချပေးပြီး ၄င်း၏ အိမ်သို့ ယာဉ်ကိုမောင်းနှင်လာခဲ့ကြောင်း၊ အမှတ် (၁) ထူပါရုံ ရပ်ကွက်၊ ၁၃ လမ်း အရောက်တွင် စကားများခဲ့သူ မှုန်ကြီးက အငှားယာဉ်တစ်စင်းဖြင့် လိုက်လာကာ မောင်းနှင်နေသော ဒိုင်နာယာဉ် ဘေးမှ တွယ်တက်ပြီး အရှည်နှစ်ပေခန့်ရှိ ဓားရှည်ဖြင့် ယာဉ်မောင်း၏ ညာဘက် မျက်နှာပြင်ကို ခုတ်ခဲ့ရာ ပြတ်ရှဒဏ်ရာရ ရှိခဲ့ကြောင်း သာကေတမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

"စက်ဘီးစီးသူနဲ့ ကားသမား စကားများပြီး မကျေနပ်ဘူးဆိုပြီး ကားသမား နောက်ကို ဓားယူပြီး တက္ကစီနဲ့ နောက်က လိုက်သွားတာ"ဟု အမှတ် (၁) ထူပါရုံ ရပ်ကွက် အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဓားခုတ်ခံရသော ယာဉ်မောင်းမှာ ယာဉ်ကို အရှိန်တင် မောင်းခဲ့သောကြောင့် ဓားဖြင့်ခုတ်သူသည် ယာဉ်ပေါ်မှ ပက်လက်လန် ပြုတ်ကျခဲ့ပြီး ကတ္တရာလမ်းနှင့် ဦးခေါင်းဆောင့်မိကာ ဒဏ်ရာများ ရရှိခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူက ရှင်းလင်းပြောကြားသည်။

ပြုတ်ကျကာ ဒဏ်ရာရရှိသူကို ထူပါရုံရပ်ကွက် ၁၃ လမ်းတွင် နေထိုင်သူ များက ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကုသ ခဲ့သော်လည်း ဦးနှောက်တွင်းသို့ သွေးယိုစီးကာ နိုဝင်ဘာလ ၈ ရက် ည ၁၀ နာရီခန့်တွင် သေဆုံးခဲ့ကြောင်း အဆိုပါ ရပ်ကွက်နေသူ များထံမှ သိရှိရသည်။

"ဒေါသတကြီးနဲ့ ကားပေါ်တွယ်ကပ်ပြီး ဓားနဲ့ခုတ်တာ။ ကားက မောင်းနေတာကို လက်မြဲအောင် မကိုင်ထားလို့ ပြုတ်ကျတာ" ဟု သာကေတမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲအရာရှိ တစ်ဦးက ဆိုသည်။

ယာဉ်မောင်းကို ဓားဖြင့်ခုတ်စဉ် ယာဉ်ပေါ်မှ ပြုတ်ကျ သေဆုံးခဲ့သောကြောင့် နိုဝင်ဘာလ ၁၀ ရက်နေ့က မ.ထ.သ ၄၉ (အဝါ) ခရီးသည်ယာဉ်မောင်း ကိုသက်နိုင်ထွန်း ကို ယာဉ်(ပ) ၁၉/၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရှိရသည်။

The Voice Weekly

မီတာခ တိုးကောက်မယ့် အစီအစဉ်ကို ဆိုင်းငံ့


ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လျှပ်စစ်ဝန်ကြီးဌာနက တင်ပြလာတဲ့ မီတာခ တိုးကောက်မယ့် အစီအစဉ်ကို ပယ်ချလိုက်ပြီး လာမယ့် ဘဏ္ဍာရေးနှစ်ကျမှ အသစ် ပြန်လည် တင်ပြဖို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဆုံးဖြတ်လိုက်ပါတယ်။

ဒါကို လွှတ်တော်ရဲ့ အဆုံးအဖြတ် ခံယူတာတော့ မလုပ်ခဲ့ပါဘူး။ နိုဝင်ဘာ ၁၂ ရက် ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မီတာခ တက်ရတာနဲ့ ပတ်သက်ပြီး လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဘာကြောင့် မီတာခ တက်ရတယ် ဆိုတာကိုပဲ ရှင်းပြပြီး ဘယ်နှုန်းထား ပြန်လျော့ချမယ်၊ အချိန် ဘယ်လောက် ဆိုင်းမယ်ဆိုတာကို တင်ပြခြင်း မရှိပါဘူး။ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကိုသာ ခံယူမယ်လို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်စဉ် လျှပ်စစ်သုံးစွဲမှု ၁၅ ရာခိုင်နှုန်း တိုးတက်သုံးစွဲနေပြီး လာမယ့် ၂၀၁၄ နွေရာသီဆိုရင် မီဂါဝပ် ၂၃၀၀ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် မီဂါဝပ် ၁၆၅၅ ပဲ အများဆုံး ပေးနိုင်မှာဖြစ်ပြီး မီဂါဝပ် ၇၀၀ ကျော် လိုနေသေးတယ်၊ ဒီအတွက် ရန်ပုံငွေ အများကြီး လိုနေတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

by ဒီဗွီဘီ

ခုနှစ်နှစ်ကလေးကို လူသတ်အလောင်းဖျောက်ခဲ့ဟု ၁၄ နှစ် ကလေးငယ်က ဖြောင့်ချက်ပေး


မြောင်းမြ ၊ နိုဝင်ဘာ ၁၁ ။         ။ မြောင်းမြ မြို့တွင် အသက်  ခုနစ်နှစ်အရွယ် ကလေးတစ်ဦးကို အသက် ၁၄ နှစ်အရွယ်ရှိ ကလေးတစ်ဦးမှ လူသတ်၍ အလောင်းဖျောက်ခဲ့ မှုကို ရဲတပ်ဖွဲ့မှ ဖော်ထုတ်နိုင်ခဲ့ ပြီဖြစ်ကြောင်း မြောင်းမြမြို့ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ သို့ပြောသည်။

နိုဝင်ဘာ ၅ရက်က မြောင်း မြမြို့ အမှတ်(၆)ရပ်ကွက် အောင်မင်္ဂလာ(-)လမ်းနေ မ-----လှိုင် အသက်ခုနစ်နှစ်သည် နေအိမ် အတွင်း ဆော့ကစားနေစဉ်တွင် ရုတ်တ ရက်ပျောက်ဆုံးသွားကြောင်း ဖခင်ဖြစ်သူ ဦးရဲနိုင်ဦးမှ မြောင်း မြရဲစခန်းသို့ လာရောက် တိုင်ကြား ပြီးနောက် သုံးရက်အကြာတွင် ကျောက်အိုင်ရွာအနီး မြောင်းမြ မြစ်ကမ်းတွင် အဆိုပါကလေး၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး နောက် သံသယရှိသူများကိုစစ် ဆေးရာမှ တရားခံဟုဆိုသူက ဝန်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြောင်းမြမြို့ရဲစခန်းမှ တာ ဝန်ရှိသူတစ်ဦးက ''အမှုနဲ့ပတ် သက်ပြီး သံသယရှိတဲ့လူတွေကို စစ်ဆေးရာမှာ နိုဝင်ဘာ ၁၀ ရက် မှာတော့ မောင်---- အသက် ၁၄ နှစ်က ပြစ်မှုကိုကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်''ဟုပြောသည်။ တရားခံဟုဆိုသူ သည် သေဆုံးသူကလေးငယ်၏ မိဘနှင့် အဘွားတို့ကိုမကျေနပ်သဖြင့် အဆို ပါအမှုကိုကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ယင်းနေအိမ် စပါးခွံဂိုဒေါင်ထဲ တွင်ပင် သတ်ခဲ့ပြီးနောက် အလောင်းကို ပီနံအိတ်အတွင်းထည့် ကာ ဒိုဘီကုန်းချောင်း တွင်ပစ်ချ ခဲ့ခြင်းဖြစ် သည် ဟု ဝန်ခံခဲ့ကြောင်း သိရသည်။ အဆိုပါအမှုအား မြောင်းမြ ရဲစခန်းမှ (ပ)၃၅၀/၂၀၁၃၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၀၂အရ အမှု ဖွင့်ထားကြောင်း သိရသည်။

ထူးထူး(မြောင်းမြ)

