ပျောက်ဆုံးလေယာဉ် သဲလွန်စတွေ မမှန်ကန်ဟု ဆို

လေယာဉ်နဲ့ ပတ်သက်ပြီး ဘာသဲလွန်စမှ မရသေးပါလို့ ဆို

ပြီးခဲ့တဲ့ စနေနေ့ကတည်းက ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ရဲ့ အပိုင်းအစတွေ ဆိုပြီး တရုတ်ဘက်က ထုတ်ပြန်ခဲ့တဲ့ ဂြိုဟ်တု ဓာတ်ပုံတွေဟာ မမှန်ကန်ပါဘူးလို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။

တရုတ် အာဏာပိုင်တွေ ထုတ်ပြန်ခဲ့တဲ့ ရေမှာ မျောနေတဲ့ အစိတ်အပိုင်းကြီး ၃ ခုရဲ့ ပုံရိပ်တွေဟာ ပျောက်ဆုံး လေယာဉ်ရဲ့ အစိတ်အပိုင်းတွေ မဟုတ်ဘဲ မှားယွင်း ထုတ်ပြန်မိတာသာ ဖြစ်တယ်လို့ မလေးရှား ပို့ဆောင်ရေး ဝန်ကြီး Hishammuddin Hussein က ကွာလာလမ်ပူမှာ သတင်းထောက်တွေကို ပြောပါတယ်။

တစ်ခါ ပျောက်ဆုံး လေယာဉ်ဟာ အဆက်အသွယ် ပြတ်တောက်သွားပြီး နောက်ပိုင်း နာရီ အတော်ကြာကြာ ဆက်လက် ပျံသန်းနေတယ် ဆိုတဲ့ သတင်းတွေကိုလည်း သူက ငြင်းဆိုလိုက်ပါတယ်။

ကွာလာလမ်ပူကနေ ဘေဂျင်းကို ပျံသန်းတဲ့ အဲဒီ လေယာဉ်ပေါ်မှာ လူ ၂၃၉ ဦး လိုက်ပါသွားပြီး လူ ၁၅၀ ကျော်က တရုတ်လူမျိုးတွေ ဖြစ်ပါတယ်။

အခုအခါ အဲဒီ ပျောက်ဆုံးနေတဲ့ လေယာဉ်ကို ရှာဖွေရာမှာ မြန်မာ လေပိုင်နက်ထဲမှာလည်း ရှာဖွေဖို့ မြန်မာအစိုးရက ခွင့်ပြုလိုက်ပါတယ်။

ဒါအပြင် မလေးရှားက အကူအညီ တောင်းလာရင် မြန်မာ နိုင်ငံ အနေနဲ့ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကူညီ ဆောင်ရွက်ပေးနိုင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။

BBC Burmese

ကိုင်ရိုမြို့မှာ စစ်တပ် ဘတ်စကား ပစ်ခတ်ခံရ


အစ္စလမ်မစ် အဖွဲ့တွေကို ရှင်းလင်းပြီးသည့်တိုင် တိုက်ခိုက်မှု ပေါ်ပေါက်လာ

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ စစ်တပ် ဘတ်စကား တစ်စီးကို မျက်နှာဖုံးစွပ် သေနတ် သမားတွေက ပစ်ခတ်ခဲ့လို့ စစ်တပ်အရာရှိ တစ်ဦး သေဆုံး သွားပြီး တခြား ၃ ဦး ဒဏ်ရာ ရရှိသွားပါတယ်။

ကိုင်ရို မြို့တော်မှာ အခုလို စစ်မှုထမ်းတွေ တိုက်ခိုက် ခံရတာဟာ ဒါ ပထမဆုံး ဖြစ်ပါတယ်။

အီဂျစ် စစ်တပ်ကတော့ မတရားအသင်း အဖြစ် ကြေညာခံထားရတဲ့ မူဆလင်ညီနောင်များ အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ ချက်ချင်း ဆိုသလို ပြောကြားလိုက်ပါတယ်။

မွတ်ဆလင် ညီနောင်များအဖွဲ့ကတော့ စစ်တပ်ဟာ အရင်တုန်းကလည်း အခုလို စွပ်စွဲမှုတွေ လုပ်ခဲ့တယ်လို့ ပြောပြီး စွပ်စွဲမှုတွေကို ငြင်းဆိုလိုက်ပါတယ်။

လာမယ့် သမ္မတ ရွေးကောက်ပွဲမှာ စစ်တပ် ဦးစီးချုပ် ဖီးမာရှယ် Abdel Fattah al - Sisi ဝင်ပြိုင်မယ်လို့ ကြေညာဖို့ ရှိနေချိန်မှာ အခုလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

BBC Burmese

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေ ပြန်ပြင်မည်

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြဋ္ဌာန်းခဲ့သော ဥပဒေများဖြင့် ကျင်းပခဲ့သော ၂၀၁၀ ရွေးကောက်ပွဲမြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် နိုင်ငံသား မဟုတ်သည့် ဧည့်နိုင်ငံသား၊ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင် ထားသူများကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုထားသည့် အတွက် ယင်းအချက်ကို ပြင်ဆင်မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောသည်။

