ကျောင်းသားများ ရည်းစားမထားရ အခြေခံ ကျောင်းများ တွင် စည်းကမ်းချက်ထုတ်ပြန်

ပို့စ်တင်ချိန် - 5/28/2014 09:14:00 PM

၂၀၁၃-၂၀၁၄ တက္ကသိုလ်  ဝင်စာမေးပွဲဖြေဆိုပြီး ပျော်ပျော်ရွှင်ရွှင်ထွက်လာကြသည့်   အ.ထ.က(၁) ဒဂုံမှ  စည်းကမ်းလိုက်နာကြသည့် ကျောင်းသား ကျောင်းသူများ ကို တွေ့ရစဉ်။ ဓာတ်ပုံ-ရဲနောင်(ဖယ်ခုံ)

ရန်ကုန်၊ မေ၂၇- ယခုနှစ်ကျောင်း ဖွင့်ရာသီတွင် တက်ရောက်ကြမည့် ကျောင်းသားများအနေဖြင့် ရည်း စားမထားရဆိုသည့် စည်းကမ်းသတ် မှတ်ချက်များအပါအဝင် အခြားသော စည်းကမ်း  သစ်များကို အခြေခံကျောင်း များတွင် တင်းကျပ်စွာ ထုတ်ပြန် ထား ကြောင်းသိရသည်။ လက်ရှိကျောင်း အပ်ရန် ရောက် ရှိလာကြသည့်ကျောင်းသားများကိုလည်းဆံပင်ဆေးဆိုးလာပါ က ကျောင်း အပ်လက် ခံခြင်းကိုပြုလုပ် ပေးမည်မဟုတ်ကြောင်း အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ သိရသည်။

အခြေခံပညာကျောင်းများအ နေဖြင့်ယခင်နှစ်က ကျောင်းသားများ ကိုဖုန်းကိုင်ဆောင် အသုံးပြုခွင့်မပေး ခဲ့သော် လည်း ကျောင်းသား အချို့ ကိုင် ဆောင်ခဲ့ကြသဖြင့် ယခုနှစ်တွင် ကျောင်းသား များ အနေဖြင့် ကျောင်း သို့လက်ကိုင်ဖုန်းများ လုံးဝယူဆောင် လာခြင်းမပြုရန်၊ ရည်းစားမထားကြ ရန်၊ ကျောင်းသားတိုင်း ကျောင်း ခေါ်ကြိမ် ၇၅ရာခိုင်နှုန်း ပြည့်မီရန် လည်း စည်းကမ်း ထုတ်ပြန်ထား ကြောင်း ဗိုလ်တထောင်မြို့နယ်ရှိ အမှတ်(၅)၊ အခြေခံပညာအထက်တန်းကျောင်း မှ သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ဗဟန်း မြို့နယ် အမှတ်(၂)အခြေခံပညာအ ထက်တန်းကျောင်းမှ ဆရာမတစ် ဦးဖြစ်သူဒေါ်မျိုးသီရိ (အမည်လွှဲ) က ''ကျောင်းသား ဆံပင်ဆေးဆိုး လာရင် ကျောင်း အပ်လက် မခံပေး ဘူး။ ပြန်လွှတ်တယ်။ ကျောင်းစည်း ကမ်းထဲမှာ တစ်ခါတည်း ပါပြီးသား ဖြစ်တဲ့အတွက် တခြားကျောင်းတွေလဲ ဒီလိုပဲ''ဟု ပြောသည်။
အဆိုပါ စည်းကမ်းများအနက် တချို့စည်းကမ်းချက်များမှာ ယ မန်နှစ်များကတည်းက ထုတ်ပြန်ထား ခြင်းဖြစ်သော်လည်း လိုက်နာမှုအား နည်းကြသည့်အပြင် စည်းကမ်းဖောက် ဖျက်သည့် ကျောင်းသား များကို အ ပြစ်ပေးအရေးယူရာတွင်လည်း ထိ ရောက်မှုမရှိခဲ့ခြင်းကြောင့် ယခုစာ သင်နှစ်တွင်ထပ်မံ၍ တင်းကျပ်စွာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။