Yangon Media Group 

နိုင်ငံခြားသင်္ဘောများ မြန်မာ့ပင်လယ်ပြင် ငါးဖမ်းခွင့် ဧပြီလ ၁ ရက် ရပ်ဆိုင်းမည်


ရန်ကုန်၊ နိုဝင်ဘာ ၁၁

နိုင်ငံခြား ငါးဖမ်းသင်္ဘောများကို ငါးဖမ်းဆီးခွင့် ပြုထားသည့် မြန်မာ့ပင်လယ် ငါးဖမ်းလုပ်ငန်းရေပြင် (မြန်မာ့ရေပိုင်နက် သီးသန့်စီးပွားရေးဇုန်မျဉ်း၏ အပြင်ဘက်) တွင် နိုင်ငံခြား သင်္ဘောများ၏ ပင်လယ်ပြင် ငါးဖမ်းဆီးခွင့် (Fishing Right) ကို လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင် ရပ်ဆိုင်းမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနက နိုဝင်ဘာလ ၉ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့တွင် နေပြည်တော် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနရုံးတွင် Fishing Right ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပြီး နောက်တွင် နိုင်ငံခြား သင်္ဘောများ၏ မြန်မာ့ပင်လယ်ပြင် ငါးဖမ်းဆီးခွင့်ကို ရပ်ဆိုင်းမည့် ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

နိုင်ငံခြား ငါးဖမ်းသင်္ဘောများမှာ ထရော်လာ (Trawler) ခေါ် တရွတ်ဆွဲပိုက် များဖြင့် ငါးဖမ်းဆီးသောကြောင့် ပင်လယ်ကြမ်းပြင် ပျက်စီးသည့်အပြင် တရားမဝင် ငါးခိုးဖမ်းခြင်း များလည်း ပြုလုပ်ကြကြောင်း၊ ယင်းကြောင့် တိုင်းရင်းသားလုပ်ငန်းရှင် များ၏ အကျိုးစီးပွားကို ကာကွယ်လို၍ နိုင်ငံခြားသင်္ဘောများ၏ မြန်မာ့ပင်လယ်ပြင် ငါးဖမ်းဆီးခွင့် ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဇံထွေးက ပြောကြားသည်။

မြန်မာ့ ပင်လယ်ပြင်တွင် နိုင်ငံခြား ငါးဖမ်းသင်္ဘောများ ငါးဖမ်းခွင့်ကို ရပ်ဆိုင်း လိုက်ခြင်းမှာ ရေသယံဇာတ မရှိသော အိမ်နီးချင်း ထိုင်းနိုင်ငံအတွက် အကျပ် ရိုက်စေနိုင်သည်ဟု အဏ္ဏဝါဒေဝီ အအေးခန်း ပိုင်ရှင် ဒေါ်တိုးနန္ဒာတင်က သုံးသပ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် နိုင်ငံခြား ငါးဖမ်းသင်္ဘောများ မြန်မာ့ပင်လယ်ပြင်တွင် ငါးဖမ်းဆီးခွင့်ကို ရေသယံဇာတ ရှားပါးလာမှုကြောင့် ရပ်ဆိုင်းသင့်ကြောင်း ရေလုပ်ငန်းကဏ္ဍမှ စီးပွားရေးလုပ်ငန်းရှင် များက တင်ပြခဲ့ကြသည်။

မြန်မာ့ပင်လယ်ပြင်တွင် နိုင်ငံခြားသင်္ဘောများ ငါးဖမ်းခွင့်ကို ၁၉၈၉ ခုနှစ် နိုင်ငံခြား ငါးဖမ်းရေယာဉ်များ ငါးဖမ်း လုပ်ကိုင်ခွင့် ဥပဒေအရ ခွင့်ပြုထားခြင်း ဖြစ်ပြီး မြန်မာ့ပင်လယ်ပြင်တွင် ဝင်ရောက် ငါးဖမ်းနေသည့် နိုင်ငံခြား ငါးဖမ်းရေယာဉ် အစင်း ၆၀ ရှိကြောင်း၊ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၂ သန်းကျော်ကို နိုင်ငံတော်က အခွန်ဘဏ္ဍာအဖြစ် ရရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly

ပါတီရုံးဖွင့်စဉ် မတော်တဆမှုကြောင့် လက်နှစ်ဖက်ပြတ်သွားသူအား ဒေါ်အောင်ဆန်းကြည်၏ အကူအညီတောင်းခံမှုဖြင့် ဂျာမနီကူညီ


ပါတီရုံးဖွင့်ရာတွင် မတော်တဆဖြစ်စဉ်ကြောင့် လက်နှစ်ဖက်ဆုံးရှုံးသွားသော ပါတီဝင်တစ်ဦးအား ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီတောင်းခံမှုကြောင့် ဂျာမနီအစိုးရက လက်နှက်ဖက် အစားထိုးပြန်လည်တပ်ဆင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း အင်းစိန်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးရုံးဖွင့်လှစ်ရန်အတွက် ပါတီအလံ တက်ရောက်တပ်ဆင်ရာတွင် အနီးရှိ ဗို့အား ၃၃၀၀ ခန့်ရှိ လျှပ်စစ်ဝိုင်ယာကြိုးဖြင့် ငြိမိကာ အင်းစိန်မြို့နယ် ကမ်းနားလယ်ရပ်ကွက် ရပ်ကျေးအသင်း အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌ ဦးဇင်မင်းဦးသည် လက်နှစ်ဖက်စလုံး တံတောင်ဆစ်နေရာမှ ပြတ်တောက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
““အန်တီကနေ ဂျာမနီအစိုးရကို ကျွန်တော်ဆေးရုံတက်နေစဉ်မှာ ပြတ်သွားတဲ့လက်နှစ်ဖက်ကို အစားထိုးကုသဖို့ အကူအညီတောင်းတယ်။ ဂျာမနီအစိုးရအကူအညီနဲ့ ကျွန်တော်လက်နှစ်ဖက်ပြန်ရတယ်။ ဘယ်လောက်ကုန်လဲမသိပါဘူး””ဟု ဦးဇင်မင်းဦးက ပြောသည်။

ပြတ်သွားသော လက်နှစ်ဖက်စလုံးကို အစားထိုးတပ်ဆင်ရန်အတွက် ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်မှ ဂျာမနီနိုင်ငံသို့ထွက်ခွာခဲ့ပြီး ဂျာမနီနိုင်ငံတွင် ဆေးကုသခံယူကာ နိုဝင်ဘာ၁၀ ရက်တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ဦးဇင်မင်းဦး၏ အစားထိုးလက်နှစ်ဖက်သည် သာမန်ပကတိလက်ကဲ့သို့ပင် လှုပ်ရှားအသုံးပြုနိုင်သည်ကို တွေ့ရသည်။

7DAY DAILY

ဂျပန်နိုင်ငံ အနုပညာလောကမှာ အောင်မြင်မှု ရရှိနေတဲ့ မြန်မာ မော်ဒယ် အမျိုးသမီးတဦး ရဲ့ အကြောင်း (ရုပ်/သံ)


ဂျပန်နိုင်ငံ အနုပညာ လောကမှာအောင် မြင်မှု ရရှိနေ တဲ့ မြန်မာလူမျိုး မော်ဒယ် အမျိုးသမီးတဦး ရဲ့ အကြောင်း ကိုတော့ ဦးဇော်ဇော်လှိုင် သတင်းပေးပို့ ထားပါတယ်။ DVB TV News



နိုဝင်ဘာ ၁၆ ရက်နေ့ မှာ ပရိသတ် နဲ့ တွေ့ပြီး အချစ်ရေး ကိုပြောပြ တော့မယ့် အိမ့်ချစ်


အိမ့်ချစ်က သူ့ရဲ့ ဒုတိယ တေးစီးရီး အယ်လ်ဘမ် ဖြစ်တဲ့ “အချစ်ရေး” စီးရီးကို နိုဝင်ဘာ ၁၆ ရက်နေ့မှာ စတင် ဖြန့်ချိတော့မယ့် အကြောင်း စာနယ်ဇင်း ရှင်းလင်းမှု တစ်ရပ် ကို နိုဝင်ဘာ ၇ရက်၊ နေ့ခင်း ၁ နာရီက ဗိုလ်ချုပ် လမ်းမကြီးပေါ်ရှိ စင်ထရယ် ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ် ။