မတ်လ ၁၂ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပြင်ဆင်ရန် အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီက တင်ပြခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များကလည်း ယင်းဥပဒေကြမ်း ပြင်ဆင်သင့်၊ မပြင်ဆင်သင့် ပါဝင်ဆွေးနွေးခဲ့ကြောင်း၊ လတ်တလောတွင် နိုင်ငံသားမဟုတ်သည့် ဧည့်နိုင်ငံသား၊ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူများကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုထားသည်ဆိုသော ပြဋ္ဌာန်းချက် ကို ပြင်ဆင်ရန် အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီက ကြားနာသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “ဧည့်နိုင်ငံသား၊ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူတွေ ပါတီတည်ထောင်ခွင့် ရှိတယ်လို့ ပါထားတာကိုး ။ အဲဒီအချက်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်။ အခြေခံ ဥပဒေ ပုဒ်မ ၄ မှာ အချုပ်အခြာ အာဏာက နိုင်ငံသားတွေဆီက စီးဆင်းတယ်လို့ ရေးထားတာ ။ အဲဒီလူတွေက နိုင်ငံသား မဟုတ်တဲ့အတွက် နိုင်ငံသားအခွင့်အရေးတွေ မပေးသင့်ဘူး ” ဟု ပြောသည်။

ယာယီသက်သေခံ လက်မှတ်(White Card)ဆိုသည်မှာ နိုင်ငံသားလက်မှတ်ရရန် စောင့်ဆိုင်းနေသူများသာ ကိုင်ဆောင် ခွင့် ရှိပြီး အချိန်ကာလတခုတွင် နိုင်ငံသားဖြစ်ခွင့်ရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင် သူများ ကို မည်သည့် ဥပဒေနှင့် ထုတ်ပေးခဲ့ပါသနည်းဟု မေးခွန်းထုတ်လိုကြောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ အစိုးရ အနေဖြင့် White Card ထုတ်ပေးခွင့် မရှိဟု  ဒေါက်တာအေးမောင်က ဆိုသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၇ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း ခေါ် ဦးဇာယာဒ်က ၁၉၉၃ ခုနှစ်တွင် ဘူးသီးတောင်၊ မောင်တော ဒေသတွင် နေထိုင်သူများကို အစိုးရက ယာယီသက်သေခံ လက်မှတ်(White Card) ထုတ်ပေးခဲ့ပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက အမြော်အမြင်ကြီးစွာ နိုင်ငံသားများ အနေဖြင့် ရသင့်ရထိုက်သည့် ရွှေးကောက်ပွဲတွင် မဲပေးခွင့်ပြုခဲ့ကြောင်း၊ မိမိတို့ အဘိုးအဘွား၊ အဖေအမေများမှာ နိုင်ငံ့ဝန်ထမ်းများ
ဖြစ်သော်လည်း White Card သာ ကိုင်ဆောင်ခွင့်ရခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။

“ ၉၃ ခုနှစ်မှာ တချို့ဆိုရင် နိုင်ငံသားလက်မှတ်ရနေပြီ။ အစိုးရက အကုန်သိမ်းပြီး White Card ပြန်ထုတ်ပေးတာ။ အခု ဥပဒေကြမ်းကို မဆွေးနွေးမီမှာ ဒီ White Card ပြဿနာကို အရင်ရှင်းပေးသင့်တယ်။ အစိုးရကတော့ ကျနော်တို့ ဒေသက လူတွေကို နိုင်ငံမဲ့ဖြစ်အောင် မလုပ်ဘူးလို့တော့ကျနော်ယုံတယ်” ဟု ဦးဌေးဝင်း ခေါ် ဦးဇာယာဒ်က ပြောသည်။

နိုင်ငံရေး ပါတီတခုသည် တိုင်းပြည်တွင် အလွန်အရေးကြီးသောကြောင့် ပါတီတည်ထောင်လိုသူများသည် နိုင်ငံသား ဖြစ်ရန် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူဦးရေ ၈ သိန်းခွဲ အပြင် ကချင်ပြည်နယ်၊ ကိုးကန့် နယ်စပ် နှင့် “၀´´ နယ်စပ်တို့တွင်လည်း ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ ရှိကြောင်း ၊ ထိုပြဿနာကို အစိုးရအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဖြေရှင်းရန် လိုအပ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုကြသည်။

Irrawaddy

MH370 မလေးလေယာဉ် ပျောက်ဆုံးမှု ရှာပုံတော် မြန်မာ့ရေပိုင်နက် အထိ တိုးချဲ့

မလေးရှားလေကြောင်းလိုင်းမှ လေယာဉ်တစီး (ဓာတ်ပုံ – Wikipedia)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ပျံသန်းလာသော မလေးရှားလေကြောင်းလိုင်းမှ MH370 လေယာဉ်ပျောက်ဆုံးမှုကို နိုင်ငံတကာက ပူးပေါင်းရှာဖွေလျက်ရှိရာ ယခုအခါ ပျောက်ဆုံးလေယာဉ်ရှာဖွေမှုကို မြန်မာ့ရေပိုင်နက်တွင်ပါ တိုးချဲ့ရှာဖွေလျက်ရှိကြောင်း သိရှိရသည်။

ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၂ ဦး သယ်ဆောင်လာသော မလေးရှားလေကြောင်းလိုင်းမှ MH 370 လေယာဉ်သည် မတ်လ ၈ ရက်နေ့ မနက်ပိုင်းတွင် ကွာလာလမ်ပူလေဆိပ်မှ တရုတ်နိုင်ငံ ဘေဂျင်းမြိ့သို့ ပျံသန်းစဉ် လေဆိပ်မှ ထွက်ခွာပြီး ၁ နာရီခန့် အကြာ၌ ပျောက်ဆုံးမှုသည် ၆  ရက်မြောက်လာသော အချိန်  အထိ လျှို့ဝှက် ဆန်းကြယ်မှုများနှင့် ရှိနေဆဲ ဖြစ်ပြီး ဘိုးအင်း 777 အမျိုးအစား MH 370 နှင့် ပတ်သက်သော သဲလွန်စ အချက် အလက်များ ယခုအချိန်အထိ မတွေ့ရှိရသေးကြောင်း၊ လေယာဉ်ပေါ်တွင် နိုင်ငံ ၁၄ နိုင်ငံမှ ခရီးသည်များ လိုက်ပါသွားပြီး အများစု မှာ တရုတ်နိုင်ငံသား များဖြစ်ကြောင်း၊ နိုင်ငံတကာအစိုးရက လေယာဉ်ပျောက်ဆုံးမှုကို ၀ိုင်းကူညီလျက်ရှိရာ မြန်မာအာဏာပိုင် များကလည်း ပျောက်ဆုံးနေသော MH370 လေယာဉ်ကို မြန်မာ့ရေပိုင်နက်တွင် ရှာဖွေခွင့် ပြုလိုက်ကြောင်း သိရှိရသည်။

လေကြောင်းညွှန်ကြားမှု ဦးစီးဌာန (DCA) ၏ ညွှန်ကြားမှူးချုပ် ဦးတင်နိုင်ထွန်း၏အဆိုအရ မလေးရှား အာဏာပိုင်များက ပျောက်ဆုံးနေသော လေယာဉ်ကို  မြန်မာ့ ရေပိုင်နက် အတွင်းတွင် ၇ ရက်ကြာရှာဖွေခွင့်ပြုရန် ခွင့်တောင်းခဲ့ပြီး မြန်မာအစိုးရက ခွင့်ပြုချက်ပေးလိုက်ကြောင်း၊ ပျောက်ဆုံး မလေးရှား လေယာဉ်ရှာဖွေမှုကို အကူအညီပေးရန် မြန်မာအစိုးရ က ကယ်ဆယ်ရေးကော်မတီတခု ဖွဲ့စည်းထားသော်လည်း မလေးရှားနိုင်ငံက တရားဝင် အကူအညီတောင်းခံလာမှသာ ရှာဖွေရေးတွင် ပါဝင်ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

“ပြည်ထောင်စု အဆင့် ကယ်ဆယ်ရေး ကော်မတီဖွဲ့စည်းပြီးပါပြီ။ မလေးရှားအစိုးရက မြန်မာအစိုးရရဲ့ အကူအညီ လိုအပ် လာတဲ့ အချိန်ကျရင် သူတို့တွေနဲ့ ဆက်သွယ်ပြီး အချင်းချင်းပူးပေါင်းဆောင်ရွက်သွားမှာပါ။ ကျနော်တို့ ဌာနက မြန်မာ ရေပိုင်နက်ထဲမှာ သူတို့ကို ကူညီပေးသွားမှာဖြစ်ပါတယ်။ ” ဟု ဦးတင်နိုင်ထွန်းကပြောသည်။

ပျောက်ဆုံးလေယာဉ်ရှာဖွေမှုကို မြန်မာ့ရေပိုင်နက် အတွင်း ရှာဖွေရာတွင် ကပ္ပလီပင်လယ်ပြင်အနီး တနင်္သာရီတိုင်း ကော့ သောင်းမြို့ ၀န်းကျင်ဒေသကို အဓိကရှာဖွေမည်ဟု သိရသည်။

မလေးရှား လေယာဉ်ရှာဖွေရေးတွင် အနည်းဆုံး နိုင်ငံ ၁၀ နိုင်ငံ ပူးပေါင်းပါဝင်နေပြီး ရေယာဉ် နှင့်လေယာဉ် ဒါဇင် နှစ်ချီ ၍ အသုံးပြု၍ မလေးရှားနိုင်ငံတ၀ိုက်နှင့် ဗီယက်နမ်တောင်ပိုင်း ပင်လယ်ပြင်တွင် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက် နေကြောင်း သိရှိရသည်။

ယခုအပတ် အစောပိုင်းတွင် မလေးရှားနှင့် ဗီယက်နမ် လေကြောင်း အာဏာပိုင်များက မလေးရှား နိုင်ငံနှင့် ဗီယက်နမ် တောင်ပိုင်းကြားကို အဓိကထား၍ ရှာဖွေခဲ့ကြပြီး ထိုနေရာ၌ သံသယဖြစ်ဖွယ်ရာ အပျက်အစီးများ ရှိနေသည်ကို တရုတ်ဂြိုလ်တုမှ ဓာတ်ပုံများတွင် တွေ့ရှိရသော်လည်း ပျောက်ဆုံးလေယာဉ် နှင့် သက်ဆိုင်သော သဲလွန်စ တခုမျှ မတွေ့ ရှိခဲ့ရဟု သိရှိရသည်။

မတ်လ ၁၂ ရက်နေ့ထုတ် Wall Street ဂျာနယ်၏ သတင်းတပုဒ်တွင် လေယာဉ်သည် အဆက်အသွယ်ပြတ်သွားပြီးနောက် ၄ နာရီခန့် ဆက်လက် ပျံသန်းသွားဖွယ်ရှိကြောင်း ဖော်ပြခဲ့ပြီး လက်ရှိရှာဖွေ နေသည့် နေရာထက် မိုင်ပေါင်းရာနှင့်ချီ၍ ဝေးကွာ သွားနိုင်သည်ဟု ရေးသားထားသည်။

