ခရီးသည်တင်ယာဉ်မောင်းများ ယာဉ်မောင်းစဉ်ဖုန်းပြောပါက တိုင်ကြားနိုင်

ပို့စ်တင်ချိန် - 5/28/2014 09:22:00 PM



နေပြည်တော်၊ မေ ၂၇- ခရီးသည် တင်ယာဉ်မောင်းများ ယာဉ်မောင်း နေစဉ် ဖုန်းပြောပါက တိုင်ကြားနိုင် ပြီး စစ်ဆေးပေါ်ပေါက်ပါကထိရောက် စွာအရေးယူသွားမည်ဖြစ်ကြောင်း နေပြည်တော်အဝေးပြေးယာဉ်လိုင်း ထိန်းသိမ်းကြီးကြပ်မှုကော်မတီ (မထ သ)ဥက္ကဋ္ဌ ဦးဝင်းဆွေက ဒီမိုကရေ စီတူဒေးသတင်းစာသို့ ပြောကြား သည်။

''ကျွန်တော်တို့ယာဉ်မောင်းတွေ အတွက်ထုတ်ထားတဲ့ စည်းကမ်းချက် တွေထဲမှာလဲ ဒါကိုတရားဝင်ထည့် သွင်းထားပါတယ်။ ယာဉ်မောင်း တွေ ယာဉ်မောင်းနေစဉ်မှာ ဖုန်းမ ပြောဖို့၊ ခရီးသည်တွေအနေနဲ့ကလဲ မိမိစီးနင်းလာတဲ့ကားမှာ ယာဉ်မောင်း က ယာဉ်မောင်းနေစဉ်အတွင်းမှာ ဖုန်း ပြောနေတာတွေတွေ့ခဲ့ရင် ချက်ချင်း သက်ဆိုင်ရာယာဉ်ကြီးကြပ်ရေးကော် မတီရုံးတွေဆီကို အကြောင်းကြား တိုင်ကြားနိုင်ပါတယ်။ ဘယ်ယာဉ် လိုင်းက ယာဉ်အမှတ်ဘယ်လောက်၊ ဘယ်နေရာမှာ ဖုန်းပြောနေတယ် ဆိုတာကို ကျွန်တော်တို့အနေနဲ့ ဒီလို တိုင်းကားခဲ့ရင် ယာဉ်လိုင်းရော၊ ယာဉ် ရော ယာဉ်မောင်းကိုရော စစ်ဆေးသွား မယ်။ စစ်ဆေးပေါ်ပေါက်လာရင် ကျွန် တော်တို့ထိထိရောက်ရောက် အရေး ယူသွားမှာပါ''ဟု ယင်းကပြောကြား ခဲ့သည်။

နေပြည်တော်အဝေးပြေးယာဉ် လိုင်းအနေဖြင့် နေပြည်တော်အခြေ စိုက်ယာဉ်လိုင်းများမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို ယာဉ်မ တော်တဆမှုနည်းပါးရေးနှင့် ယာဉ် အန္တရာယ်ကင်းရှင်းရေးအတွက် ကြို တင်ကာကွယ်မှုများအနေနှင့် သင် တန်းများ စဉ်ဆက်မပြတ် ဆောင်ရွက် ပေးခြင်း၊ ယာဉ်ကြံ့ခိုင်မှုစစ်ဆေးခြင်း များကို စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိကြောင်း၊ သတ်မှတ် စည်းကမ်း ချက်များ လိုက်နာခြင်းမရှိသော ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ နှင့်ယာဉ်လိုင်းများကို ထိထိရောက် ရောက်အရေးယူမှုများ ပြုလုပ်လျက် ရှိကြောင်း ၎င်းကပြောကြားသည်။
''ယာဉ်မောင်းရင်း ဖုန်းပြော တာတွေဟာ ခရီးသည်တင်ယာဉ် ရယ်မှမဟုတ်ပါဘူး။ အခြားယာဉ် မော်တော်ဆိုင်ကယ်တွေကိုလဲ စစ် ဆေးအရေးယူသင့်တယ်။ ယာဉ်မောင်း ရင်းဖုန်းပြောတာ အများကြီးအန္တရာယ် ရှိပါတယ်။ ဒါတွေကို မီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ပညာပေးသင့် တယ်''ဟု ပြောကြားသည်။

MP [--Democracy today Daily Newspaper--]

#Democracytoday