စက်ဘီးသမားများအတွက် Skylock

ပို့စ်တင်ချိန် - 5/28/2014 07:58:00 AM


လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက စက်ဘီးနှင့်ပတ်သက်၍ အံသြဖွယ်ကောင်းလောင်အောင် တီထွင်ဆန်းသစ်မှုများ၊ App များ အများအပြားထွက်ပေါ်ခဲ့ပြီးဖြစ်ပါသည်။ သို့သော် ယခုထပ်မံဖော်ပြပေးမည့် Skylock သည်လည်း စက်ဘီးနှင့် ပတ်သက်သော အကောင်းဆုံးသောကိရိယာများ ထဲမှ တစ်ခုဟုပင် ဆိုနိုင်လိမ့်မည် ဖြစ်ပေသည်။

Skylock သည် Boeing နှင့် Jawbone အင်ဂျင်နီယာများ ပူးပေါင်းထုတ်လုပ်ခြင်းမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး စက်ဘီးစီးခြင်းကို ပုံမှန်ပြုလုပ်လေ့ရှိသူများအတွက် များစွာအသုံးဝင်သော ပစ္စည်းတစ်ခုဖြစ်ပါသည်။ Skylock သည် Dual-lock စနစ်ဖြစ်ပြီး စက်ဘီးသူခိုးများရန်မှ ကောင်းစွာကာကွယ်နိုင်စွမ်းရှိပေသည်။ တစ်စုံ တစ်ယောက်အနေဖြင့် သင်၏စက်ဘီးကို အောင်မြင်စွာခိုးယူနိုင်ခဲ့လျှင်လည်း Skylock တွင် ပါဝင်သော Accelerometer မှ သင့်စက်ဘီးခိုးယူခြင်းခံနေရကြောင်းကို သင့်စမတ်ဖုန်းဆီသို့ သတိပေးချက်ပေးပို့မည် ဖြစ်ပါသည်။

ထို့အပြင် သင့်အနေဖြင့် စက်ဘီးစီးနေစဉ်အတွင်း မတော်တဆမှု ဖြစ်ပေါ်လာပါကလည်း Accelerometer မှ ခြေရာခံထောက်လှမ်းပြီး သင်ကြိုတင်ရွေးချယ်ထားသည့် သူငယ်ချင်း၊သို့မဟုတ် မိသားစု ထံသို့ သင်စက်ဘီးစီးရာမှ အန္တရာယ်နှင့် ကြုံတွေ့နေရပြီဖြစ်ကြောင်းကို မက်ဆေ့ခ်ျပို့ပေးမည် ဖြစ်ပါသည်။ Skylock ကိုအသုံးပြုရာ၌ သင့်စမတ်ဖုန်းဖြင့်ချိတ်ဆက်ထားရမည်ဖြစ်ပြီး ယခုကဲ့သို့ အံသြဖွယ်လုပ်ဆောင် နိုင်မှုအနေဖြင့် Bluetooth Low Energy နှင့် WiFi စနစ်တို့အား ကျေးဇူးတင်ရမည်ပင် ဖြစ်ပါသည်။

အခြားသော စက်ဘီးကိရိယာများထက် Skylock ၏ အားသားချက်နောက်တစ်ခုမှာ အားသွင်းရန် မလိုအပ်ဘဲ နေရောင်ခြည်စွမ်းအင်ကို အသုံးပြု၍ စွမ်းအင်ရရှိနိုင်ခြင်းပင် ဖြစ်ပေသည်။ စွမ်းအင်အနေဖြင့် တစ် နာရီအချိန်ခန့်သာ စွမ်းအင်စုဆောင်းမည့်ပါက တစ်လနီးပါး အသုံးပြုနိုင်မည်ဖြစ်ပေသည်။

Skylock ကိုတီထွင်ထုတ်လုပ်သူ Velo Labs မှ ကနဦးဈေးနှုန်းအနေဖြင့် အမေရိကန်ဒေါ်လာ ၁၅၉ ဖြင့်ရောင်းချမည်ဖြစ်ပြီး နောက်ပိုင်းတွင် ရောင်းဈေးမှာ ၂၄၉ ဒေါ်လာ ကျသင့်မည်ဖြစ်ကြောင်း ပြောဆိုသွားပါသည်။

Ref:TTJ
WorldWide(BMSTU)
TechSpace Journal