အနုပညာ အလုပ်ကို ပိုပြီး အားထားတယ် ဆိုတဲ့ ဟန်သီ

ပို့စ်တင်ချိန် - 5/28/2014 07:38:00 AM


Face of Myanmar 2013 ပြိုင်ပွဲမှာ Ms. Face of Myanmar ဆုကို ရရှိခဲ့တဲ့ မော်ဒယ် ဟန်သီက အခုဆိုရင် အနုပညာ လှုပ်ရှားမှုတွေ ကို ဆက်တိုက် ဆိုသလို လုပ်ဖြစ်နေ တယ် လို့ပြောပြပါတယ်။ Face of Myanmar ပြိုင်ပွဲမှာ ဆုရရှိသူတွေကို KMA ကပေးအပ်တဲ့ Member Certificate ကိုလည်း ဟန်သီက ရရှိ ခဲ့တဲ့ အတွက်ကြောင့် မြန်မာနိုင်ငံ အတွင်း အနုပညာ လှုပ်ရှားမှုတွေ အပြင် ကိုရီးယားနိုင်ငံမှာ လုပ်မယ့် KMA က Event များမှာပါ ဟန်သီ က ပါဝင်ခွင့် ရရှိဖို့ အခွင့် အရေးတွေ ရရှိခဲ့ပြီဖြစ် တယ်လို့ ပြောပါတယ်။

လတ်တလော မှာတော့ ကျောင်းစာမေးပွဲ တစ်ဖက် နဲ့မို့ အနုပညာ အလုပ် တွေကို ခဏ နားထားကြောင်း ကို ဟန်သီက “အခု ဒီမေလ မှာတော့ ဟန်သီက စာတွေ ကျက်နေ ရတယ်။ စာမေးပွဲ ရှိတော့လေ။ ဟန်သီ အခု ၁ဝ တန်း ICGSE ဖြေနေတာပါ။ ကျောင်းက MISY (Myanmar International School Yangon) မှာ တက်နေတယ်။ စာမေးပွဲ က ၂၁ ရက်နေ့ ဆိုပြီးမှာ ဆိုတော့အဲဒီ ရက်နောက်ပိုင်း မှပဲ အနုပညာ အလုပ်တွေ ပြန်လုပ်တော့မယ်။ ဟန်သီကျောင်း ကလည်း တစ်ဖက်၊ ကိုယ် ဝါသနာ ပါတဲ့ အနုပညာ အလုပ်ကလည်း တစ်ဖက်နဲ့ ဆိုတော့ နည်းနည်းတော့ ဟန်သီ အတွက်ခက်ခဲတယ်။ ဒါပေမဲ့ ဟန်သီ စိတ်မပူဘူး။ ဟန်သီ ၁ဝတန်း အောင် သွားလို့ နိုင်ငံခြားမှာ ကျောင်းသွား တက်မယ် ဆိုရင်လည်း ဒီအနုပညာ ဘာသာရပ် ကိုပဲယူမှာ။ အဲဒီတော့ အနုပညာ အလုပ်ကို ပိုပြီး အားထားတယ်။ အခုတော့ အ တန်း ပညာရေး အတွက် စာတွေကို သေချာလုပ် နေပါတယ်” လို့ ပြောပြခဲ့ပါတယ်။

သိမ့်သိမ့်
Popular Myanmar