လေယာဉ်ပျောက်ဆုံးမှုကို နိုင်ငံစုံက ကူညီ ရှာဖွေပေးနေရာတွင် အိန္ဒိယ နိုင်ငံလည်းပါဝင်လာပြီး အိန္ဒိယ အစိုးရက ဂြိုလ်တု ဓာတ်ပုံများ၊ ရေဒါ ရလဒ်များ အပြင် ရေယာဉ်များ၊ ရေကြောင်း ကင်းထောက် လေယာဉ်များဖြင့် ကူညီရှာ ဖွေပေးသွား မည်ဟု သိရှိရသည်။

Irrawaddy

သာကေတမြို့နယ်တွင် ခိုက်ရန်ဖြစ်ပွားကာ ဓါးဖြင့်ထိုးခဲ့၍ (၁)ဦးသေ၊ (၂)ဦးဒဏ်ရာရ


ရန်ကုန်၊ မတ် ၁၃

၁၂.၃.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန်ခန့်တွင် တာမွေမြို့နယ်နေ ကိုကျော်ထင်ဦးသည် သာကေတမြို့နယ်ရှိ အလူမီနီယံလုပ်ငန်း၌ အတူလုပ်ကိုင်ကြသည့် သူငယ်ချင်းများဖြစ်ကြသော ၀င်းထက်အောင်၊ သီဟ၊ ချစ်စမ်းမောင်၊ ဝေယံစိုး၊ ဘိုတိုးတို့နှင့်အတူ သာကေတမြို့နယ် ရန်ပြေထိပ်အနီးရှိ အရက်ဆိုင်တွင် အတူအရက်သောက်ခဲ့ကြပြီး
ပြန်လာခဲ့ကြကြောင်း၊ ထိုသို့ပြန်လာကြစဉ် ၀င်းထက်အောင်မှာ
နောက်တွင်ကျန်နေခဲ့ပြီး ချစ်စမ်းမောင်ထံသို့ဖုန်းဆက်ကာစောင့်နေရန် ဆဲဆိုပြောသဖြင့် ချစ်စမ်းမောင်မှလည်း ဖုန်းဖြင့်ပြန်ဆဲခဲ့ကြောင်း၊ ထိုကဲ့သို့ချစ်စမ်းမောင်မှ အချင်းချင်း ဆဲဆိုကာပြောသည်ကို အနီးရှိလမ်းဘေးတွင်ထိုင်နေကြသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး တို့က ၎င်းတို့ကိုဆဲသည်ဟုထင်ကာ နှစ်ဖက်စကားများကြစဉ် အမျိုးသား(၂)ဦးထပ်မံရောက်ရှိလာပြီး ချစ်စမ်းမောင်အား လက်သီးဖြင့် ၀ိုင်းဝန်းထိုးကြိတ်ခဲ့ကြကြောင်း၊ ထိုစဉ်၎င်းလူများထံ၌်ဓါးပါကြောင်း
တွေ့ရ၍ ထွက်ပြေးခဲ့စဉ် ချစ်စမ်းမောင်မှာလဲကျကျန်နေခဲ့သဖြင့် သွားရောက်တွဲခေါ်ရာ ယာပခုံးရှေ့ နှင့်ယာလက်ပြင်တို့တွင် ပြတ်ရှ ဒဏ်ရာ(၁)ချက်စီရရှိထားသည်ကိုတွေ့ရ၍ အလုပ်လုပ်ကိုင်ရာ
အလူမီနီယံဆိုင်သို့ပိုထားခဲ့ကြောင်း၊ ပြီးနောက် ၀င်းထက်အောင်ရှိရာ ရန်ပြေ(၂၂)လမ်းထိပ်သို့သွားကြည့်သည့်အခါ လမ်းပေါ်တွင် ဝေယံစိုးမှာ ရင်ဘတ်၌ ထိုးသွင်းဒဏ်ရာဖြင့် လဲကျသေဆုံးနေသည်ကိုတွေ့ရပြီး၊ ၀င်းထက်အောင်တွင်လည်း ခါးတွင်ထိုးသွင်းဒဏ်ရာရရှိထားသည်ကို
တွေ့ရှိရကြောင်း၊ ဒဏ်ရာရသူ ချစ်စမ်းမောင်နှင့် ၀င်းထက်အောင်တို့အား ရန်ကုန်ဆေးရုံကြီးသို့ပို့အပ်ကုသခဲ့ရာ ချစ်စမ်းမောင်မှာ အတွင်းလူနာ (စိုးရိမ်ရ)အဖြစ်လည်းကောင်း၊ ၀င်းထက်အောင်မှာ ပြင်ပလူနာအဖြစ် လည်းကောင်း ကုသမှုခံယူခဲ့ရကြောင်းနှင့် ယင်းကဲ့သို့ပြစ်မှုကျူးလွန်ခဲ့သူ များကို စုံစမ်းအရေးယူပေးပါရန် ကိုကျော်ထင်ဦးမှတိုင်တန်းခဲ့သဖြင့် သာကေတမြို့မရဲစခန်း(ပ)၁၁၃/၂၀၁၄၊ ပုဒ်မ ၃၀၂/ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးရမိရေး
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ပျောက်ဆုံးလေယာဉ် ဆက်ပျံခဲ့တယ်ဆိုတာ မဟုတ်

ပျောက်ဆုံးနေဆဲ မလေးရှားလေယာဉ်ကို လိုက်လံရှာဖွေနေကြစဉ်။ (မတ်လ ၁၃၊ ၂၀၁၄)

