လ အားနက္ခတ်ကြယ်မှ ထွင်းဖောက်သည့် ဖြစ်စဉ်မြန်မာနိုင်ငံတွင်ဖြစ်ပေါ်မည်

ပို့စ်တင်ချိန် - 11/12/2013 09:42:00 AM


ရန်ကုန် နိုဝင်ဘာ ၁၂။

လ အားနက္ခတ်ကြယ်မှ ထွင်းဖောက်သည့်ဖြစ်စဉ် လာမည့် နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်တွင်ဖြစ်လာရန် ရှိနေကြောင်း မြန်မာနိုင်ငံနက္ခတ်သိပ္ပံအဖွဲ့ နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံ သင်တန်းကျောင်းမှ အမှုဆောင်အရာရှိ ချုပ် ဦးဇေယျာကိုက ပြောသည်။

“ပုံမှန်အားဖြစ်ကတော့ လ နဲ ALDEBERAN နက္ခတ်ကြယ်ဟာ တစ်လတစ်ခါတော့ ပူးယှဉ်လေ့ရှိတယ်။ အခုနိုဝင်ဘာလမှာကျတော့ လ နဲ့  ALDEBERAN နက္ခတ်ကြယ်ဟာ အနီးဆုံးမှာပူးမှာဖြစ်တဲ့အတွက်ကြောင့် ထူးခြားဖြစ်စဉ်လို့ သတ်မှတ်လို့ ရတယ် ”ဟု ဦးဇေယျာကိုက ပြောကြားသည်။

ALDEBERAN အမည်ရှိ နက္ခတ်ကြယ်မှ လ အားထွင်းဖောက်သည့်
ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံနှင့် အိန္ဒယ ၊ ထိုင်း၊ လော၊ အစရှိသည့်
နိုင်ငံများတွင် နိုင်ငံခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များအား လက်အောက်ငယ် သားများက အာခံနိုင်ဖွယ်ရှိနေကြောင်း ဦးဇေယျာကိုက ထပ်လောင်းပြောဆိုသည်။

“တစ်နည်းအားဖြင့်ကတော့ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေ အတွက် ထူးခြားမှုဖြစ်ပေါ်လာနိုင်တယ်။”ဟု ဦးဇေယျာကိုက ပြောကြားသည်။

ALDEBERAN အမည်ရှိ နက္ခတ်ကြယ်မှ လ အားထွင်းဖောက်သည့်ဖြစ်စဉ်အား လေ့လာလိုပါက နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်တွင် မြန်မာမိုးကောင်းကင် ဦးခေါင်းထိပ်တည့်တည့်တွင် အလင်းရောင်အား ကောင်းသည့် နက္ခတ်ကြယ်အား လ နှင့်အနီးဆုံးတွင် တွေ့ရှိရမည်ဖြစ်ကြောင်း သိရသည်။

ALDEBERAN နက္ခတ်ကြယ်အား အာရပ်များက နောက်လိုက်ကြယ်ဟု ခေါ်ဆိုသမုတ်ကြပြီး ALDEBERAN နက္ခတ်ကြယ်သည် မြန်မာများ၏ ၁၂ ရာသီ ဂြိုလ်ဂွင်အရ ပြိတ္တရာသီ ကြယ်စုထဲတွင် အဆိုပါ နက္ခတ်ကြယ်သည် ရှိကြောင်းသိရှိရသည်။

နှင်းနွယ်
The Myanma Age