သံဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ ထိပ်တန်းအစားအစာများ

ပို့စ်တင်ချိန် - 11/12/2013 11:04:00 AM


သံဓာတ်ချို့တဲ့ရင် iron deficiency anaemia  လို့ခေါ်တဲ့ သွေးအားနည်းရောဂါ ရနိုင်တယ်ဆိုတာ လူတိုင်းသိကြမှာပါ။ ဒီအခြေအနေဟာ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ ပိုအဖြစ်များပါတယ်။ အမျိုးသားတွေကတော့ ၂%လောက် ပဲ ဖြစ်ပွားမှုရှိပါတယ်။
လူတစ်ယောက်အတွက် တစ်နေ့တာလိုအပ်တဲ့ သံဓာတ်ပမာဏကတော့ ယောင်္ကျားနဲ့ မိန်းမ မတူပါဘူး။ အမျိုးသားတွေမှာပျမ်းမျှ 8mg လောက် လိုအပ်ပြီး အမျိုးသမီးတွေကတော့ 18mg လောက် လိုအပ်ပါတယ်။ သံဓာတ်ကြွယ်ဝစွာ ပါဝင်နေတဲ့ အစားအစာတွေကို တင်ပြပေးလိုပါတယ်။

အသားနှင့်ငါး- အမဲသား၊ သိုးသား၊ ၀က်သားလိုအနီရောင် အသားမျိုး တွေ၊ ကြက်ဆင်သား၊ ကြက်သား၊ ဘဲသားလို အဖြူရောင်အသားတွေ၊ ဆော်လမွန်၊ တူနာငါးလိုငါးမျိုးတွေမှာ သံဓာတ်လုံလောက်စွာ ပါဝင်နေပါတယ်။ ဒါ့အပြင် ဥမျိုးစုံဟာလည်း သံဓာတ်မြင့်မားစွာ ပါဝင်နေပါတယ်။ ဒါပေမယ့် သတိပြုရမှာကတော့ ကျပ်တိုက်ထားတာမျိုး၊ ကင်ထားတာ မျိုး၊ စည်သွတ်ထားတာမျိုး စသဖြင့် တာရှည်ခံအောင်၊ ပြုပြင်ထားတဲ့ အသား၊ ငါးတွေကိုစားသုံးရင်တော့ သံဓာတ်လုံလောက်စွာ ရရှိမှာမဟုတ် ပါဘူး။

အပင်ထွက်အစားအစာများ
သကြားမုန်လာဥ၊ အာလူး၊ ပန်းမုန် လာစိမ်း၊ ဟင်းနုနယ်၊ ငရုတ်သီးပွ၊ ပဲငပိ၊မုန်လာဥဖြူ၊ ကိုက်လန်၊ သံလွင် သီးတွေကတော့ သံဓာတ်ကြယ်ဝတဲ့ ထိပ်တန်းသီးနှံတွေပါပဲ။ ဒါပေမယ့် သိထားရမှာကတော့ အသား၊ ငါး တွေထက်စာရင် အပင်ကရတဲ့ သံဓာတ်ကို ကိုယ်ခန္ဓာက စုပ်ယူဖို့ခက် ခဲပြီး အပြည့်အ၀ မစုပ်ယူနိုင်ပါဘူး။
အစေ့အဆန်များ- တရုတ်ဆီးသီး ခြောက်၊ နာနတ်ပွင့်၊ စပျစ်သီး ခြောက်လို အသီးခြောက်များနဲ့ သခွားစေ့၊ ဖရုံစေ့၊ နေကြာစေ့၊ သီ ဟိုဌ်စေ့၊ မြေပဲ၊ သစ်အယ်သီး၊ ဗာဒံ စေ့လို အစေ့အဆန်တွေကို စားသုံး ပေးရင် သံဓာတ်ချို့တဲ့မှာ စိုးရိမ်စရာ မလိုတော့ပါဘူး။ အစေ့အဆန်တွေ ကို စားသုံးပေးတာဟာ အသင့်စားsnacks တွေထက်စာရင် ကျန်းမာ ရေးကိုပိုပြီး ညီညွတ်စေပြီး သံဓာတ်ကိုလည်း မချို့တဲ့စေနိုင်တော့ပါဘူး။
အခြားသီးနှံများ- ပဲကြီး၊ စားတော်ပဲ၊ ပဲနီလေး၊ ပဲပိစပ်၊ ကုလားပဲတွေဟာ သံဓာတ်ကြွယ်ဝတဲ့ပဲတွေပဲ ဖြစ်ပါတယ်။ အခြားသီးနှံများမှာတော့ အုတ်ဂျုံ၊ ကောက်နှံ၊ ဘာလီ၊ ဂျုံလို နှံစားသီးနှံတွေ ပါဝင်ပါတယ်။
အကြံပြုလိုတာကတော့ အထက်မှာ တင်ပြခဲ့တဲ့ အစားအစာများကို စားသုံးပေးမယ်ဆိုရင် သံ ဓာတ် ချို့တဲ့မှာ မပူရတော့ပါဘူး။ ဒါ့အပြင် အူထဲကနေသံဓာတ်စုပ် ယူမှုအားကောင်း စေဖို့အတွက်က တော့ ဗီတာမင်စီက ဆောင်ရွက်ပေး မှာဖြစ်တဲ့အတွက် လိမ္မော်သီး၊ ကမ္ဗ လာသီး၊ သံပရာသီး၊ လီမွန်သီးနဲ့ ကျွဲ ကောသီးလို ဗီတာမင်စီကြယ်ဝတဲ့ အစားအစာတွေကို တွဲဖက်စားသုံး ပေးရင် ပိုကောင်းပါတယ်။

သက်ကို
ref: medindia
Health Updates Journal No. 91