အိမ့်ချစ်ရဲ့ “အချစ်ရေး” အယ်လ်ဘမ်ကို ဘိုဘို မြူးဇစ် အင်တာ တိန်းမန့် ကနေ ဖြန့်ချိပေး သွားမှာ ဖြစ်သလို ပရိုမိုးရှင်း ကိုတော့ နိုဝင်ဘာ ၁၆ ရက်နေ့၊ နေ့ခင်း ၃ နာရီမှာ တော်ဝင် စင်တာ အရှေ့ မျက်နှာစာ မှာ ပြုလုပ် သွားမှာဖြစ် ပါတယ်။ လာရောက် ဝယ်ယူမယ့် ပရိသတ် များကိုလည်း နိုဝင်ဘာ ၁၇ ရက်နေ့ ကန်တော်ကြီး မျှော်စင်ကျွန်းရှိုးပွဲ လက်မှတ် အစောင် ၁ဝဝကို ကံစမ်း မဲဖောက်ပေး သွားမှာ ဖြစ် ပြီး ဖျော်ဖြေရေး လည်း လုပ်သွားမယ် လို့ သိရပါတယ်။ Facebook Fan Page က မဲဖောက်ပေးမှု ကိုတော့ ပရိသတ်တွေ အနေ နဲ့ နိုဝင်ဘာ ၁ဝ ရက်နေ့ ကိုနောက်ဆုံး ထားပြီး အ မည်၊ ဖုန်းနံပါတ် နဲ့နေရပ်လိပ်စာ တို့ကို ထည့်သွင်း ရမှာဖြစ်တယ် လို့ သိရပြီး အဲဒီ ပေါက်မဲ နံပါတ် များကို အွန်လိုင်း မှာကြေညာ ပြီးနောက် ဘိုဘို အင်တာ တိန်းမန့် ရုံးခန်းမှာ သွား ရောက်ကာ မျှော်စင်ကျွန်းမှာ ပြုလုပ်မယ့် နိုဝင်ဘာ ၁၇ ရက်နေ့ ရှိုးပွဲ လက်မှတ်များ ကိုထုတ်ယူနိုင် မှာဖြစ်တယ် လို့လည်း အိမ့်ချစ် က ဆက်လက်ပြောပြခဲ့ပါတယ်။

အိမ့်ချစ်က သူ့ရဲ့ ဒုတိယ တစ်ကိုယ်တော် အခွေ “အချစ်ရေး” ထဲမှာ သီချင်းဟောင်း လေးပုဒ် အပါအဝင် စုစုပေါင်း ၁၂ပုဒ် ပါဝင် မှာဖြစ်ပြီး အခု အခွေရဲ့ ထူးခြားချက် က အဖေ ဖြစ်သူ ဦးချစ်ကောင်း ၊မောင်ဖြစ် သူ ပြည့်ဖြိုးပိုင် တို့နဲ့ တွဲဆိုထားတဲ့ “ဒို့ရဲ့ည” သီချင်းတစ်ပုဒ်လည်း ပါတယ်လို့ ပြောပါ တယ်။

ထက်လူလူ
Popular Journal

ဆေးလိပ်ဖြတ်နည်းများ


နီကိုတင်းဆေးဖတ်
(nicotine patch)

အရေပြားတွင်း ထည့်ထားရသည့် ဆေးဖတ်ဖြစ်သည်။ ဆေးလိပ်သောက်လျှင် ခန္ဓာကိုယ်တွင်း ၀င်ရောက်သည့် နီကိုတင်းကို ဆေးလိပ်သောက်စရာမလိုဘဲ အစားထိုးပေးသည်။ ဤနည်းဖြင့် ဆေးလိပ်သောက်လိုသည့် အာသာပြေစေပြီး ခန္ဓာကိုယ် တွင်းထုတ်ပေးသည့် နီကိုတင်းပမာဏ တဖြည်းဖြည်းလျော့ကျလာကာ ဆေးလိပ်ပြတ်စေသည်။

နီကိုတင်းပီကေ
ခံတွင်းနံရံမှတစ်ဆင့် ခန္ဓာကိုယ်တွင်းသို့ နီကိုတင်းအမြန်ဆုံးရောက်ရှိနိုင်သည့် နည်းလမ်းဖြစ်သည်။ ခံတွင်းချဉ်၍ ဆေးလိပ်သောက်ချင်လာသည်နှင့် အမြန်ဆုံးထုတ်ဝါးနိုင်သည်။

နှာခေါင်းဖြန်းဆေး
နှာခေါင်းမှတစ်ဆင့် သွေးတွင်းဝင်နိုင်သည့် နည်းလမ်းဖြစ်သည်။ ဆေးလိပ်ဖြတ်ခြင်းကြောင့် ယင်းထသည့်လက္ခဏာများ ခံစားရသည့်အခါ အသုံးများသည်။ နှာခေါင်းဖြန်း ဆေးကိုယ်တိုင်ပင် ဆေးလိပ်စွဲသလို စွဲတတ်သည့်အတွက် ဆေးလိပ်ဖြတ်စတွင်အသုံးမပြုသင့်ပါ။

လျှပ်စစ်ဆေးလိပ်
ဆေးလိပ်နှင့်ဆင်တူပြီး နီကိုတင်းထုတ်ပေးနိုင်သည်။ ဘက်ထရီ နှင့် လျှပ်စစ်ပတ်လမ်းအသုံးပြု၍ အလုပ်လုပ်သည်။ သို့သော် လတ်တလောတွေ့ရှိချက်များအရ လျှပ်စစ်ဆေးလိပ်များသည်လည်း အသက်ရှူလမ်းကြောင်း ပျက်စီးစေသည်ဟုဆိုသည်။

စိတ်ညို့ကုထုံး
စိတ်ညို့အိပ်မွေ့ချကုထုံးဖြင့် ဆေးလိပ်ပြတ်အောင်ကုသနိုင်သည်။ သို့သော်စိတ်ညို့ကုထုံး၏ ဆိုးကျိုးတစ်ခုမှာအကျင့်ဆိုးတစ်ခုကို ဖျောက်ပစ် လိုက်သော်လည်း နောက်ထပ်အကျင့်ဆိုးတစ်ခု ထပ်ပေါ်လာတတ်သည်။

အပ်စိုက်ကုထုံး
နားရွက်ကိုအပ်စိုက်၍ ကုသသောနည်းလမ်းဖြစ်သည်။ အပ်စိုက် ခြင်းကြောင့် စိတ်ကျေနပ်မှုဖြစ်စေသည့် အင်ဒိုဖင်ဟော်မုန်းများထွက်လာစေပြီး နီကိုတင်းအပေါ် မှီခိုမှု လျော့ကျစေသည်။

ဇော်ကို
Source:Health Central

Health Updates Journal No. 91

ရှောက်သီးမှ ပေးစွမ်းနိုင်သော အလှအပဆိုင်ရာ အာနိသင်များ


ရှောက်သီးကို အလှအပအတွက် သဘာဝ အိမ်သုံးပစ္စည်းအဖြစ် အသုံးပြုနိုင်ပါတယ်။

(၁) ဆံသားတောက်ပြောင်စေတယ်

ခေါင်းလျှော်ပြီးတဲ့အခါ ဆံသားအနှံ့ကို ရှောက်ရည်တစ်ဆနဲ့ ရေတစ်ဆရောထားတဲ့ အရည်ကို လိမ်းပါ။ မိနစ် အနည်းငယ် ထားပြီးနောက် ရေနဲ့ သန့်စင်ပေးပါက ဆံသားတွေ တောက်ပြောင်လှပစေပါတယ်။

(၂) မျက်နှာလိမ်း တိုနာအဖြစ် အသုံးပြုနိုင်တယ်

ရှောက်ရည်က ချွေးပေါက်တွေကို ကျုံ့စေတဲ့ အာနိသင်ရှိပါတယ်။ ရှောက်ရည် အနည်းငယ်ကို ဂွမ်းစအနည်းငယ်နဲ့ တို့ယူပြီး တိုနာအဖြစ် သင့်မျက်နှာပေါ်မှာ လိမ်းပေးပါက မျက်နှာအဆီပြန်တာကို သက်သာစေပါတယ်။

(၃) လက်သည်းဖြူစေတယ်

လက်သည်းအရောင်က ဝါကြန့်ကြန့်ဖြစ်လို့ အရောင်မလှ ဖြစ်နေရင် ရှောက်ရည်ကို အသုံးပြုနိုင်ပါတယ်။ ရှောက်သီးကို အရည်ညှစ်ပြီး ပန်းကန်တစ်ခုထဲ ထည့်ပါ။ အဲဒီပန်းကန်ထဲကို လက်ချောင်းလေးတွေ ထည့်စိမ်ထားပြီး မိနစ်အနည်းငယ် ကြာတဲ့အခါ လက်မှာ စွန်းထင်းနေတာတွေ ပျောက်ပြီး လက်သည်းတွေ ဖြူဖွေးလာပါလိမ့်မယ်။

(၄) ချွေးနံ့ပျောက်စေတယ်

ရှောက်ရည်ထဲမှာပါဝင်တဲ့ စစ်ထရစ် အက်စစ်က အနံ့အသက်ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားနိုင်တဲ့ အာနိသင် ရှိတာကြောင့် ချိုင်းချွေးနံ့ ပျောက်လိုပါက ချိုင်းအောက်မှာ သုတ်လိမ်းပေးနိုင်ပါတယ်။

