လူငယ်နှစ်ဦး အကြွေးတောင်းရာမှ စကားများရန်ဖြစ်စဉ် ဓါးဖြင့်ထိုး၍ သေဆုံး

ပို့စ်တင်ချိန် - 11/12/2013 09:57:00 AM


ရန်ကုန်၊ နိုဝင်ဘာ ၁၁

၁၁.၁၁.၂၀၁၃ရက်နေ့ ၁၂၀၀အချိန် လှိုင်သာယာမြို့နယ်၊ စက်မှုဇုံ(၁)၊ ဦးရွှေမြူးလမ်းနှင့် ကနောင်မင်းသားကြီးလမ်းပေါ်တွင် လှိုင်သာယာမြို့နယ်နေသူများဖြစ်သော သော်ဇင်(ခ)သော်ဇင်လှိုင် (ဘ)ဦးလှိုင်မောင်နှင့် ဇင်မောင်မောင် (ဘ)ဦးစောနိုင်တို့သည် အကြွေးတောင်းသည့်ကိစ္စဖြင့် စကားများရန်ဖြစ်စဉ်သော်ဇင်(ခ)
သော်ဇင်လှိုင်မှ ဇင်မောင်မောင်အား မီးဖိုချောင်သုံးစတီးဓါးဖြင့်ထိုး၍ ဇင်မောင်မောင်တွင် ၀ဲ/ယာရင်အုံထိုးသွင်းဒဏ်ရာများရရှိခဲ့ပြီး အင်းစိန်ဆေးရုံတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ကုသရသောကြောင့် ဓါးဖြင့်ထိုးသူ သော်ဇင်(ခ)သော်ဇင်လှိုင်အား လှိုင်သာယာမြို့မရဲစခန်း
(ပ)၁၂၉၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေး
ခဲ့ပါသည်။

အမှုမှဒဏ်ရာရရှိသူဇင်မောင်မောင်သည်အင်းစိန်ဆေးရုံ၌ဆေးကုသမှုခံယူ
နေစဉ် ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သောကြောင့် ၁၄၂၀အချိန်တွင် အမှုအားပြစ်မှုပုဒ်မ ၃၂၆မှ ၃၀၂သို့
ပြောင်းလဲစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police