အရက်နှင့် လေ့ကျင့်ခန်း

ပို့စ်တင်ချိန် - 11/12/2013 11:03:00 AM


အရက် သောက်လိုက်တာကြောင့် လေ့ကျင့်ခန်းတွေ ကြိုးစားလုပ်ထားပေမယ့် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာသလဲ ဆိုတာ သိပါရဲ့လား။

၁။ ခန္ဓာကိုယ်၏ ပြန်လည်ပြုပြင်သော စနစ်ကို နှေးကွေးစေခြင်း

လေ့ကျင့်ခန်းတွေ ကြိုးကြိုးစားစား လုပ်တဲ့အခါ အသည်းနဲ့ ကြွက်သားမှာ ရှိနေတဲ့ အဆီပိုတွေဟာ စွမ်းအင်ရှိတဲ့ ကြွက်သားတွေ ပြန်လည်ဖြစ်ပေါ်တဲ့ နေရာမှာ အကူအညီ ပေးပါတယ်။ အကယ်၍ ဒီလိုအချိန်မျိုးမှာ အရက်သောက်မိရင် စွမ်းအင်တွေအစား အရက်က နေရာယူသွားပါတယ်။ လေ့လာတွေ့ရှိချက်အရ ခန္ဓာကိုယ် ပြုပြင်မှုဟာ ၅၀ ရာခိုင်နှုန်းလောက်ထိ နှေးကွေးသွားပြီး ကြွက်သားတွေမှာ ရှိသင့်တဲ့ စွမ်းအင်တွေလည်း အလျင်အမြန် လျော့နည်းသွားနိုင်တယ်လို့ ဆိုပါတယ်။

၂။ ခန္ဓာကိုယ်မှာ အဆီပိုများ စုနေခြင်း

လေ့ကျင့်ခန်းကြောင့် ကယ်လိုရီတွေ လောင်ကျွမ်းသွားပေမယ့် အရက် အလွန်အကျွံ သောက်လိုက်တဲ့အခါ ခန္ဓာကိုယ်ဟာ ကယ်လိုရီ အများအပြားကို အဆီပိုတွေအဖြစ် ပြန်လည် ပြုလုပ်လိုက်ပါတယ်။ အမိုင်နိုအက်စစ်တွေကိုလည်း အဆီတွေအဖြစ် ချေဖျက်လိုက်တဲ့အပြင် စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတဲ့ ကော်တီဆောဟော်မုန်း အဆင့်ကိုလည်း မြင့်မားစေပါတယ်။

၃။ အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေခြင်း

အမျိုးသား ၉၃ ယောက်နဲ့ အမျိုးသမီး ၉၃ ယောက်ကို အရက်သောက်စေပြီး လေ့လာမှု ပြုလုပ်ခဲ့ရာ အမျိုးသားတွေထက် အမျိုးသမီးတွေရဲ့အိပ်ချိန်ဟာ ပုံမှန်ထက် မိနစ် ၃၀ လျော့နည်းသွားတာကို တွေ့ရှိခဲ့ရပါတယ်။ လေ့ကျင့်ခန်းတွေကြောင့် အိပ်စက်ခြင်းဟာ သက်သောင့်သက်သာ ဖြစ်နေပေမယ့် အရက်ကတော့ အိပ်ချိန်စက်ဝန်းကို အနှောင့်အယှက်ပေးပြီး ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားမှု ဟော်မုန်းကိုဟန့်တားကာ ကြွက်သား ဖြစ်ပေါ်မှုကို ၇၀ ရာခိုင်နှုန်းထိ ထိခိုက်နိုင်တယ်လို့ ဒေါက်တာ ပီယက်တိုလီက ဆိုပါတယ်။

၎။ အာဟာရရှိမှုကို လျော့နည်းစေခြင်း

အရက်ဟာ အစာအိမ်အတွင်း မျက်နှာပြင်ကို မအီမသာ ဖြစ်စေပြီး အာဟာရစုပ်ယူတဲ့ စွမ်းအင်ကို လျော့နည်းစေပါတယ်။ ဆီးခဏခဏ သွားစေတာကြောင့် အခန့်မသင့်ရင် ရေဓာတ်ဆုံးရှုံးပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို နှေးကွေးသွားစေပါတယ်။

အိဖြူ(ဆေးဝါးတက္ကသိုလ်)

By Good Health