(၅) တင်းတိပ်တွေကို ဖယ်ရှားပေးတယ်

ရှောက်ရည်က တင်းတိပ်နဲ့ သက်ကြီး အစက်အပြောက်တွေကို ဖယ်ရှားပေးတယ်လို့ ယုံကြည်မှု အစွဲအလမ်းတွေ ရှိတတ်ကြပါတယ်။ ရှောက်ရည်ကို ဂွမ်းစနဲ့တို့ပြီး အစက်အပြောက်ရှိတဲ့ နေရာကို တစ်နေ့တစ်ကြိမ် လိမ်းပေးပါ။

(၆) အစွန်းအထင်းတွေကို ဖယ်ရှားပေးတယ်

အဝတ်အစားတွေမှာ အစွန်းအထင်းတွေ ရှိခဲ့ရင် ရှောက်ရည်နဲ့ အစွန်း ချွတ်ပေးနိုင်ပါတယ်။ မပျက်ဘဲ စွဲထင်နေမယ်ဆိုရင်တော့ ရှောက်ရည်ကို ဆားနဲ့ရောပြီး အစွန်း ချွတ်ပေးနိုင်ပါတယ်။ အဝတ်စက နူးညံ့လွန်းတဲ့အစ ဖြစ်နေရင်တော့ ရှောက်ရည်တစ်မျိုးတည်းကိုသာ အစွန်းချွတ်ဆေးအဖြစ် အသုံးပြုပါ။

(၇) ဗောက်ပျောက်စေတယ်

ရှောက်ရည်ကို ဗောက်မထအောင် ကာကွယ်တဲ့ အနေနဲ့တော့ အသုံးပြုလို့ မရပါဘူး။ ဗောက်ထနေခဲ့ရင်တော့ ဦးရေပြားပေါ်က ဗောက်တွေကို ဖယ်ရှားဖို့ အသုံးပြုနိုင်ပါတယ်။ ရှောက်ရည်ကို ဆံသားအနှံ့လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပါ။ ၁၀ မိနစ်လောက် ထားပြီးမှ လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ပါ။

(၈) ကြေးချွတ်ဆေးအဖြစ် အသုံးပြုနိုင်တယ်

ရှောက်ရည်၊ ဆားနဲ့ သံလွင်ဆီတို့ကို ဆတူရောပြီး သဘာဝ ကြေးချွတ်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)
By Good Health

မိမိအသက်ကိုမိမိ ရန်ရှာစေသည့် အကြောင်းများ


(၁) အမျိုးသားဖြစ်ခြင်း
အမျိုးသားများတွင် မိမိအသက်ကိုမိမိ ရန်ရှာနှုန်းမြင့်မားလေ့ရှိသည်။ မိမိကိုယ်ကိုသတ်သေသည့်အခါတွင်လည်း အမျိုးသားများတွင် သေဆုံးနိုင်ချေ လေးဆပိုများသည်။

(၂) အသက်
အသက် (၁၉) နှစ်အောက်ငယ်သူများနှင့် (၄၅) နှစ်အထက်ရှိသူများတွင် မိမိကိုယ်ကိုသတ်သေနှုန်းမြင့်မားသည်။

(၃) စိတ်ကျရောဂါ
စိတ်ကျရောဂါရှိသည်ဟု သတ်မှတ်ခံရသူများတွင် သတ်သေနိုင်သည့် အန္တရာယ်ရှိသည်။ သာမန် စိတ်ဓါတ်ကျရုံမျှဖြင့် သတ်သေနိုင်သည့် အန္တရာယ်မရှိပေ။

(၄) ယခင်ကသတ်သေရန်ကြိုးစားဖူးခြင်း
ယခင်ကသတ်သေလိုသည့် အကြံအစည်ရှိခြင်း၊ ကာယကံ မြောက်ကြိုးစားဖူးခြင်းစသည့် ရာဇ၀င်ရှိသူများတွင် သတ်သေရန် နောက်တစ်ဖန်ကြိုးစားတတ်သည်။ စိတ်ပိုင်းဆိုင်ရာ ကုသမှုတစ်မျိုးမျိုးခံယူဖူးသူမည်သူမဆို အခြားသူများထက် မိမိအသက်ကို ပိုမိုရန်ရှာတတ်သည်။

(၅) အရက်နှင့်ဆေးအလွန်အကျွံသုံးစွဲခြင်း
အရက်မူးခြင်း၊ ဆေးလွန်ခြင်းသည် သတ်သေလိုသည့်အကြံအစည်ကို လက်တွေ့လုပ်ဆောင်ဖြစ်စေရန် တွန်းအားပေးနိုင်သည်။

(၆) အိမ်ထောင်ကွဲခြင်း၊ ကွာခြင်း၊ အိမ်ထောင်ဖက် သေ ဆုံးခြင်း
အကြောင်းအမျိုးမျိုးကြောင့် အထီးကျန်ဖြစ်နေသူများသည် အိမ်ထောင်ရက်သားကျပြီး တည်ငြိမ်သော ဆက်ဆံရေးရှိသူများထက် သတ်သေနှုန်းမြင့်မားသည်။

(၇) သေဆုံးရန် စနစ်တကျ ပြင်ဆင်ထားခြင်း
ကျွမ်းကျင်သူများ၏အဆိုအရ အချို့ပုဂ္ဂိုလ်များတွင် ဆရာဝန်များ နှင့်တွေ့ဆုံခြင်း၊မိတ်ဆွေများ၊ ဆွေမျိုးများနှင့်တွေ့ဆုံခြင်း၊ “နောက်ဆုံးတစ်ခေါက်လာ လည်ခြင်း” ဟုအဓိပ္ပါယ်ရသော စကားများပြောဆိုခြင်း၊ မှတ်တမ်းမှတ်ရာများ ရေးသားနေခြင်း စသည်တို့ကို စနစ်တကျ ပြုလုပ်နေပါက မကြာမီမိမိကိုယ်ကို သတ်သေမည့် အန္တရာယ်ရှိကြောင်း သတိပြုရန်လိုသည်။

သီဟ
Ref: Health Central

Health Updates Journal No. 91

“မိုးစက်ဝိုင်ဖောင်ဒေးရှင်း”ကို အမြန်ဆုံးတည်ထောင်၍ ပရဟိတလုပ်ငန်းများလုပ်ဆောင်မည်


ပန်းမြတ်ဇော်|အင်္ဂါနေ့၊ နိုဝင်ဘာလ ၁၂၊ ၂၀၁၃ ခုနှစ်

Miss Universe 2013 ပြိုင်ပွဲသို့ မြန်မာကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မိုးစက်ဝိုင်သည် သူမ၏ အမည်ဖြင့် ဖောင်ဒေးရှင်းတည်ထောင်ကာ ပရဟိတလုပ်ငန်းများကို အမြန်ဆုံးလုပ်ဆောင်သွားမည်ဖြစ် ကြောင်းမိုးစက်ဝိုင်က မဇ္ဈိမသို့ ပြောကြားလိုက်သည်။

မိုးစက်ဝိုင်သည် ရုရှနိုင်ငံမော်စကိုမြို့တွင် နိုဝင်ဘာ ၉ ရက်က ကျင်းပသည့် Miss Universe 2013 ပြိုင်ပွဲ သို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် မြန်မာနိုင်ငံသို့ ပြန် လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

“မိုးစက်ရဲ့ဖောင်ဒေးရှင်း ဖွဲ့စည်းဖို့ အခုခွင့်ပြုချက်တင်ထားပါတယ်။ ခွင့်ပြုချက်ရတာနဲ့ အမြန်ဆုံး အကောင်အထည်ဖော်မှာပါ။ ဘယ်အတွက်ရည်ရွယ်ပြီး လုပ်တာမျိုးမဟုတ်ဘဲအမှန်တကယ် လိုအပ်တဲ့ နေရာတွေမှန်သမျှကို လုပ်ကိုင်သွားမှာပါ”ဟု Miss Universe 2013 မိုးစက်ဝိုင်က ပြောသွားခဲ့သည်။

