မြန်မာ့ကမ်းရိုးတန်းတွင် သုတေသနရေယာဉ်ဖြင့်လေ့လာမှု ပြုလုပ်မည်

ပို့စ်တင်ချိန် - 11/12/2013 09:36:00 AM


ရန်ကုန်၊ အောက်တိုဘာ ၁၁။

နော်ဝေနိုင်ငံမှ ပံ့ပိုးမှုနှင့် ရောက်ရှိလာသော Dr. Fridt Jof Nansen
အမည်ရှိ သုတေသန ရေယာဉ်ဖြင့် မြန်မာ့ကမ်းရိုးတန်း တလျှောက်တွင်
ပင်လယ်ပြင်ရှိ ငါးသယံဇာတများ၊ ငါးမျိုးစိတ်များ၊ ဂေဟစနစ်များအား
ထိန်းသိမ်းနိုင်ရန်ရန် ငါးလုပ်ငန်း ဦးစီးဌာနနှင့် ပူးပေါင်းကာ လေ့လာ
စူးစမ်းမည် ဖြစ်သည်။

ယင်းသုတေသန ခရီးစဉ်တွင် ရေလုပ်ငန်းဦးစီးဌာနမှ ပညာရှင် (၁၂) ဦးနှင့်
နော်ဝေနိုင်ငံမှ ပညာရှင် (၅)ဦး ပါဝင်မည်ဖြစ်ကာ နိုဝင်ဘာ (၁၃) ရက်တွင်
စတင်မည်ဖြစ်ပြီး ဒီဇင်ဘာ (၁၈) ရက်ထိ သုတေသနလုပ်ငန်းများ ပြုလုပ်
သွားမည်ဖြစ်သည်။









ဓါတ်ပုံ - သီဟသစ်
The Myanma Age