13.03.2014

ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်းပိုင်လေယာဉ်ဟာ နောက်ဆုံး ဆက်သွယ်မှု ပြုလုပ်ပြီးတဲ့နောက်ပိုင်း နာရီအတော်ကြာအထိ ဆက်လက် ပျံသန်းနေဆဲဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ မဟုတ်မှန်ကြောင်း မလေးရှားအရာရှိတွေက ငြင်းဆိုလိုက်ပြီး တရုတ် ဆက်သွယ်ရေးဂြိုလ်တုက ရိုက်ယူထားတဲ့ ပုံတွေထဲမှာ လေယာဉ်ပျက်တဲ့ အပိုင်းအစတွေ မတွေ့ရဘူးလို့ ဆိုပါတယ်။

လေယာဉ်ဟာ နောက်ဆုံး ဆက်သွယ်မှုရရှိခဲ့ပြီးတဲ့နောက်ပိုင်း ၄ နာရီကျော်ကျော်လောက် အချိန်အတွင်း မိုင်ပေါင်း နှစ်ထောင့်ငါးရာနီးပါး ပျံသန်းခဲ့တယ်လို့ ပြောဆိုနေတာနဲ့ ပတ်သက်လို့ လေယာဉ်ထုတ်လုပ်တဲ့ Boeing ကုမ္ပဏီနဲ့ လေယာဉ်အင်ဂျင်ထုတ်လုပ်တဲ့ Rolls Royce ကုမ္ပဏီတို့ကို မလေးရှားလေကြောင်းလိုင်းက မေးမြန်းထားကြောင်း မလေးရှား ပို့ဆောင်ရေးဝန်ကြီး Hishamuddin Hussein က ကြာသပတေးနေ့မှာ ပြောပါတယ်။

လေယာဉ် အင်ဂျင်ကနေ မြေပြင် ဆက်သွယ်ရေးဌာနကို သူ့အလိုလို ပေးပို့တဲ့ အချက်ပေးစံနစ်အရ သိရှိခဲ့တယ်လို့ အမေရိကန်အရာရှိပြောတာကို ကိုးကားပြီး Wall Street Journal မှာ ကြာသပတေးနေ့က ဖော်ပြထားတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို လေယာဉ်ပျံသန်းလာတဲ့ မူလလမ်းကြောင်းနဲ့ သိပ်မကွာတဲ့နေရာမှာ ကြီးမားတဲ့ အရာဝတ္ထု ပျက်ကျသွားတာကို တရုတ် ဆက်သွယ်ရေးဂြိုလ်တုက ဓါတ်ပုံ ရိုက်ယူထားလိုက်နိုင်တယ်လို့ တရုတ်အစိုးရပိုင် သတင်းမီဒီယာမှာ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ကြေငြာလိုက်တာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်အတွင်းမှာရှိတဲ့ အဲဒီနေရာကို မလေးရှားနဲ့ ဗီယက်နမ် ရှာဖွေရေးအဖွဲ့တွေ ကြာသပတေးနေ့က သွားရောက် စစ်ဆေးခဲ့ပေမယ့် ဘာမှ မတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။

VOA Burmese News

ကြံ့ခိုင်ရေးအမတ်ကို NLD တရားစွဲဖို့ပြင်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးဖွင့်ပွဲ။ (သြဂုတ် ၂၀၊ ၂၀၁၀)

လက်ရှိအာဏာရ ပြည်ထောင်စု ကြံခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ် တယောက်ကို အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က တရားစွဲဖို့ ပြင်ဆင်နေပါတယ်၊ NLD ရဲ့ ဂုဏ်သိက္ခာ ထိပါးစေလောက်အောင် ပါတီကို လူသိရှင်ကြား ဝေဖန်ခဲ့တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို တရားစွဲဖို့ ပြင်ဆင်နေပြီ လို့ NLD ဖက်က ပြောပါတယ်။ ဦးလှဆွေကတော့ သူ့ကို တရားစွဲဖို့ ရှိနေတဲ့ အပေါ်မှာ တစ်စုံတစ်ရာ ပြင်ဆင်ထားတာမျိုးမရှိသလိုလွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ကို အလွယ်တကူ တရားဆွဲဖို့မဖြစ်နိုင်ဘူး ဆိုပြီးတော့ လည်း ပြန်လည်ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့
ဆက်သွယ်မေးမြန်း ထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက်
ကိုအောင်ရဲမောင်မောင် က ပြောပြမှာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပေါ်ကို ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့
ဖွံ့ဖြိုးရးပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက အင်တာဗျူး
တစ်ခု မှာ ပုတ်ခတ်ပြောကြားခဲ့တာနဲ့ ပါတ်သက်လို့ NLD ပါတီက  သူ့ကို
တရားစွဲဖို့ စတင်ပြင်ဆင်နေပါပြီလို့ NLD ပါတီ ပြောခွင့်ရှိသူ ဗဟို
အလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက အတည်ပြုပါတယ်၊

" ဟုတ်တယ်။ ကျနော်တို့ပြင်ဆင်နေပါတယ်။ ပြည့်စုံတဲ့အခါကျရင် တင်ပါ့မယ်။"

ပြည်တွင်းမီဒီယာတစ်ခုနှင့် အင်တာဗျူးမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးလှဆွေက “အင်န်အယ်လ်ဒီမှာ ဒေါ်အောင်ဆန်းစုကြည်ကလွဲရင် ကျန်တဲ့ကောင်တွေ တစ်ကောင်မှ အသုံးမကျဘူး လို့ ပြောခဲ့တာနဲ့ အဖွဲ့ချုပ်ကို  ဒီရှုပ်ပါတီ လို့ခေါ်ဝေါ်သုံးစွဲခဲ့တဲ့အပေါ်မှာ အဖွဲ့ချုပ်က တရားစွဲဖို့ ပြင် ဆင်နေ တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့ ဦးဝင်းထိန်က ပြောပါတယ်၊