မိုးစက်ဝိုင်သည် Miss Universe ပြိုင်ပွဲကို မြန်မာကိုယ်စားပြုအဖြစ် နှစ်ပေါင်း ၅၀ ကျော်မှ ပထမဆုံးဝင် ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သူတစ်ဦးဖြစ်သည်။ သို့သော်လည်း မိုးစက်ဝိုင်သည် Miss Universe ပြိုင်ပွဲ၏ နောက်ဆုံးဆန်ခါတင် ၁၆ ဦးတွင် ပါဝင်နိုင်ခြင်းမရှိခဲ့သည့်အပြင် ပရိသတ်များမှပေးအပ်သည့် People Choice ဆုကိုလည်း ဆွတ်ခူးနိုင်ခြင်းမရှိ ခဲ့ခြင်းအပေါ် ၎င်းက “၁၆ ယောက်ထဲပါဝင်ဖို့ဆိုတာ အရမ်းခက်ပါတယ်။ မိုးစက်အနေနဲ့က ဒါကိုမတရားဘူးလို့ ပြောလို့မရဘူး။ သူများတောင်မှ ကိုယ့်ထက်အများကြီး ပြင်ဆင်ပြီး ကြိုးစားကြတာတောင် မပါဘူးဆိုတော့ ဒါကိုမတရားဘူးပြောရင် မိုးစက်မတရားဘူးဖြစ်သွား မှာပေါ့။ ဒါပေမဲ့ မိုးစက်အတတ်နိုင်ဆုံး၊ အကောင်းဆုံးလုပ်ခဲ့တယ်။ နောင်တရစရာမရှိဘူး”ဟု ပြောကြား သည်။

မိုးစက်ဝိုင်သည် မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းတွင် ပြည်ပသို့ မြန်မာကိုယ်စားပြု ၀င် ရောက်ယှဉ်ပြိုင်သည့် အလှမယ်များတွင် ငါးဦးမြောက်အလှမယ်ဖြစ်လာခဲ့သည်။

Mizzima - News in Burmese  

အင်ဒိုနီးရှားရှိ မြန်မာသံရုံးဗုံးခွဲရန် ကြံစည်သူနှစ်ဦး ရုံးတင်စစ်ဆေး


အင်ဒို နီးရှားအခြေစိုက် မြန်မာသံရုံးအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့သူများ အဖြစ် သံသယရှိသူနှစ်ဦးကို နို ဝင်ဘာ၁၁ရက်တွင် ရုံးတင်စစ်ဆေး ခဲ့သည်ဟု သိရသည်။ ရုံးတင်စစ်ဆေးခံရသူနှစ်ဦး မှာ ရိုခါဒီ၂၈နှစ်နှင့် တူဖစ်ခ် ၂၂နှစ် တို့ဖြစ်ကြပြီး မေလတွင်တိုက်ခိုက် ရန် ကြံစည်ခဲ့မှုအတွက် သေဒဏ် ကျခံရဖွယ်ရှိနေသည်ဟု သိရသည်။

ရိုခါဒီသည် အကြမ်းဖက်တိုက်ခိုက် မှုအတွက် ရန်ပုံငွေစုဆောင်းရှာ ဖွေသူအဖြစ် စွပ်စွဲခံထားရပြီး တူ ဖစ်ခ်သည် ဗုံးဖောက်ခွဲရန်အတွက် အကူအညီပေးခဲ့သူဟု ယူဆရ ကြောင်း အင်ဒိုနီးရှားရဲဌာန၏ ပြောကြားချက်အရ သိရသည်။

တူဖစ်ခ်ကို ဗုံးဖောက်ခွဲရန် အစီအစဉ်မတိုင်မီ ညပိုင်းအချိန် ၌ ဂျကာတာတောင်ပိုင်းတွင် အခြားသူတစ်ဦးနှင့် ဆိုင်ကယ် စီးနင်းလာစဉ် သက်ဆိုင်ရာတာ ဝန်ရှိသူများက ဖောက်ခွဲရေးကိရိ ယာများနှင့်အတူ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ မြန်မာသံရုံးအား ဗုံးခွဲတိုက် ခိုက်ရန်ကြံစည်ခဲ့သော အဆိုပါ သံသယရှိဖွယ် တရားခံနှစ်ဦးသည် အင်ဒိုနီးရှား အစွန်းရောက်ဝါဒီ များဖြစ်သည်ဟုသိရှိရပြီး မြန်မာ နိုင်ငံတွင်ဖြစ်ပွားခဲ့သော မူဆလင်- မြန်မာလူမျိုး ပဋိပက္ခအပေါ်တွင် လက်စားချေရန် ရည်ရွယ်ချက် ဖြင့် ယင်းသို့ကြံစည်ခဲ့ခြင်းဖြစ် သည်ဟု AFP သတင်းဌာနက ရေးသားဖော်ပြထားသည်။

ရှေ့နေ များ၏ တရားရုံးတော်သို့ လျှောက် လဲချက်များအရ အဆိုပါနှစ်ဦး သည် အင်ဒိုနီးရှား နီဂါရာအစ္စ လာမ္မစ်အစွန်းရောက် အဖွဲ့ဝင် များဖြစ်သည်ဟု သိရသည်။

Yangon Media Group

တောင်ကိုရီးယား အမျိုးသမီး တိုက်စစ်မှူး လိင်ကွဲပြားမှု စစ်ဆေးရန် ဖိအားပေးခံနေရ


ဆိုးလ်စီးတီး အသင်း၏ တိုက်စစ်မှူး ပါ့ခ်အွန်ဆွန်းကို ကလပ်အသင်း အမြောက်အမြားက အမျိုးသမီး အစစ်ဟုတ်မဟုတ် စစ်ဆေးမှု ပြုလုပ်ပေးရန် တောင်းဆိုနေ

လိင်မကွဲပြားမှု သံသယများ၏ နောက်ဆက်တွဲ ဂယက် ရိုက်ခတ်လာမှုကို တောင်ကိုရီးယား အမျိုးသမီး ဘောလုံးအသင်းတစ်ခု ကြုံတွေ့နေရပြီ ဖြစ်သည်။ ဆိုးလ်စီးတီး အသင်း၏ တိုက်စစ်မှူး ပါ့ခ်အွန်ဆွန်းကို ကလပ်အသင်း အမြောက်အမြားက အမျိုးသမီး အစစ်ဟုတ်မဟုတ် စစ်ဆေးမှု ပြုလုပ်ပေးရန် တောင်းဆိုနေပြီး အကယ်၍ အားကစား ကောင်စီက မလိုက်လျောပါက အမျိုးသမီး အမှတ်ပေး ပြိုင်ပွဲများတွင် မပါဝင်ဘဲ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ထားကြသည်။ (၂၀၁၃) ဘောလုံးရာသီအတွင်း ပြိုင်ဘက် ခံစစ်သမားများကို အံ့မခမ်း ဘောလုံးစွမ်းရည်များဖြင့် လှည့်စားကာ (၂၂)ပွဲတွင် (၁၉)ဂိုး ရရှိခဲ့သော ပါ့ခ်သည် အမျိုးသား ဘဝမှ ခွဲစိတ်မှု ခံယူပြောင်းလဲထားသူဟု ပြိုင်ဘက် ကလပ်အသင်း နည်းပြများက သံသယ ဝင်နေကြသည်။

သတင်းများက အမျိုးသမီး အမှတ်ပေးပြိုင်ပွဲဝင် စုစုပေါင်း (၇)သင်းသာ ရှိသည့်အနက် (၆)သင်း၏ နည်းပြများက ပါ့ခ်ကို လိင်စစ်ဆေးမှု ပြုလုပ်ရန် ဖိအားပေး တောင်းဆိုနေကြောင်း ဖော်ပြခဲ့သည်။ ဆိုးလ် အားကစားကောင်စီကမူ မလိုအပ်ဘဲ ထပ်မံစီစစ်သွားရန် အစီအစဉ် မရှိဟု ပြောကြားထားသည်။ FIFA အသိအမှတ်ပြု နိုင်ငံတကာ ပြိုင်ပွဲတစ်ရပ်ရပ်တွင် ပါဝင်ကစားမှု မပြုမချင်း ပါ့ခ်ကို လိင်ကွဲပြားစေရန် စစ်ဆေးမှု ပြုလုပ်စရာ မလိုဘဲ အတင်းအကျပ် ဖိအားပေးမှုသည် လူ့အခွင့်အရေးကို ကြီးမားစွာ ချိုးဖောက်မှုမျိုး ဖြစ်နိုင်ကြောင်း ကောင်စီက မှတ်ချက်ပေးထားသည်။

"ပါ့ခ်အနေနဲ့ ဒါမျိုးစွပ်စွဲခံရတာ ဒုတိယ အကြိမ်ပါ။ အတင်းအကျပ် စစ်ဆေးမှုတိုင်းဟာ လူ့အခွင့်အရေးကို ကြီးကြီးမားမား ချိုးဖောက်မှု ဖြစ်လာပါလိမ့်မယ်။ ပါ့ခ်ရဲ့ လိင်ကွဲပြားမှု ရှိမရှိမေးခွန်းဟာ နောက်တစ်ကြိမ် ထွက်ပေါ်မလာသင့်ပါဘူး။ ဆိုးလ် အားကစား ကောင်စီအနေနဲ့ အားကစားသမားတိုင်းရဲ့ လူ့အခွင့်အရေး ရပိုင်ခွင့်တွေကို ထိထိရောက်ရောက် အကာအကွယ်ပေး ရပ်တည်သွားမှာပါ"ဟု ကောင်စီ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောဆိုသွားခဲ့သည်။ ကိုရီးယား ဘောလုံးအဖွဲ့ချုပ်ကလည်း ပါ့ခ်သည် အသက်(၁၅)နှစ် အရွယ်တွင် လိင်ကွဲပြားမှုအတွက် စစ်ဆေးမှု ခံယူပြီး အမျိုးသမီး အစစ်အဖြစ် အတည်ပြုပေးခဲ့သည်။ သူမသည် ယခုအခါ အသက်(၂၆)နှစ် ရှိနေပြီဖြစ်သည်။

