ဘိုးတော်အယောင်ဆောင် ဘာသာရေးအသုံးချကာ ကိုယ်ကျိုးစီးပွားရှာ အမြတ်ထုတ်နေသူများအား ရွှေတိဂုံ စောင်း တန်းမှ ဖယ် ရှား ရှင်းလင်းပေးရေး တိုင်းကြားခြင်း

ပို့စ်တင်ချိန် - 11/12/2013 09:57:00 AM


သို့

ဦးသိန်းစိန် ၊ သမတကြီး ၊နိုင်ငံတော်သမတရုံး၊ နေပြည်တော်။

ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊
ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်

ရက်စွဲ၊ ၉-၁၁-၂၀၁၃ ။

အကြောင်းအရာ။ ဘိုးတော်အယောင်ဆောင် ဘာသာရေးအသုံးချကာ
ကိုယ်ကျိုးစီးပွားရှာ အမြတ်ထုတ်နေသူများအား ရွှေတိဂုံ
စောင်း တန်းမှ ဖယ် ရှား ရှင်းလင်းပေးရေး တိုင်းကြားခြင်း

၁။ ရွှေတိဂုံတောင်ဘက်စောင်းတန်းရှိ ရဟန်းတာသိမ်တော်ကြီးရဲ့ နာယကဆိုသူ ဦးအေးလွင် မှာ နိုင်ငံရေးလိုလို ၊ စိးပွားရေးလိုလို၊ ဘိုတော်အယောင်ဆောင်
ကာ အများတကာအား ကယ်ပေးနေသလိုလိုနဲ့ ကိုယ်ကျိုးအမြတ်ထုတ်နေသူ
ဦးအေးလွင်သည် အမှတ်(၉/ဒီ) ၊ ပြည်တော်အေးရိပ်သာလမ်း၊ ရန်ကင်းမြို့နယ်တွင်နေထိုင်ပြီး ၊ ရွှေတိဂုံစေတီတောင်ဘက်မုခ်ရှိ ရဟန်းတာသိမ်တော်ကြီးတွင် နာယကဟု ဆိုကာ နိုင်ငံတော်လူကြီးတွေရဲ့ ယတြာကို၎င်းကိုယ်တိုင် ချေပေးနေရကြောင်း ပြောဆိုနေပါသည်။

၂။ ၄င်းမှာ ဗို်လ်ချုပ်ကြီးဟောင်း ဦးမောင်အေး ၏ ဇနီးဖြစ်သူ ဒေါ်မြမြစန်းနှင့် အမျိုးတော် စပ်ကြောင်း၊ ဦးမောင်အေးနှင့် ဦးခင်ညွန့်တို့မှာ ယခင်ကမတည့်သူများဖြစ်ကြောင်း ၊
ဦးခင်ညွန့် နှင့် ဒေါ်အောင်ဆန်းစုကြည်အား ၄င်းမှကယ်တင်ပေးခဲ့ရကြောင်း၊ ဦးသန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်မှာ ကယ်လို့မရတော့ကြောင်း။

၃။ ယင်း၏ပြောပြချက်အရ ဒေါ်ကြိုင်ကြိုင်၏ ယုံကြည်ကိုးစားသူ ဘားအံတွင် နေထိုင် သည့် အန်တီနု (ခ) မယ်နု သည် အောက်လမ်းကဝေဆရာမကြီးဖြစ်ကြောင်း။ ယင်း အောက်လမ်းဆရာမ၏ လုပ်ဆောင်ချက်ကြောင့် နိုင်ငံသူနိုင်ငံသားအတော် များများဒုကေ၇ာက်ရကြောင်း၊ ဒေါ်ကြိုင်ကြိုင်၏ ယတြာ ကြောင့် ဗိုလ်ချုပ်ခင်ညွန့်၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားဟောင်း အတော်များများအား အတိဒုကရောက်ရကြောင်း ပြောဆိုနေပါသည်။
ဘုရားပေါ်တွင် လင်းတများလာရောက်ညအိပ်ခဲ့မှုမှာ မိတ်ဆာများ ဘုရားပေါ်တွင်တန်ခိုးပြလာရောက်နေရာယူနိုင်ပြီဖြစ်ကြောင်းများ
ပြောဆိုနေပါသည်။

၎။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား အနော်ရထာမင်း၏ ၀ိဥာဏ်ကပ်ကာ နိုင်ငံတော်ကို အုပ်ချုပ်စေခဲ့ကြောင်း၊ ယခုအခါ အောက်လမ်းကဝေဆရာမကြီးမှာ သံဝေဃ တရား
ရရှိပြီဖြစ်လို့ ယင်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခင်ညွန့်နှင့် နိုင်ငံရေးအကျဉ်း သားဟောင်းများကို ကယ်တင်ပေးခဲ့ရကြောင်း။

၅။ မြောက်ဥကလာပမြို့နယ်ရှိ ဒေါ်ဓမသီ တည်ထားသော သပ်ဗစ်ညုဘုရားတွင် ဌာပနာပိတ် တည်ထားကိုးကွယ်ခြင်းဖြင့် ဦးခင်ညွန့်အားနံနိမ်ကာ အောက်လမ်း နည်းမျိုးစုံသုံးပြီး ရာထူးပြုတ်၊ ထောင်ကျ ဘ၀ပျက် အကျဉ်းကျသည့်ဘ၀ သို့ ရောက်ရှိအောင် လုပ်ဆောင်ခဲ့သည့် ယတြာများကိုပင် ယင်းအနေဖြင့် သိရှိကြောင်း ပြောကြားနေပါသည်။

