အရွယ်မရောက်ကလေးများ အဓမ္မကျင့်မှုပိုမိုသောင်းကျန်းလာ

ပို့စ်တင်ချိန် - 5/28/2014 08:12:00 AM


နွားထိုးကြီးအမှတ် ၂ ရပ်ကွက် ထိန်ကန်အနီးတွင် အရွယ်မရောက် သေးသော ၇ နှစ်သမီးကိုအိမ် ထောင်သည်ကမုဒိမ်းကျင့်မှုတစ်မှု ဧပြီ ၂၉ ရက်နေ့လယ်ပိုင်းကနွားထိုး ကြီးမြို့မရဲစခန်းအပိုင်၌ဖြစ်ပွား သည်။ အလားတူအမှတ် (စ) ရပ် ကွက်၊ ကန်နက်တွင်းကျောင်းဝန်း တွင်လည်း ၇ နှစ်သမီးကို အိမ် ထောင်သည်ကမုဒိမ်းကျင့်မှုမကြာ မီကဖြစ်ပွားခဲ့သေးသည်၊ပဒေါင်း ရွာ၌လည်း ၆ နှစ်သမီး၊ ဟင်းသွား ပေးရာမှမုဒိမ်းမှုဖြစ်ခဲ့သေးသည်။ နွားထိုးကြီးတွင် အရွယ်မ ရောက်သေးသော ကလေးများကို အဓမ္မမုဒိမ်းကျင့်မှု၊ကိုယ်ထိလက် ရောက်စော်ကားမှုများမှာနယ်ရော မြို့ပါဖြစ်ပွားနေသော်လည်း ရုံး ရောက်မှုမရှိဘဲအောက်ခြေတွင် ညှိနှိုင်းမှုဖြင့်ကြေအေးနေကြ ကြောင်း နွားထိုးကြီးမြို့ခံတို့က မီဒီယာကိုပြောပြကြသည်။ ရဲစခန်းများမရောက်ဘဲရပ်ရွာ ၌ ညှိနှိုင်းမှုနှင့် ပြေအေးနေမှု ကြောင့် အရွယ်မရောက်ကလေး များမုဒိမ်းကျင့်မှုမှာပိုမိုသောင်း ကျန်းလာနေ၍ကလေးမိဘရှင်များ က လူကြီးကလေးများနှင့်မကစား ရန်တားမြစ်နေရသည်ဆို၏။ ဌေးမြင့်မောင်

Hot News Journal