Planet Myanmar Network

နယူးယောက်တွင် ဆိုင်ကယ်ဂိုဏ်းတစ်ခု ကားလိုက်ရိုက်မှုဖြစ်


နယူးယောက်မြို့ မှာ ဒီလို မှုခင်း ဖြစ်လိမ့်မယ်လို့ ထင်မထားပါဘူး။ ဘာကြာင့်လဲ ဆိုတော့ ပြစ်မှု ကျူးလွန်သူထဲမှာ နယူးယောက်မြို့  က ရဲတစ်ဦးပါ ပါဝင်နေလို့ ဖြစ်ပါတယ်။ ရဲကတော့ Undercover လို့ခေါ်တဲ့ အရပ်သားယောင်ဆောင် အမှုလိုက်နေတဲ့ ရဲ ဖြစ်ပြီး အသက် ၃၂ နှစ်ရှိပါပြီ။

နေ့ခင်းကြောင်တောင် မြို့လမ်းပေါ် သွားနေတဲ့ Range Rover SUV တစ်စီးနောက်ကို ဆိုင်ကယ်ပေါင်း ၁၁ စီးက လိုက်ပါတယ်။ ဆိုင်ကယ်ဦးထုတ်ကိုယ်စီ စောင်းထားပြီး ကားနောက်ထပ်ကြပ်မကွာ လိုက်နေပုံက ပတ်ဝန်းကျင်ကိုလည်း သိသာစေခဲ့ပါတယ်။ ဒါကို သတိထားမိတဲ့ အရပ်သား မော်တော်ယာဉ် တစ်ခုက မှတ်တမ်းဗီဒီယိုလိုက်ရိုက်ပြီး မှုခင်းသက်သေပေးတော့ Undercover ရဲလည်း အဖမ်းဆီး ခံလိုက် ရပါတယ်။

ဗီဒီယိုအရ ကားနောက်ထပ်ကြပ်မကွာလိုက်ပြီး မီးပွိုင့်မိတုန်း ဆိုင်ကယ်ပေါ်က ဆင်းပြီး မှန်ဝိုင်းခွဲ၊ အတွင်းက ဒရိုင်ဘာကိုပါ ကားပေါ်ကနေ ဆွဲထုတ်ပါတယ်။ နောက်တော့ ဒရိုင်ဘာဟာ ကားကို ထားခဲ့ပြီး ထွက်ပြေးရ ပါတယ်။ ဘာကြောင့်မို့ အုပ်စုဖွဲ့ပြီး ယခုလို ရန်းကားတယ်ဆိုတာကို အဖြေရှာနေဆဲပါပဲ။ ရဲတစ်ဦး အနေနဲ့ ပါဝင်နေတာကလည်း သံသရ ရှိစရာ ဖြစ်ပါတယ်။ သို့ပေမယ့် ပြစ်မှုကျူးလွန်သူ နယူးယောက်မြို့ ခံ ရဲဟာ အပြစ် ထင်ရှားရင် ထောင်ဒဏ် ၂၅ နှစ်ကျခံရဖွယ် ရှိကြောင်း သိရ ပါတယ်။
.
Ref: autoblog
ColayAutomobile

ဟယ်လန်ကို မျက်နှာဖုံးတင်ရန် Playboy ပိုင်ရှင်ကိုယ်တိုင် ဆွေးနွေးရန်စီစဉ်


Playboy၏ အယ်ဒီတာချုပ် အဖြစ်လည်း တာဝန်ယူထားသည့် ဟုဂ်ျဟက်ဖ်နာသည် လာမည့်နှစ် အစောပိုင်းတွင် ထုတ်ဝေမည့် မဂ္ဂဇင်း၏ မျက်နှာဖုံးရှင် နေရာအတွက် အသက်(၂၃)နှစ်ရှိ မော်ဒယ်လ်ကို အထူးတလည် လိုလား တောင့်တနေကြောင်း သတင်းများက ဖော်ပြခဲ့
ဟယ်လန်ကို မျက်နှာဖုံးတင်ရန် Playboy ပိုင်ရှင်ကိုယ်တိုင် ဆွေးနွေးရန်စီစဉ်

နာမည်ကျော် ကာလသားကြိုက် မဂ္ဂဇင်းကြီး Playboy၏ မျက်နှာဖုံးရှင်အဖြစ် ဟယ်လန် ဖလာနာဂန်ကို ရွေးချယ်ရန် မဂ္ဂဇင်းပိုင်ရှင်ကိုယ်တိုင် ဆွေးနွေးမည်ဟု သိရသည်။ Playboy၏ အယ်ဒီတာချုပ် အဖြစ်လည်း တာဝန်ယူထားသည့် ဟုဂ်ျဟက်ဖ်နာသည် လာမည့်နှစ် အစောပိုင်းတွင် ထုတ်ဝေမည့် မဂ္ဂဇင်း၏ မျက်နှာဖုံးရှင် နေရာအတွက် အသက်(၂၃)နှစ်ရှိ မော်ဒယ်လ်ကို အထူးတလည် လိုလား တောင့်တနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဟုဂ်ျသည် ယင်းအခြေအနေအတွက် လော့စ်အန်ဂျလိစ်ထိ သွားရောက်ပြီး ဟယ်လန်နှင့် ဆွေးနွေးဖွယ် ရှိနေသည်။ ပြီးခဲ့သည့်လက ဟုဂ်ျနှင့် ဟယ်လန်တို့ တွေ့ဆုံဖြစ်ခဲ့ရာ ဟုဂ်ျက ဟယ်လန်တွင် Playboy မဂ္ဂဇင်း မျက်နှာဖုံးရှင် ဖြစ်ထိုက်သည့် ကိုယ်ရည်ကိုယ်သွေးအားလုံး ပြည့်စုံနေသည်ဟု ယုံကြည်ခဲ့ကြောင်း နီးစပ်သူများက မှတ်ချက်ပြုခဲ့သည်။

အသက်(၈၇)နှစ်ရှိ ဟုဂ်ျ၏ မိတ်ဆွေတစ်ဦးက "Playboy မဂ္ဂဇင်း တာဝန်ရှိသူတွေ အားလုံးက ဟယ်လန်ဟာ မျက်နှာဖုံးရှင် ဖြစ်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။ နှစ်တိုင်းနှစ်တိုင်း မိန်းကလေးတွေ အများကြီးကို မျက်နှာဖုံးရှင် နေရာအတွက် သူတို့စဉ်းစားကြတာပါ။ ဒါပေမဲ့ ဟယ်လန်ကိုတော့ ဟုဂ်ျကိုယ်တိုင်က အထင်ကြီးနေပြီး သူ့အတွက် အခွင့်အရေးက အများကြီး ပိုမြင့်မားနေပါတယ်။ ဟုဂ်ျက ဗြိတိသျှ အမျိုးသမီးတွေကို သဘောကျပါတယ်။ ပြီးတော့ ဟယ်လန်ဟာ အံ့ဩစရာ ထူးခြားတဲ့ အမျိုးသမီး တစ်ယောက်လို့လည်း သူက ယူဆထားတယ်။ ပြီးတော့ Playboyရဲ့ မျက်နှာဖုံးရှင်အဖြစ် လုံးဝ ထိုက်တန်ကြောင်း သူကိုယ်တိုင် အကြွင်းမရှိ ယုံကြည်ထားတာပါ"ဟု ပြောကြားသွားခဲ့သည်။ ဟုဂ်ျသည် ဒီဇင်ဘာလ အစောပိုင်းခန့်တွင် ဟယ်လန်နှင့် ညှိနှိုင်းမှုများ ပြုလုပ်ဖွယ် ရှိနေပြီး အကယ်၍ အဆင်ပြေ ချောမွေ့ပါက ဇန်နဝါရီလထုတ် မဂ္ဂဇင်းတွင် ဟယ်လန်က မျက်နှာဖုံးရှင် ဖြစ်လာနိုင်ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

ခုနစ်နှစ်အရွယ် မိန်းကလေးကို သတ်ပြီး ပီနံအိတ်ဖြင့် ထုပ်လျက် မြောင်းမြမြစ်အတွင်း စွန့်ပစ်ခဲ့သူ ၁၄ နှစ်အရွယ် လူငယ်အား ဖော်ထုတ်နိုင်ခဲ့