၆။ ယင်းသပ်ဗစ်ညု ဘုရားတွင် ဌာနပနာထည့်ထားသည့် ဘုရားတစ်ဆုမှာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ၏ သစ်စာဆိုကာ မြင်းမထိလှိုင်ဂူတွင် သီတင်းသုံးရန်တည်ထားသော ရွှေဆင်းတုတော်ဘုရားကို ဗိုလ်ချုပ်ကြီး မောင်အေး ၏ ခယ်မဖြစ်သူမှ ရန်ကုန်တွင် သီတင်းသုံးရန် ပင့်ဆောင်ခဲ့ရာ ဂေါပက လူကြီးများထံ တစ်လကြာသည့်အချိန်တွင် ပြန်လည်ပို့ဆောင်ပေးမည်ဟု ၀န်ခံကတိပြုခဲ့ကြောင်း၊ ယင်းစာချုပ်အား ယခုမယ်သီလရှင်ဝတ်နေသည့် ရုပ်ရှင်သရုပ်ဆောင် တင့်တင့်ထွန်း မှစာချုပ်အားရေးသား ခဲ့ရကြောင်း။

၇။ ယင်းဘုရားပင့်ဆောင်လာစဉ် လမ်းတွင် ကားနှစ်ကြိမ်ပျက်ခဲ့ကြောင်း သို့သော် ဦးမောင်အေး၏ ခယ်မဖြစ်သူမှ အကြိမ်ကြိမ်တောင်းပန်ကာ ပင့်ဆောင်လာခြင်းဖြစ် ကြောင်း၊ ဖွားသီလရှင် ဒေါ်ဓမသီ သည် စာချုပ်ချုပ်ဆိုလာ သည့်စာချုပ်အား လမ်းတွင် ဖြဲဆုပ်ခဲ့ကြောင်း။

၈။ ရန်ကုန်သို့ရောက်ရှိစဉ် ၄င်းဘုရားအား သပ်ဗစ်ညု ဘုရားတွင် ဌာပနာပိတ်သွင်းကာ အကျဉ်းချသကဲ့သို့ ယတြာပြုလုပ်မှုအား ဗိုလ်ချုပ်ကြိး ခင်ညွန့်အား လုပ်ဆောင်စေခဲ့ ကြောင်းသိရှိရပါသည်။ ယင်းသို့ ဌာပနာပိတ်လုပ်ဆောင်စေခြင်းဖြင့် ဘုရားကို အကျဉ်းချပိတ်လောင်သကဲ့သို့ ဦးခင်ညွန့်မှာလည်း ရာထူးပြုတ်၊ ထောင်ကျ အကျဉ်းကျခံရသည့် အဖြစ်မျိုးရောက်ရှိအောင် လုပ်ဆောင်စေခဲ့ကြောင်း ၊ ဖွားသီလရှင် ဒေါ်ဓမသီမှာလည်း မကျွတ်မလွတ်ဘ၀သို့ရောက်ရှိနေ ရကြောင်း ပြောကြားနေပါသည်။

၉။ ယင်းကဲ့သို့ဖြစ်စဉ်များကို အသေးစိတ်သိရှိနေသူဖြစ်ပြီး ဘိုးတော် အယောင်ဆောင်ကာ စီးပွားေ၇းအမြတ်ထုတ်ဘို့အတွက် ရွှေတိဂုံရှိ သမတဦးသိန်းစိန် ၏ ခမီးခမက်ဖြစ်သူ ဦးစိန်ဝင်အောင်အားရင်းနှီးဝင်ဆံ့မှုယူလျက် ရှိကြောင်း၊ နိုင်ငံတော်အကြီးအကဲ များ၏ ယတြာကိစရပ်များကို ပြည်သူများ သိရှိအောင် ပြောဆိုနေသူတစ်ဦးဖြစ်ကြောင်းတွေ့ရှိနေရပါသည်။

၁၀။ ဦးအေးလွင်မှာ ဘာသာရေးအကြောင်းပြကာ ကိုယ်ကျိုးစိးပွားအမြတ်ထုတ်လိုသည့် ဆန်ဒဖြင့် လူကြီးအသိုင်းအ၀ိုင်းများနှင့် ရင်းနှီးဝင်ဆံမှုရရှိရေး ဟိတ်ဟန်သုံးပြီး အခြားသော ပွဲစားများအား လိမ်လည်လှည့်ဖြားကာပွဲစားလုပ်နေသူ တစ်ဦး ဖြစ်သဖြင့် ရွှေတိဂုံဘုရားပေါ်တွင် အယောင်ဆောင် ဘိုးတော်တုများအား ဖယ်ရှားရှင်းလင်းမှု စတင်ဆောင်ရွက်သင့်ပြီဖြစ်ကြောင်း တိုင်းကြားလိုပါသည်။

(လူမှုစောင့်ရှောက်ရေးအသင်းသား ဦးတင်အောင်ဆန်း၊ သန်လျင် )