''အရင်နှစ်တွေတုန်းကတော့ စည်းကမ်းသာထုတ်ထားတာ ဖုန်းတွေ ကို မိဘကလဲ ပေးလိုက်တယ်။ ကျောင်းသားကလဲ ယူလာတယ်။ ကျောင်းကလဲ အားလုံးကိုလိုက်မစစ်နိုင်ဘူး။ ဒီနှစ် ကတော့ တစ်ကြိမ်ဆိုသတိပေးမယ်။ နှစ်ကြိမ်ဆို သိမ်းမယ်။ ပြီးရင်မိဘ ခေါ်ခံဝန်ကတိထိုးခိုင်းမယ်''ဟု အ ထက်ပါဆရာမက ဆက်လက်ပြော သည်။
လသာမြို့နယ် အမှတ်(၂)အ ခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက ဦးစီးဌာနမှ ထုတ်ပြန်ကြေညာ ထားသည့် ကျောင်း စည်းကမ်းများအတိုင်း လိုက်နာကြရန် ကျောင်း သားများ ကို သတိပေးထား ပြီးဖြစ်ကာ ယင်းကဲ့သို့ကျောင်း အပ်စဉ် ဆံပင်ဆေးဆိုးလာခြင်းကို အတန်း ကြီးကျောင်းသားများတွင် မတွေ့ရ သော်လည်ွးုတန်းမှ ကျောင်း သားအသစ်များ တွင်တွေ့ရ ၍ ဆေးပြန်ဆိုး ခိုင်းနေရသည်ဟု ပြောသည်။
ကျောင်းစည်းကမ်းချက်များ သည် ကျောင်းဝင်ခွင့်လျှောက်လွှာ နှင့်အတူပူးတွဲပါရှိပြီး ကျောင်းအပ် လက်ခံချိန်၌ ကျောင်း သားနှင့် ကျောင်း သားမိဘကို ဖတ်ရှုခိုင်းပြီး လိုက်နာ ရန်အသိပေးထား ပြီးဖြစ်ကြောင်း၊ အ ခြေခံပညာဦးစီးဌာန၏ ညွှန်ကြားချက် ဖြင့် ယင်းကဲ့သို့ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်းသိရသည်။
ယင်းအပြင် ကျောင်းသား မိဘများအနေဖြင့်လည်း ကျောင်းကြို၊ ပို့ ချိန်များတွင် သရုပ်ပျက်အဝတ်အစား များမဝတ်ဆင်ကြရန် သတိပေးထား ကြောင်း အဆိုပါဦးစီးဌာနမှ ညွှန် ကြားရေးမှူး တစ်ဦးက ပြောသည်။
တချို့သော ကျောင်းသားမိခင် များသည် ကျောင်းလာပို့ချိန်၊ ကြိုချိန် များ၌ ကျောင်းသားကျောင်းသူများ အတုယူမှားစေနိုင်သော အမြင်မတင့် တယ်သည့် ဝတ်စားဆင်ယင်မှုမျိုး များအား တွေ့ရှိနေရ သည့် အတွက် ယင်းသို့သတိပေးထားခြင်းဖြစ် ကြောင်း သိရသည်။
''ကျောင်းကို ကျောင်းနဲ့တူ အောင်၊ ကျောင်းသားကိုကျောင်းသား နဲ့တူအောင် စည်းကမ်းတွေကိုတင်း ကျပ်စွာထုတ်ပြန် ထားပါ တယ်။ တချို့ ကျောင်းသားမိဘတွေဆိုရင် မတော် တရော်တွေ ဝတ်လာကြလို့ကျောင်း သားတွေတင်မကဘဲ ကျောင်းသား မိဘတွေ ကိုပါ သတိပေးနေရတယ်''ဟုအဆိုပါ ညွှန်ကြားရေးမှူးကပြော သည်။
သားသမီးများ ကို ကျောင်းပို့၊ေ ကျာင်းကြိုပြုလုပ်ကြသည့် မိဘများ နှင့်အုပ်ထိန်းသူများကို လည်း ကျောင်း နှင့်ဝန်းကျင်တွင် အမြင်မတင့်တယ် စေသော မြန်မာ့ရိုးရာဝတ်စားဆင် ယင်မှုနှင့် ကိုက်ညီမှုမရှိသော၊ ဘောင်း ဘီအတို၊အရှည်နှင့် စကတ်အတို များ ဝတ်ဆင်မှုများရှိနေ၍ သတိပေး၊ တားမြစ်မှုများ ပြုလုပ်နေကြရ ကြောင်းသိရသည်။
[--Democracy today Daily Newspaper--]
ချိုချိုသန်း