မြောင်းမြမြို့တွင် နိုဝင်ဘာ ၅ ရက်က ဖြစ်ပွားခဲ့သော အသက် ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ရုတ်တရက် ပျောက်ဆုံးခဲ့ပြီး သုံးရက်အကြာတွင် ပီနံအိတ်ဖြင့်ထည့်လျက် ပြန်လည်တွေ့ရှိရသည့် လူသတ်အလောင်း ဖျောက်ဖျက်မှုနှင့် ပတ်သက်၍ ကျူးလွန်ခဲ့သည်ဟု ဆိုသော စွပ်စွဲခံရသူကို မြောင်းမြရဲစခန်းမှ နိုဝင်ဘာ ၁၀ ရက်တွင် ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၅ ရက်တွင် မြောင်းမြမြို့ အမှတ် (၆) ရပ်ကွက်၊ အောင်မင်္ဂလာ(၁)လမ်းတွင် မိဘများဖြစ်သူ ဦးရဲနိုင်ဦး၊ ဒေါ်သင်းမြတ်ဦးတို့၏ သမီးဖြစ်သူ မနှင်းသီရိလှိုင် အသက် (၇ နှစ်) သည် နေအိမ်အတွင်း ဆော့ကစားနေစဉ် ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပြီး သုံးရက်အကြာတွင် မြောင်းမြမြစ်အတွင်း ကျောက်အိုင်ရွာ ဘက်ကမ်းတွင် သေဆုံးလျက် ပြန်လည် တွေ့ရှိရကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မြောင်းမြရဲစခန်းမှ လူပျောက်မှုမှ လူသတ်မှုသို့ ပြောင်းလဲစစ်ဆေး စုံစမ်းရာ ဖိုးလုံး (၁၄) နှစ် (ဘ) ဦးအောင်နိုင် (မွေးစား ဖခင်) မှ ကျူးလွန်ခဲ့သည်ဟု ၀န်ခံခဲ့ကြောင်း၊ အခင်းဖြစ်သည့်နေ့တွင် ဖိုးလုံးမှာ အခင်းဖြစ်ပွားရာ နေအိမ်တွင်းရှိ ဂိုဒေါင်တွင် စပါးခွံများ သွားရောက် သယ်ဆောင်ခဲ့ကြောင်း၊ ဂိုဒေါင်သော့ကို သေဆုံးသူ ကလေးငယ်မှ လာရောက် ဖွင့်ပေးခဲ့ကြောင်း၊ ဒုတိယအကြိမ် သွားရောက် သယ်ဆောင်ရာတွင် သေဆုံးသူမှ ရောက်လာပြီး ''မြန်မြန်လုပ်၊ မပြီးသေးဘူးလား'' ဟု ပြောဆိုခဲ့ကြောင်း၊ ကလေးငယ် ဂိုဒေါင်ဝမှ လှည့်ပြန်စဉ် ဖိုးလုံးက ကလေးငယ်ကို နောက်မှလက်ပြန်ရိုက်၍ ၀ဲဘက်လက်ဖြင့် ကလေးငယ်၏ ကုပ်ကိုကိုင်၍ ယာဘက်လက်ဖြင့် နှာခေါင်းနှင့် ပါးစပ်အား ပိတ်ထားခဲ့ကြောင်း၊ ကလေးငယ်မှ ရုန်းကန်နေသဖြင့် ဂိုဒေါင်ထဲသို့ ဆွဲခေါ်သွားခဲ့ပြီး ရုန်းကန်နေသော ခြေနှစ်ချောင်းအား ၎င်း၏ခြေနှစ်ဖက်ဖြင့်ညှပ်ကာ လက်နှစ်ဖက်ဖြင့် ကလေးငယ်၏ ပါးစပ်နှင့် နှာခေါင်းတို့ကို ပိတ်ထားစဉ် ကလေးငယ်မှာ သေဆုံးသွားခဲ့ကြောင်း၊ ယင်းနောက် အလောင်းကို ဂိုဒေါင်အတွင်းရှိ ပီနံအိတ် အတွင်းထည့်၍ ဂိုဒေါအတွင်း ထောင်ထားကာ ဂိုဒေါင်အပြင်သို့ လူရှင်းမရှင်း ထွက်ကြည့်၍ လူရှင်းသောကြောင့် အလောင်းထည့်ထားသော ပီနံအိတ်ကို ထမ်းကာ ဒိုဘီကုန်းချောင်း အတွင်းသို့ ပစ်ချခဲ့ကြောင်း မောင်ဖိုးလုံး၏ ကျူးလွန်ခဲ့ပုံကို ပြန်လည် သရုပ်ပြ စစ်ဆေးရာမှ သိရသည်။

ယင်းကဲ့သို့ ကျူးလွန်ရခြင်းမှာ သေဆုံးသူ၏ အဘွားဖြစ်သူက ၎င်းတို့အား မွန်းလွဲ ၂ နာရီမှ ထမင်းကျွေးကြောင်း၊ ထမင်းကျွေးရာတွင်လည်း ဟင်းဖြင့်မကျွေးဘဲ ခေါက်ဆွဲဖြင့်သာ ကျွေးကြောင်း၊ စိတ်မထင်လျှင် ပါးနှစ်ဖက်အား အကြိမ်ကြိမ် ရိုက်နှက်ခဲ့ကြောင်း၊ သေဆုံးသူ၏ ဖခင်မှလည်း ၎င်းအား အိပ်ရာနှိုးစဉ် မထ၍ လက်ဖြင့်အကြိမ်ကြိမ် ရိုက်နှက်ခဲ့သည်ကို မကျေနပ်သဖြင့် ယခုလို ကျူးလွန်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
Eleven Media Group

မန္တလေး-မင်းကွန်း ခရီးစဉ်အား အဆင့်မြင့် ရေယာဉ်များဖြင့် နိုဝင်ဘာ ၁၅ ရက်တွင် ပြေးဆွဲမည်

(မင်းကွန်းထင်းဝင်း ဆိပ်ကမ်းတွင် အဆင့်မြင့်ရေယာဉ်များ ရပ်နားထားစဉ်)

ပြည်တွင်း၊ ပြည်ပ ခရီးသွားများအတွက် မန္တလေး-မင်းကွန်း ခရီးစဉ်အား အဆင့်မြင့် ရေယာဉ်များဖြင့် နိုဝင်ဘာ ၁၅ ရက်တွင် စတင်ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ မန္တလေး-မင်းကွန်း ခရီးစဉ်အား ယခင်က နိုင်ငံခြားသား ခရီးသည် သီးသန့်ပို့ဆောင်ရေး ရေယာဉ်အသင်းမှ ပို့ဆောင်ပေးလျက် ရှိရာတွင် ယခုအခါ Myanmar River Group(MGRG) မှ ပြည်တွင်း၊ ပြည်ပ ခရီးသွားများပါ သွားလာနိုင်ရန် လူ ၁၁၂ ဦး လိုက်ပါစီးနှင်းနိုင်မည့် ရေယာဉ်အကြီးတစ်စီး၊ လူ ၇၀ စီး ရေယာဉ်အလတ်စား နှစ်စီး နှင့် လူ ၂၀ စီး အသေးစား ရေယာဉ်နှစ်စီး စုစုပေါင်း ရေယာဉ်ငါးစီးဖြင့် ထင်းဝင်းဆိပ်ကမ်းတွင် ဆိုက်ကပ်ရပ်နားကာ စတင်ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

''အခုပြေးဆွဲပေးတဲ့ ရေယာဉ်တွေနဲ့ မန္တလေး-မင်းကွန်း ခရီးစဉ်ကို နေ့စဉ်လိုင်းပုံစံ ပြေးဆွဲပေးသွားမှာပါ။ အခြားခရီးစဉ်တွေ ဖြစ်တဲ့ ဧရာဝတီလင်းပိုင် လေ့လာကြည့်ရှု ချင်သူတွေ အတွက်လည်း စင်းလုံးငှားနိုင်အောင် စီစဉ်ထားပါတယ်။ စင်းလုံးငှား ခရီးစဉ်တွေ အတွက်လည်း တစ်မိုင်ကို ရှစ်ဒေါ်လာနှုန်းနဲ့ အသုံးပြုနိုင်ပါတယ်'' ဟု MGRG မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