ဦးလှဆွေရဲ့ ပြောဆိုမှုတွေဟာ အဖွဲ့ချုပ်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတဲ့ အတွက်
ပါတီဘက်က တရားစွဲဖို့ ပြင်ဆင်တာနေတာဖြစ်တဲ့အပြင် သူတို့ဖက်က တရားစွဲဖို့ အသေအချာ ပြင်ဆင်မှုတွေ လုပ်ထားတယ်လို့လည်း ဆိုပါတယ်၊

"ကျနော်တို့ အဓိက လူကြီးအချင်းချင်း တိုင်ပင်တဲ့အခါ သူ့ကိုတော့ တရားစွဲမှဖြစ်မယ်လို့ အိုင်ဒီယာရကြတယ်။ ဒါပေမဲ့ သူက လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူ့ကိုတရားစွဲတာ အရမ်းကာရော လုပ်လို့မရဘူး။ လွှတ်တော်ဥက္ကဋ္ဌအထိ တင်ပြရမယ်။ ဥက္ကဋ္ဌက နေပြီးတော့ သဘောပေါက်ပြီဆိုတော့မှ ၊ ဥပဒေအရ  သဘောပေါက်ပြီဆိုတော့မှ တရားစွဲရမှာ။ အဲ့ဒီ့အနေအထားရှိတယ်။

နောက်တခု ကျနော်တို့ မီဒီယာထဲမှာ တွေ့လိုက်တာက ကျနော်တို့အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ဦးလှဆွေကို တရားစွဲဖို့အတွက် စာနဲ့ပေနဲ့တော့ ပြင်ဆင်ပြီးပြီလို့ ဂျာနယ်တစ်ခုမှာ ဖတ်လိုက်ရတယ်။ ဆိုတော့ တကယ်ဖြစ်လာမယ့်သဘောပေါ့။ သို့သော် ဘာလဲဆိုလို့ရှိရင် လွှတ်တော်ဥက္ကဋ္ဌဆီ တင်ပြတော့မယ်။"

လက်ရှိအာဏာရ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရးပါတီရဲ့
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကတော့ လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ကို တရားစွဲတဲ့ နေရာမှာ လွှတ်တော် ဥက္ကဋ္ဌတွေက ခွင့်ပြုမှတရားစွဲလို့ရမယ်ဆိုတဲ့ အချက်ရှိတာကြောင့် သူ့ကို တရားစွဲဖို့
အဖွဲ့ချုပ်က ပြင်ဆင်နေပေမဲ့ သူ့အနေနဲ့တော့ အဲဒီအပေါ်မှာ တစ်စုံတစ်ရာ
ပြင်ဆင်ထားတာမျိုးမရှိဘူးလို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သူဝေဖန်ပြောခဲ့တာနဲ့ ပါတ်သက်လို့
ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ပိုင်းတွေက နောက်ပိုင်း ဒါမျိုးတွေ
မပြောဖို့ သူ့ကို ပြောဆိုခဲ့တယ်လို့လဲ ဦးလှဆွေက ပြောပါတယ်၊

"ကျနော်တို့ အခုလူကြီးတွေကတော့ မှာထားတယ်။ NLD ကိုပြောတာတွေ မပြောပါနဲ့လို့မှာထားတယ်ဗျ။ မှာထားတဲ့အတွက်ကြောင့် ကျနော်က NLD ကို မပြောပါဘူး။ အဲ့ ဒီက ရှေ့လျောက်လည်း မပြောတော့ဘူး။ မပြောတော့ဘူးဆိုတာက သူတို့ပြောတာ များလွန်းလို့သာလျှင် ကျနော်က ပြန်ပြောတာလေ။ လူကြီးတွေကလည်း မှာထားတယ်။ မင်း NLD ကို ဘာမှ မပြောပါနဲ့ကွာ။ သူတို့ပြောချင်ရာ ပြော ငြိမ်ခံနေလိုက်လို့ပြောတယ်။

အခြေခံဥပဒေပြင်မယ့် ၁၀၉ဦးဖွဲ့တုန်းကလေ အဲ့ဒီ့လူတွေက အပြောင်းအလဲကို ပြောင်းလဲဟန့်တားပြုလိုသော စိတ်ဓာတ်အခံရှိသူတွေ၊ တတ္တိဝိလာပ၊ ဝိဇ္ဇာဝိလာပ၊ စိတ္တဝိလာပ အယူမှား၊ အမြင်မှား၊ အတွေးမှား သမားတွေဆိုပြီး ကျနော်တို့ကို စွတ်စွဲတယ်ဗျ။ နောက်တခါ သမ္မတ ဖြစ်ဖို့ နေရာပေးလိုက်ပါရက် လက်တဆုပ်စာ လူထု အာဏာရအသင်းအဖွဲ့ အသင်းအပင်းဆိုပြီး ကျနော်တို့ကို ဒီလိုပြောတယ်ဗျာ။

နောက်တခါ ၁၀ရက် ၂လမှာ ဘာပြောလဲဆိုတော့ ၂၀၁၀ရွေးကောက်ပွဲ မှာတဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီးဟောင်းများ၊ ခေါင်းဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီက အပြတ်အသတ်နိုင်ခဲ့ခြင်းဟာ လွတ်လပ်ပြီး တရားမျှတခြင်း ရှိ၊ မရှိဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားခဲ့တယ်ဆိုပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကပြောတယ်။

