နိုဝင်ဘာ ၁၆ ရက်နေ့ မှာ ပရိသတ် နဲ့ တွေ့ပြီး အချစ်ရေး ကိုပြောပြ တော့မယ့် အိမ့်ချစ်

ပို့စ်တင်ချိန် - 11/12/2013 06:11:00 PM


အိမ့်ချစ်က သူ့ရဲ့ ဒုတိယ တေးစီးရီး အယ်လ်ဘမ် ဖြစ်တဲ့ “အချစ်ရေး” စီးရီးကို နိုဝင်ဘာ ၁၆ ရက်နေ့မှာ စတင် ဖြန့်ချိတော့မယ့် အကြောင်း စာနယ်ဇင်း ရှင်းလင်းမှု တစ်ရပ် ကို နိုဝင်ဘာ ၇ရက်၊ နေ့ခင်း ၁ နာရီက ဗိုလ်ချုပ် လမ်းမကြီးပေါ်ရှိ စင်ထရယ် ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ် ။

အိမ့်ချစ်ရဲ့ “အချစ်ရေး” အယ်လ်ဘမ်ကို ဘိုဘို မြူးဇစ် အင်တာ တိန်းမန့် ကနေ ဖြန့်ချိပေး သွားမှာ ဖြစ်သလို ပရိုမိုးရှင်း ကိုတော့ နိုဝင်ဘာ ၁၆ ရက်နေ့၊ နေ့ခင်း ၃ နာရီမှာ တော်ဝင် စင်တာ အရှေ့ မျက်နှာစာ မှာ ပြုလုပ် သွားမှာဖြစ် ပါတယ်။ လာရောက် ဝယ်ယူမယ့် ပရိသတ် များကိုလည်း နိုဝင်ဘာ ၁၇ ရက်နေ့ ကန်တော်ကြီး မျှော်စင်ကျွန်းရှိုးပွဲ လက်မှတ် အစောင် ၁ဝဝကို ကံစမ်း မဲဖောက်ပေး သွားမှာ ဖြစ် ပြီး ဖျော်ဖြေရေး လည်း လုပ်သွားမယ် လို့ သိရပါတယ်။ Facebook Fan Page က မဲဖောက်ပေးမှု ကိုတော့ ပရိသတ်တွေ အနေ နဲ့ နိုဝင်ဘာ ၁ဝ ရက်နေ့ ကိုနောက်ဆုံး ထားပြီး အ မည်၊ ဖုန်းနံပါတ် နဲ့နေရပ်လိပ်စာ တို့ကို ထည့်သွင်း ရမှာဖြစ်တယ် လို့ သိရပြီး အဲဒီ ပေါက်မဲ နံပါတ် များကို အွန်လိုင်း မှာကြေညာ ပြီးနောက် ဘိုဘို အင်တာ တိန်းမန့် ရုံးခန်းမှာ သွား ရောက်ကာ မျှော်စင်ကျွန်းမှာ ပြုလုပ်မယ့် နိုဝင်ဘာ ၁၇ ရက်နေ့ ရှိုးပွဲ လက်မှတ်များ ကိုထုတ်ယူနိုင် မှာဖြစ်တယ် လို့လည်း အိမ့်ချစ် က ဆက်လက်ပြောပြခဲ့ပါတယ်။

အိမ့်ချစ်က သူ့ရဲ့ ဒုတိယ တစ်ကိုယ်တော် အခွေ “အချစ်ရေး” ထဲမှာ သီချင်းဟောင်း လေးပုဒ် အပါအဝင် စုစုပေါင်း ၁၂ပုဒ် ပါဝင် မှာဖြစ်ပြီး အခု အခွေရဲ့ ထူးခြားချက် က အဖေ ဖြစ်သူ ဦးချစ်ကောင်း ၊မောင်ဖြစ် သူ ပြည့်ဖြိုးပိုင် တို့နဲ့ တွဲဆိုထားတဲ့ “ဒို့ရဲ့ည” သီချင်းတစ်ပုဒ်လည်း ပါတယ်လို့ ပြောပါ တယ်။

ထက်လူလူ
Popular Journal