''အရင်က ပြည်တွင်းခရီးသွားတွေ အနေနဲ့ မင်းကွန်းကို သွားမယ်ဆိုရင် ဈေးမော်တော်လိုင်းတွေနဲ့ သွားရတယ်။ အခုလို ရေငြိမ်နေတဲ့ အချိန်က သိပ်ပြဿနာ မရှိဘူး။ လှိုင်းလေရှိတဲ့အချိန် ဒေသခံ မဟုတ်တဲ့ တချို့အမျိုးသမီးတွေက မသွားရဲကြဘူး။ နိုင်ငံခြားသားသီးသန့် ပြေးဆွဲတဲ့ ရေယာဉ်တွေကလည်း ပြည်တွင်းခရီးသည်ဆို မတင်ချင်ကြဘူး။ အခုလို အဆင့်မြင့် ရေယာဉ်တွေနဲ့ ပြည်တွင်း၊ ပြည်ပ ခရီးသွာတွေ ပို့ဆောင်ပေးမယ် ဆိုတော့ ကောင်းပါတယ်'' ဟု ရန်ကုန်မြို့မှ မင်းကွန်းဒေသသို့ လာရောက်လည်ပတ်သူ ခရီးသွားတစ်ဦးက ပြောပြသည်။

MGRG မှ စတင်ပြေးဆွဲမည့် ရေယာဉ်များကို ထင်းဝင်းဆိပ်မှ အဆန်ခရီးအဖြစ် နံနက် ၉ နာရီနှင့် ၉ နာရီခွဲတွင် စတင်ပြေးဆွဲ ပြေးသွားမည်ဖြစ်ပြီး အစုန်/အပြန် ခရီးအဖြစ် မင်းကွန်းမှ ညနေ ၂ နာရီနှင့် ၂နာရီ ခွဲတွင် ထွက်ခွာပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း၊ လိုက်ပါစီးနှင်းမည့် ပြည်တွင်းခရီးသည် တစ်ဦးလျှင် အသွားအပြန် ငွေကျပ် ၅၀၀၀ နှင့် နိုင်ငံခြားသား ခရီးသည်တစ်ဦးလျှင် ရှစ်ဒေါ်လာနှုန်း ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group

ရတနာပုံတယ်လီပို့ကုမ္ပဏီ တစ်လအတွင်း အများပိုင်အဖြစ်ပြောင်းရန်ရှိ


အများပိုင်ကုမ္ပဏီအဖြစ် လုပ်ကိုင်ဆောင်ရွက်သွားမည်ဟု ကြေညာထားသည့် ရတနာပုံတယ်လီပို့ကုမ္ပဏီသည် တစ်လအတွင်း အများပိုင်အဖြစ် ပြောင်းလဲပြီးစီးသွားမည်ဟု ခန့်မှန်းထားရှိကြောင်း ကုမ္ပဏီဒါရိုက်တာတစ်ဦးဖြစ်သူ ဦးရှိန်းသူအောင်က ဆိုသည်။

“အများပိုင်ပြောင်းဖို့လုပ်နေတာ နောက်ဆုံးအဆင့်ကိုရောက်နေပြီလို့ ပြောလို့ရပါတယ်။ ဒီလထဲမှာတော့ ပြီးသွားမယ်ထင်တယ်။ သိတဲ့အတိုင်း ကုမ္ပဏီမှာ MPT ရှယ်ယာတွေပါဝင်နေတော့ လုပ်ရကိုင်ရတာ အသေးစိတ်နေရတဲ့အခြေအနေဖြစ်နေတယ်” ဟု ဦးရှိန်းသူအောင်က ပြောသည်။

ကုမ္ပဏီအနေဖြင့် အများပိုင်ပြောင်းလဲရန် တန်ဖိုးသတ်မှတ်နိုင်ခဲ့သည်ဟု ပြောဆိုနိုင်ပြီး အများပိုင်နှင့် ပတ်သက်သည့် အချက်အလက်များကိုမူ သီးခြားထုတ်ပြန်သွားမည်ဟု သိရသည်။ ဒါရိုက်တာအဖွဲ့ဝင်များ၏ သဘောထားဖြင့် ကုမ္ပဏီကို အများပိုင်အဖြစ်ပြောင်း နိုင်ခဲ့သော်လည်း Coporate ၏ လုပ်ထုံးလုပ်နည်းအညီ လိုက်လံ ဆောင်ရွက်နေသည့်အတွက်အချိန်ကြာ မြင့်နေခြင်းဖြစ်ကြောင်း ဦးရှိန်းသူအောင်က ဆိုသည်။

ရတနာပုံတယ်လီပို့ကုမ္ပဏီသည် အများပြည်သူ ရှယ်ယာပါဝင်နိုင်သည့်အထိ ပြောင်းလဲသွားမည်ဟု ကြေညာထားပြီး လက်ရှိအချိန်၌ အစုရှယ်ယာ တစ်ဘီလျံခန့်ကို အစုရှယ်ယာတစ်စုလျှင် ၁သောင်းကျပ်ဖြင့် ရောင်းချမည်ဟုကြေညာထားသည်။ အများပိုင်ကုမ္ပဏီကို ကျပ်သန်းပေါင်း တစ်သန်းမတည်၍ ဆောင်ရွက်သွားမည်ဟု သတင်း များက ဖြော်ပထားပြီး ဒါရိုက်တာအဖွဲ့ဝင် ၂၃ ဦးရှိကြောင်း သိရသည်။ ရတနာပုံတယ်လီပို့ကုမ္ပဏီသည်မိုဘိုင်းဖုန်းတပ်ဆင်ရေးလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများနှင့် အခြားဆကွယ်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို လပု က် ငိုေ် လုပ်ကိုင်ဆောင်ရွက်နေသည့် အစည်းဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၅၁ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကမှ ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည့် အဖွဲ့အစည်းဖြစ်သည်။ဆက်သွယ်ရေးအော်ပရေတာအဖြစ် လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ရန် ရတနာပုံတယ်လီပို့ ကုမ္ပဏီကို အများပိုင်အဖြစ်ပြောင်းလဲမည်ဟု ကြောခဲ့သည့်နောက်ပိုင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် တို့အစုရှယ်ယာများကို ကုမ္ပဏီမှထုတ်ယူသွားမည်ဟု ပြောဆိုခဲ့ပြီး ရာခိုင်နှုန်းအနည်းငယ်ကိုသာ ကုမ္ပဏီအတွင်း၌ ဆက်လက်ထားရှိတော့မည်ဟုကြေညာခဲ့သည်။

မြင့်ကျော်လှိုင်
Internet Journal

အင်းတော်မြို့နယ်၌ ရထားကြိတ်၍ လူတစ်ဦး သေဆုံး


မုံရွာ နိုဝင်ဘာ ၁ဝ

စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော်မြို့ အောင်မေတ္တာရပ်ကွက် အင်းတော်ဘူတာ၌ နိုဝင်ဘာ ၈ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၅ဝ က ရထားကြိတ်၍ လူတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အင်းတော်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းတော်ဘူတာတွင် ရထားကြိတ်၍ လူတစ်ဦး သေဆုံးကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ အင်း တော်မြို့ အောင်မေတ္တာ ရပ်ကွက်နေသူ ထိန်လင်းစိုး ၄၅ နှစ် (ဘ) ဦးဝင်းဘိုသည် အင်းတော်ဘူတာ သံလမ်း(၃)၌ သစ်လုံးတင် ရထားတွဲ ရှန်တိန်ပြုလုပ်စဉ် ရထားတွဲ စက်အောက် ဖြတ်ကူးရာ မှ ရထားကြိတ် ခံရပြီး ခါးပြတ်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း စစ်ဆေး တွေ့ရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်၊မဟုတ် စစ်ဆေးနိုင်ရန် အင်းတော်မြို့မ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၆/၂ဝ၁၃ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

ရန်ကုန်က ဟိန္ဒူဘုရားကျောင်း


ရန်ကုန်မြို့လည်ရှိ ရှရီကာလီ ဟိန္ဒူဘုရားကျောင်းအတွင်း ဧရာဝတီ ဓာတ်ပုံသတင်းထောက် ဂျေပိုင် ဝင်ရောက်မှတ်တမ်းတင်ခွင့် ရခဲ့ပါတယ်။ ဟိန္ဒူဘာသာကို ကိုးကွယ်ကြသူတွေဟာ အများအားဖြင့် အိန္ဒိယနွယ်ဖွား မြန်မာနိုင်ငံသားများဖြစ်ကြပြီး မြန်မာပြည်တဝှမ်း ဘာသာဝင်ပေါင်း နှစ်သိန်းလေးသောင်းလောက်ရှိပါတယ်။ အစိုးရရဲ့ စာရင်းအရ ရန်ကုန်တိုင်းဒေသကြီးမှာ ဟိန္ဒူဘာသာ ကိုးကွယ်သူ ၅၅၆၀၀ ရှိတာမို့ စုစုပေါင်းလူဦးရေရဲ့ ၁ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။










Irrawaddy