iCloud လုံခြုံရေးအားနည်းချက်ကို ပြင်ဆင်ရန် Apple အလွန်နောက်ကျနေဟု ဟက်ကာများပြောကြား

ပို့စ်တင်ချိန် - 5/28/2014 07:59:00 AM


ပျောက်ဆုံးသွားသည့် သို့မဟုတ် ခိုးယူခံရသည့် iPhone တစ်လုံးကို unlock ပြုလုပ်နိုင်သည့် iCloud လုံခြုံရေးအားနည်းချက်ကို ချိုးဖောက်ခဲ့သူ အမည်မဖော်လိုသည့် ဟက်ကာတစ်ဦးက ၎င်းကို Apple ကအလျင်အမြန် ဆက်သွယ်ရန်တောင်းဆိုခဲ့ကြောင်း၊ သို့ရာတွင် Apple အနေဖြင့် အဆိုပါ iCloud လုံခြုံရေးအားနည်းချက်ကို ပြင်ဆင်ရန် နောက်ကျနေပြီဖြစ်ကြောင်း Cult of Mac ထံပြောကြားခဲ့သည်။

အွန်လိုင်းအမည် AquaXetine ဖြင့်အသုံးပြုသည့် အထက်ပါဟက်ကာသည် Activation Lock ဟုခေါ်သည့် lock ပြုလုပ်ထားသည့် iOS ထုတ်ကုန်များ၏ iCloud လုံခြုံရေးစနစ်ကို ပထမဦးဆုံး

ရှောင်လွှဲနိုင်ခဲ့သူဖြစ်သည်။ ၎င်းသည် အခမဲ့ DoulCi ဆိုက်ကိုအသုံးပြုကာ lock ပြုလုပ်ထားသည့် iOS ထုတ်ကုန်အား ကွန်ပျူတာတစ်ခုနှင့် ချိတ်ဆက်လိုက်သည့်အခါ Apple ၏ iCloud ဆာဗာများနှင့် ဆက်သွယ်သည့်အသွင် ဟန်ဆောင်လှည့်စားပြီး iCloud လုံခြုံရေးစနစ်ကို ရှောင်လွှဲခြင်းဖြစ်ကြောင်းသိရသည်။

iOS 7 ကိုမိတ်ဆက်စဉ်က Activation Lock ဟုခေါ်ဆိုသည့် iCloud လုံခြုံရေးစနစ်သည် သုံးစွဲသူများကို ခိုးယူမှုအန္တရာယ်မှ အပြည့်အဝကာကွယ် ပေးနိုင်သည့်အဟန့်အတား တစ်ခုအနေဖြင့် Apple ကမိတ်ဆက်ပေးခဲ့သည်။

ဆန်ဖရန်စစ္စကိုနှင့် နယူးယောက်မြို့တွင် ဖြစ်ပွားသည့် ဒုစရိုက်မှုများ၏ ထက်ဝက်ခန့်သည် iPhone ခိုးယူမှုများဖြစ်နေချိန်တွင် ဥပဒေရေးဆွဲသူများက စမတ်ဖုန်းအားလုံး၌ အချက်အလက်ဖျက်နိုင်သော ခလုတ်များကို built-in အနေဖြင့် ထည့်သွင်းရန်အတွက် လိုအပ်သည့်ဥပဒေများ ရေးဆွဲလျက်ရှိသည်။

Apple iOS 7 ကိုမိတ်ဆက်စဉ်က Activation Lock စနစ်ကို Lock ပြုလုပ်ထားသည့် ထုတ်ကုန်များရှိ အချက်အလက်များအား သုံးစွဲသူ၏ Apple ID မထည့်သွင်းသည့်အခါ ဖတ်ရှု၍မရနိုင်ရန်နှင့် မဖျက်နိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်ထားခြင်းဖြစ်သည်။ သို့သော်လည်း ခိုးယူခံရသည့် iPhone နှင့်  များကို Apple ID မလိုဘဲဆက်လက် အသုံးပြုနိုင်နေသောကြောင့် ၎င်းပြဿနာကို Apple အနေဖြင့် မဖြစ်မနေဖြေရှင်းရဖွယ် ရှိသည်။

Activation Lock ကိုရှောင်လွှဲနိုင်သည့် နည်းလမ်းကို လုံခြုံရေးသုတေသီနှင့် iOS ဟက်ကာဖြစ်သူ  Steven  De  Franco ကတိုက်ခိုက်မှုကြားမှ လူသားဟုခိုင်းနှိုင်း ဖော်ပြထားသည်။ ထို့အပြင် ၎င်းအားနည်းချက်သည် firmware နှင့်သက်ဆိုင်သည့်အတွက် Apple အနေဖြင့် update အသစ်ဖြန့်ချိပြီး ပြင်ဆင်ရန်လိုအပ်ကြောင်း De Franco က Cult of Mac နှင့်ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။



-နောင်နောင်
Ref: CultOfMac
internet journal