ခရီးသည်(၂)ဦးက အငှားယာဉ်မောင်းကို လည်ပင်းညှစ်ပြီး ယာဉ်ကိုလုယူသွားသဖြင့် အရေးယူ ပေးရန်တိုင်တန်း

ပို့စ်တင်ချိန် - 5/28/2014 05:56:00 PM



ရန်ကုန်၊ မေ ၂၈

၂၇.၅.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်နေ အငှားယာဉ်မောင်း ကိုဇော်ဇော်ထွန်းသည် BB---- ကယ်ဒီနား
အဖြူရောင်အငှားယာဉ်အား ရန်ကုန်-ညောင်တုန်လမ်းအတိုင်း
လှိုင်သာယာမြို့နယ်ဘက်မှ အင်းစိန်မြို့နယ်ဘက်သို့မောင်းနှင်လာစဉ်
အောင်ဇေယျတံတား အနီးအရောက် အမျိုးသားလူငယ်(၂)ဦးမှ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်လေဆိပ်သို့ငှားရမ်းသဖြင့် လိုက်ပို့ပေးခဲ့
ကြောင်း၊ မရမ်းကုန်းမြို့နယ်၊ လေဆိပ်လမ်းရှိ “မြန်မာလိုက်”ဟိုတယ်
အနီးအရောက် လူငယ်များမှ အပေါ့သွားမည်ပြောသဖြင့် ယာဉ်အား
ရပ်ပေးစဉ် (၁)ဦးမှလည်ပင်းအားညှစ်ပြီး ကျန်(၁)ဦးအား “ထိုး”ဟု
အော်ပြောသဖြင့် ၎င်းမှ မူလီဖြုတ်သည့်ဂေါက်တံအားလှမ်းယူစဉ်
(၁)ဦးမှာ ယာဉ်ပေါ်မှ ဆင်းပြေးသွားခဲ့ကြောင်း၊ ထိုသို့လည်ပင်းညှစ်
ခံရသဖြင့် သတိလစ်သွားခဲ့ရာမှ ပြန်လည်သတိရလာစဉ် ၎င်းမှာ
မြေပြင်သို့ရောက်ရှိနေပြီး လည်ပင်းညှစ်သူလူငယ်မှာ ယာဉ်အား
မောင်းနှင်ထွက်ပြေးသွား သည်ကိုတွေ့ရှိရကြောင်း၊ ၎င်းမှ အခြား
အငှားယာဉ်(၁)စီးဖြင့်လိုက်လံရှာဖွေရာလေဆိပ်အနီးလမ်းပေါ်တွင် ယာဉ်ပေါ်မှဆင်းပြေးသွားသူ လူငယ်ကိုတွေ့ရှိသဖြင့် ဖမ်းဆီးပြီး မရမ်းကုန်းမြို့မရဲစခန်းသို့ ပို့အပ်ခဲ့ကြောင်းသိရှိရပါသည်။

ဖမ်းဆီးရမိသူအားစစ်ဆေးရာ ၎င်းလူငယ်မှာ အောင်မြတ်သူ၊(၁၈)နှစ်၊ (ဘ)ဦးအောင်ခိုင်၊ အင်းစိန်မြို့နယ်နေသူဖြစ်ပြီး ယာဉ်ကိုမောင်းနှင်
ယူဆောင်သွားသူမှာ ကျော်နန္ဒကိုကို၊(၂၂)နှစ်၊ (ဘ)ဦးနန္ဒလေးဆိုသူ
ဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့(၂)ဦးကိုအရေးယူပေးရန်
ကိုဇော်ဇော်ထွန်းမှ တိုင်တန်းချက်အရ မရမ်းကုန်းမြို့မရဲစခန်း
(ပ)၁၈၄/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်
ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူ ကျော်နန္ဒကိုကိုနှင့် ပါဆုံးသွားသော ကိုဇော်ဇော်ထွန်း၏ BB---- ကယ်ဒီနား အဖြူရောင်အငှားယာဉ်
တို့ကို စုံစမ်းရှာဖွေလျက်ရှိစဉ် အဆိုပါယာဉ်မှာ ၀၁၃၀ အချိန်ခန့်က
မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းနှင့်အမရာလမ်းဆုံတွင် ဓါတ်တိုင်အားတိုက်မိပြီး ယာဉ်မောင်းမှာ ယာဉ်ကိုထားကာထွက်ပြေး
သွားခဲ့သဖြင့် မြောက်ဥက္ကလာပမြို့မရဲစခန်း ယာဉ်(ပ)၂၉/၂၀၁၄၊
ပြစ်မှုပုဒ်မ-၂၇၉/၂၀၂ ဖြင့်လည်း အမှုဖွင့်လှစ်ခဲ့ပြီး ယာဉ်မောင်းကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police