ပြောတဲ့အခါကျတော့ ကျနော်ကပြောတယ်။ ဆိုလိုတာက ၂၀၁၀မှာ ကျနော်တို့က မဲလိမ်ပြီးတော့ ရောက်လာတယ်ပေါ့ဗျာ။ ၂၀၁၀မှာ မဲလိမ်ပြီးတော့ ရောက်လာတော့ အခု လွှတ်တော်ဥက္ကဋ္ဌတွေရော၊ သမ္မတတွေရော၊ ဒါတွေကို ပြောတာနဲ့ အတူတူပဲဗျ။ ဒါတွေကို ကျနော်တို့ ငြိမ်ခံခဲ့ကြတယ်ဗျ။"

အမေရိကန်၊ ဗြိတိန်စတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ နိုင်ငံရေး သမားတွေ
တယောက်နဲ့ တယောက်ကြား၊ နိုင်ငံရေးပါတီတခုနဲ့တခုကြားမှာ အပြန်အလှန်
ပြစ်တင်ဝေဖန်ပြောဆိုမှုတွေရှိပါတယ်၊ မြန်မာနိုင်ငံမှာတော့ အခုလို
အင်အားကြီး ပါတီ ၂ ခု အကြား တရားစွဲဖို့အထိ ဖြစ်လာတာဟာ တစ်ဖက်နဲ့ တစ်ဖက်သူတို့ ဒီကိစ္စ အပေါ်လက်ခံ၊တိုင်းတာ ရှုမြင်ပုံပေါ်မှာ မူတည်တယ်လို့
ပြည်တွင်းက ၀ါရင့်သတင်းစာဆရာတစ်ဦး ဖြစ်တဲ့ ဦးစည်သူအောင်မြင့် က
အခုလို သုံးသပ်ပြောဆိုပါတယ်။

"တဖက်နဲ့တဖက်၊ နောက်နိုင်ငံရေးသမား တစ်ယောက်နဲ့တစ်ယောက် ခံယူပုံခြင်း မတူကြဘူး။ တချို့တွေကျတော့ ဟုတ်တယ်။ ကိုယ်လည်းပြောမှာပဲ။ သူလည်း ပြောပါစေ၊သဘောထားတာ ရှိသလိုမျိုး။ တည်ဆဲဥပဒေကို ကျော်ပြီးတော့တော့ မလုပ်နဲ့ပေါ့နော်။ အဲ့လိုမျိုး တရားစွဲတယ်ဆိုတာလည်း သူတို့က ဥပဒေရဲ့ ခံယူတဲ့သဘောပါပဲ။ အပြစ်ပြောစရာမရှိပါဘူး။ NLD ကိုလည်း အပြစ်ပြောစရာမရှိဘူး။ ဦးလှဆွေတို့ဘက်ကိုလည်း အပြစ်ပြောစရာမရှိဘူး။ ဒါ တဖက်ကလည်း သူပြောရေးဆိုခွင့်ရှိလို့ပြောတယ်။ တဖက်ကလည်း တရားဥပဒေအရ လုပ်ပိုင်ခွင့်ရှိတယ်လေ။ ဒါ ဘယ်နိုင်ငံသားမဆိုပေါ့။"

ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်၊ ပြည်ထောင်စု လွှတ်တော်ရဲ့ နာယက
လည်း ဖြစ်တဲ့ သူရဦးရွှေမန်းက တော့ နှစ်ပါတီ အကြား အခုလို ဖြစ်ရတာဟာ ပါတီဝင် တွေ အကြား စကားပြောဆိုပုံ လွဲမှားတာကြောင့် ဖြစ်ပြီးတော့ ပါတီ ဥက္ကဋ္ဌတွေ အကြား မျက်နှာပူစရာ ဖြစ်ရတယ်လို့ နေပြည်တော်မှာ သတင်းမီဒီယာတွေနဲ့မတ်လအတွင်း တွေ့ဆုံမှုတစ်ခု မှာ ပြောဆိုခဲ့ဖူးပါတယ်။

VOA Burmese News

ယူကရိန်းကြောင့် ရုရှားကို ဂျာမနီသတိပေး

ဂျာမနီဝန်ကြီးချုပ် Angela Merkel ဂျာမန်လွှတ်တော်တွင် ယူကရိန်းအရေးမိန့်ခွန်းပြောစဉ်။ (မတ် ၁၃၊ ၂၀၁၄)

ယူကရိန်းပဋိပက္ခနဲ့ပတ်သက်လို့ ရုရှားဖက်က လက်ရှိလုပ်ဆောင်နေတဲ့ လမ်းကြောင်းကနေ တစုံတရာ ပြောင်းလဲ လုပ်ဆောင်ခြင်းမရှိရင် ရုရှားနိုင်ငံအနေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအရ ကြီးမားတဲ့ ပျက်ဆီး ထိခိုက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဂျာမန်ဝန်ကြီးချုပ် Angela Merkel က ပြောကြားလိုက်ပါတယ်။

ယူကရိန်းနိုင်ငံရဲ့ နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ ထည့်သွင်းဆွေးနွေးဖို့ မလိုဘူးလို့ ဂျာမန်လွှတ်တော်ကို ကြာသပတေးနေ့မှာ ပြောကြားတဲ့ မိန့်ခွန်းအတွင်း ၀န်ကြီးချုပ် မာခဲလ်က အဲဒီလို ထည့်သွင်း ပြောဆိုလိုက်တာပါ။

ယူကရိန်းနိုင်ငံ Crimea ဒေသကို ရုရှားတပ်ဖွဲ့တွေ ကျူးကျော် ၀င်ရောက်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ အနောက်အုပ်စုတွေနဲ့ ရုရှားအကြား ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်နေတာပါ။

