ဆာဘွဲ့ပိုင်ရှင်အဖြစ် သူကောင်းပြုခံရဖွယ် ရှိနေသည့် ဘက်ဟမ်း

ပို့စ်တင်ချိန် - 11/12/2013 10:47:00 AM


နှစ်သစ်ကူး ကာလတွင် ပေးအပ်ချီးမြှင့်မည့် (Sir)ဘွဲ့အတွက် လျာထားစာရင်းတွင် အင်္ဂလန် လက်ရွေးစင် ဘောလုံး အသင်းခေါင်းဆောင်ဟောင်းကို ဗြိတိန် တော်ဝင်မိသားစုက အမည်ထည့်သွင်းထားကြောင်း သိရှိရ

ဆာဘွဲ့ပိုင်ရှင်အဖြစ် သူကောင်းပြုခံရဖွယ် ရှိနေသည့် ဘက်ဟမ်း
ဒေးဗစ်ဘက်ဟမ်း အနေဖြင့် ဗြိတိန်နန်းတွင်း၏ သူကောင်းပြု ချီးမြှင့်မှုကို ခံရဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ နှစ်သစ်ကူး ကာလတွင် ပေးအပ်ချီးမြှင့်မည့် (Sir)ဘွဲ့အတွက် လျာထားစာရင်းတွင် အင်္ဂလန် လက်ရွေးစင် ဘောလုံး အသင်းခေါင်းဆောင်ဟောင်းကို ဗြိတိန် တော်ဝင်မိ သားစုက အမည်ထည့်သွင်းထားကြောင်း သိရှိရသည်။ အသက်(၃၈)နှစ်ရှိ ဘက်ဟမ်းသည် ပေါင်စတာလင် (၁၆၅)သန်းမျှ ကြွယ်ဝ ချမ်းသာနေပြီဖြစ်ပြီး သူကောင်းပြုထိုက်သည့် ဓနအင်အားရော၊ လူမှုဘဝ ဖြတ်သန်းမှုမျိုးပါ ရှိနှင့်ထားပြီဟု နန်းတွင်းက ယူဆထားသည်။ နောက်ဆုံးအဆင့် အမည်စာ ရင်း ကို ယခုလကုန်တွင် သတ်မှတ်မည်ဖြစ်ပြီး ဘက်ဟမ်းအနေဖြင့် သေချာပေါက် ပါဝင်နိုင်မည်ဟု သတင်းကြီးလျှက်ရှိသည်။

သူကောင်းပြုရန် ရွေးချယ်သည့် အဖွဲ့အစည်းများနှင့် နီးစပ်သူ တစ်ဦးက "ဝင်ငွေရော၊ လူမှုဘဝ ပုံရိပ်ပါ အဆင့်မြင့်မားသူတွေကို ပိုပြီးမြင့်မားတဲ့ သူကောင်းပြုမှုမျိုး ပြုလုပ်နိုင်ခြေ ရှိပါတယ်။ အထူးသဖြင့် အားကစား နယ်ပယ်မှာ ထူးချွန်ပြီး ဝင်ငွေအများအပြား ရယူစုဆောင်းနိုင်တဲ့ ထူးချွန် ပုဂ္ဂိုလ်မျိုးတွေ ဆိုပါတော့"ဟု ပြောကြားခဲ့သည်။ ဘက်ဟမ်းသည် ဗြိတိသျှ အိမ်ရှေ့စံ မင်းသားဝီလျံနှင့်လည်း ခင်မင်ရင်းနှီးသော ဆက်ဆံရေး ရှိနေပြီး ၎င်းတို့နှစ်ဦးသည် လူမှုအကျိုးပြု လုပ်ငန်းများတွင် အတူတကွ ပူးပေါင်း ဆောင်ရွက်လေ့ ရှိကြောင်းလည်း သိရှိရသည်။ အကယ်၍ ဘက်ဟမ်းသာ Sirဘွဲ့ကို အမှန်တကယ် ရရှိခဲ့ပါက ၎င်း၏ဇနီးသည် ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယားကလည်း Ladyအဖြစ် သူကောင်းပြု ခံရမည် ဖြစ်သည်။ ဘက်ဟမ်းသည် ဘောလုံးနယ်ပယ်တွင် ထူးချွန်သော စွမ်းဆောင်ရည်များ ပြသနိုင်ခဲ့သည့်အတွက် OBEဘွဲ့ကိုလည်း ရရှိထားပြီးဖြစ်သည်။

Planet Myanmar Network