ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်နိုင်တဲ့အသင်း ၆ သင်းပဲ ရှိ – ဦးခင်မောင်ထွေး

ပို့စ်တင်ချိန် - 5/31/2014 07:12:00 PM


၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေကို ဇွန် ၁၂ ရက်မှာ စတင်ယှဉ်ပြိုင် ကစားကြတော့မှာ ဖြစ်ပါတယ်။

၎ နှစ် ၁ ကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလားဘောလုံပြိုင်ပွဲဟာ ဒီတကြိမ်မှာတော့ ဘောလုံးနဲ့ ပတ်သက်ပြီး ကမ္ဘာကျော်တဲ့ ဘရာဇီးနိုင်ငံမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

ဘရာဇီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အုပ်စု ၈ ခု ခွဲထားပြီး ဘောလုံးအသင်းပေါင်း ၃၂ သင်း ပါဝင်ယှဉ်ပြိုင် ကစားကြမှာလည်း ဖြစ်ပါတယ်။

၂၀၁၄ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်နိုင်တဲ့အသင်း ၆ သင်းပဲ ရှိတယ်လို့ ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောဆိုပါတယ်။ ၀ါရင့် အားကစားကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား)ကို ဒီဗွီဘီ ၀ိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အသံဖိုင် နားဆင်ရန်




dvb burmese