ရာသီဥတုပူပြင်းသောကြောင့် ကြက်မီးကိုင်လုပ်ငန်းများ မီးအသုံးပြုရန်မ လိုတော့သည့်အဖြစ်ကြုံတွေ့လာ

ပို့စ်တင်ချိန် - 5/28/2014 06:24:00 PM


မုံရွာ မေ ၂၇

ယခုအချိန်တွင် ရာသီဥတုများ ပူပြင်းလျက်ရှိရာ ကြက်မွေးမြူရေးလုပ်ငန်းများတွင် ကြက်သားပေါက် မီးကိုင်ရာတွင် လျှပ်စစ်မီး၊ ထင်းမီးသွေးတို့ဖြင့် မီးကိုင်ရန်မလိုဘဲ သဘာဝအပူချိန်ဖြင့်သာ မီးကိုင်လျက်ရှိ သော်လည်း အကောင်ဖြစ်နှုန်းမလှမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။ ““အခုရက်ပိုင်းအတွင်းက နေ့ပိုင်းမှာဆိုကြက်ခြံအတွင်းအပူချိန်က(၁၂၀) ဒီဂရီဖာရင်ဟိုက် လောက်ရှိ တယ် ညဘက်ဆိုရင်တော့ (၉၀)ဒီဂရီဖာရင်ဟိုက်လောက်ရှိတယ်၊ အပြင်ဘက်မှာတော့ ဒီအပူချိန်လောက် မရှိဘူး၊ ကြက်သားပေါက် မီးကိုင်မဲ့ ကြက်ခြံကို အတွင်းပိုင်းက ပလပ်စတစ်စကာလိုက်ရင် ခြံအတွင်းပိုင်း အပူချိန်တက် လာတယ်၊ လိုသလောက်အပူချိန်ရရင်တော့ ပလပ်စတစ်စတွေပြန်ဖွင့်ရတယ်၊ မီးစကိုင်တဲ့ ရက်သား လောက်ဆိုရင် တော့ ပလပ်စတစ်စပြန်ဖွင့်စရာမလိုဘူး လသားလောက်ဆိုရင်တော့ သိပ်ပြီးအပူချိန် မလိုတော့ဘူး၊ လသားလောက် ဆိုရင်တော့ အပူချိန် (၉၀)ဒီဂရီဖာရင်ဟိုက်လောက်ဆိုရင်တော့ ပလပ်စတစ်စ တွေဖွင့်ပေးရတယ်၊ အခုရက်ပိုင်း မီးကိုင်တာ အပူပေးစရာမလိုဘူး၊ ညဘက်ဆိုရင်တောင် အလင်းရောင်အ တွက်ဘဲ မီးသီးထွန်းပေး ထားရတယ်”” ဟုမုံရွာမြို့ ထနောင်းတောကျေးရွာမှ ကြက်မွေးမြူရေးလုပ်ငန်းရှင် တစ်ဦးကပြောသည်။

ထိုသို့အပူချိန်မြင့်တက်မှုသည် ကြက်မီးကိုင်လုပ်ငန်းများအတွက် အသုံးဝင်သော်လည်း ကြက်အ ကောင်ကြီးများ အတွက်မူ အဟန့်အတားတစ်ခုဖြစ်လျက်ရှိသကဲ့သို့ မီးကိုင်ကြက်သာပေါက်များတွင် လည်း သက်ရောက်မှုရှိကြောင်း သိရသည် ““ ကြက်မကြီးတွေလည်း အပူချိန်မြင့်မားတော့ အစာစားနှုန်းကျတယ်၊ ဥနှုန်းလည်းကြတယ်၊ အဲဒိလိုပဲမီး ကိုင်တဲ့ကြက်ပေါက်လေးတွေလည်း အစာစားနှုန်းကျတော့ အကောင်ဖြစ်နှုန်း လည်းမကောင်းဘူး၊၊ အပူချိန်မြင့်တက် လာရင်တော့ ကြက်ခြံတွေကို ရေစုပ်စက်တွေနဲ့ ခြံတွင်းကို ရေမှုန်ဖြန်း ခြင်းစနစ်နဲ့ အပူချိန်လျော့ချ ပေးရတယ်၊ ဒါမှအပူရှိန်သက်သာမှာ၊ အပူချိန်မြင့်တော့ အလုပ်ပိုရှုပ်တာပေါ့”” ဟု ၎င်းကဆက်လက်ရှင်းပြသည်။

ယခုနှစ်တွင် ကြက်သားပေါက်ဈေးသည် ဥစားကြက်မျိုးများဖြစ်သော တက်ချောင်မျိုး မုံရွာမြို့တွင် (၉၃၀)ကျပ်နှုန်း၊ မန္တလေးမြို့တွင် (၈၃၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ စီပီမျိုးသည် မုံရွာမြို့တွင် (၁၁၅၀) ကျပ်နှုန်း ဖြင့်လည်းကောင်း၊ aa မျိုးသည် မုံရွာမြို့တွင် (၁၀၀၀)ကျပ်ဝန်းကျင် ဈေးပေါက်လျက်ရှိကြောင်းနှင့် မုံရွာ မြို့နယ် ထနောင်းတော ကျေးရွာရှိ ကြက်မွေးမြူရေးသမားများသည် အဆိုပါမျိုး(၃)မျိုးအား မွေးမြူမှု အများ ဆုံးဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar