ခုနှစ်နှစ်ကလေးကို လူသတ်အလောင်းဖျောက်ခဲ့ဟု ၁၄ နှစ် ကလေးငယ်က ဖြောင့်ချက်ပေး

ပို့စ်တင်ချိန် - 11/12/2013 06:27:00 PM


မြောင်းမြ ၊ နိုဝင်ဘာ ၁၁ ။         ။ မြောင်းမြ မြို့တွင် အသက်  ခုနစ်နှစ်အရွယ် ကလေးတစ်ဦးကို အသက် ၁၄ နှစ်အရွယ်ရှိ ကလေးတစ်ဦးမှ လူသတ်၍ အလောင်းဖျောက်ခဲ့ မှုကို ရဲတပ်ဖွဲ့မှ ဖော်ထုတ်နိုင်ခဲ့ ပြီဖြစ်ကြောင်း မြောင်းမြမြို့ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ သို့ပြောသည်။

နိုဝင်ဘာ ၅ရက်က မြောင်း မြမြို့ အမှတ်(၆)ရပ်ကွက် အောင်မင်္ဂလာ(-)လမ်းနေ မ-----လှိုင် အသက်ခုနစ်နှစ်သည် နေအိမ် အတွင်း ဆော့ကစားနေစဉ်တွင် ရုတ်တ ရက်ပျောက်ဆုံးသွားကြောင်း ဖခင်ဖြစ်သူ ဦးရဲနိုင်ဦးမှ မြောင်း မြရဲစခန်းသို့ လာရောက် တိုင်ကြား ပြီးနောက် သုံးရက်အကြာတွင် ကျောက်အိုင်ရွာအနီး မြောင်းမြ မြစ်ကမ်းတွင် အဆိုပါကလေး၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး နောက် သံသယရှိသူများကိုစစ် ဆေးရာမှ တရားခံဟုဆိုသူက ဝန်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြောင်းမြမြို့ရဲစခန်းမှ တာ ဝန်ရှိသူတစ်ဦးက ''အမှုနဲ့ပတ် သက်ပြီး သံသယရှိတဲ့လူတွေကို စစ်ဆေးရာမှာ နိုဝင်ဘာ ၁၀ ရက် မှာတော့ မောင်---- အသက် ၁၄ နှစ်က ပြစ်မှုကိုကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်''ဟုပြောသည်။ တရားခံဟုဆိုသူ သည် သေဆုံးသူကလေးငယ်၏ မိဘနှင့် အဘွားတို့ကိုမကျေနပ်သဖြင့် အဆို ပါအမှုကိုကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ယင်းနေအိမ် စပါးခွံဂိုဒေါင်ထဲ တွင်ပင် သတ်ခဲ့ပြီးနောက် အလောင်းကို ပီနံအိတ်အတွင်းထည့် ကာ ဒိုဘီကုန်းချောင်း တွင်ပစ်ချ ခဲ့ခြင်းဖြစ် သည် ဟု ဝန်ခံခဲ့ကြောင်း သိရသည်။ အဆိုပါအမှုအား မြောင်းမြ ရဲစခန်းမှ (ပ)၃၅၀/၂၀၁၃၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၀၂အရ အမှု ဖွင့်ထားကြောင်း သိရသည်။

ထူးထူး(မြောင်းမြ)

Yangon Media Group