ယူကရိန်းကိစ္စမှာ ရုရှားက ဆက်ပါနေဦးမယ်ဆိုရင် ထိုက်တန်တဲ့ အကျိုးဖြစ်ထွန်းမှုနဲ့ ရင်ဆိုင်ရမယ်လို့ အမေရိကန်သမ္မတ Barack Obama ကလည်း ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

Crimea ဒေသအနေနဲ့ ယူကရိန်းကခွဲထွက်ပြီး ရုရှားနဲ့ ပေါင်းသင့် မပေါင်းသင့် တနင်္ဂနွေနေ့မှာ ပြုလုပ်မယ့် ဆန္ဒခံယူပွဲကို လုံးဝ ကန့်ကွက်ကြောင်း ဗုဒ္ဓဟူးနေ့က ယူကရိန်း ကြားဖြတ်ဝန်ကြီးချုပ် Arseniy Yatsenyuk နဲ့ အတူ အိမ်ဖြူတော်မှာ သမ္မတ အိုဘားမားက ပြောလိုက်တာ ဖြစ်ပါတယ်။ သီတင်းပတ်အနဲငယ်အတွင်း တက်သုတ်ရိုက် လုပ်ဆောင်တဲ့ ဆန္ဒခံယူပွဲဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

VOA Burmese News

ထိုင်းဘုရင်ဟောင်း အုတ်ဂူ တူးဖော်ရေး မန္တလေး စည်ပင် တားမြစ်

လင်းဇင်းကုန်း သုသာန်ရှိ ထိုင်းဘုရင်ဟောင်း၏ ဂူတူးဖော်ရှာဖွေနေသည့် အခြေအနေကိုတွေ့ရစဉ် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ) 

အမရပူရ တောင်သမန် အင်းစောင်း လင်းဇင်းကုန်း သုသာန်ရှိ ထိုင်းဘုရင့် အုတ်ဂူ တူးဖော်ရေး လုပ်ငန်းများကို မန္တလေး တိုင်း ဒေသကြီး စည်ပင်သာယာရေး ကော်မတီမှ ရပ်ဆိုင်းရန် အကြောင်း ကြားလာကြောင်း သိရသည်။
ထိုင်းဘုရင်ဟောင်း ဥတွန်ပုံ အုတ်ဂူ တူးဖော်နေသည့် ပရ၀ုဏ် အတွင်းမှ အဆောက်အအုံများ ဖျက်သိမ်း ပေးပါရန် ဆိုသည့် အကြောင်း ကြားစာကို မန္တလေးတိုင်း စည်ပင် သာယာရေးမှ မတ် ၁၀ ရက် က ပေးပို့လာကြောင်း ထိုင်း ရှေးဟောင်း သုတေသန တူးဖော်ရေး တာဝန်ခံ မစ်ကီဟတ်က ပြောသည်။
“စာထဲမှာ အဆောက် အအုံများ ဖျက်ပေးရန် ဆိုပေမယ့်၊ အမရပူရ မြို့နယ် အုပ်ချုပ်ရေးမှူး ပြောတာက လုပ်ငန်းတွေပါ ရပ်ဆိုင်းပေးဖို့ ပြောတယ်၊ သဘောကတော့ ဆက်လက် ထိန်းသိမ်းခွင့် မပေးတော့တဲ့ ပုံဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။
ထိုင်း ဘုရင့်ဂူ တူးဖော်ရေး လုပ်ငန်းကို ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက စတင်ပြီး မစ်ကီဟတ် အပါအ၀င် လွတ်လပ်သည့် ထိုင်း- မြန်မာ သမိုင်းနှင့် ရှေးဟောင်း သုတေသန ဆိုင်ရာ ၀ါသနာရှင်များ ပူးပေါင်းပြီး ရေသဖန်းပွင့် ချစ်ကြည်ရေး အဖွဲ့ ဖွဲ့၍ မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ခွင့်ပြုချက်ဖြင့် တူးဖော်နေခြင်း ဖြစ်ကြောင်း သိရသည်။
တူးဖော်ရာတွင် အရှေ့မြောက်ဘက် အရန် စေတီတိုင် အတွင်းမှ အရိုးများ ထည့်ထားသည့် ကြာဖူး ပုံသဏ္ဌာန် မှန်စီ ရွှေချ သပိတ် တလုံးနှင့် ပန်းချီ ရေးဆွဲထားသည့် မှန်ချပ်များ တွေ့ရပြီးနောက် တူးဖော်ရေး လုပ်ငန်းများ အဆုံးသတ် ခဲ့ရသည်ဟု မစ်ကီဟတ်က ပြောဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်က ထိုင်းနိုင်ငံ ယဉ်ကျေးမှု ၀န်ကြီး ဌာနမှ ကိုယ်စားလှယ်အဖွဲ့ တဖွဲ့က အဆိုပါ သဖန်းပွင့် အဖွဲ့ ဆောင်ရွက်မှုနှင့် ပတ်သက်၍ လာရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
လက်ရှိ တူးဖော် ဆောင်ရွက်ထားမှု အခြေအနေနှင့် ပတ်သက်ပြီး ကွင်းဆင်း သုတေသန တူးဖော်မှု နည်းလမ်းများ အရ စနစ် တကျ ပြုလုပ်ထားသည်ကို မတွေ့ရဘဲ ကွင်းဆင်း လေ့လာ တူးဖော်မှု အစီရင်ခံစာ အားနည်းမှု ရှိကြောင်း၊ တွေ့ရှိချက်များကို သိပ္ပံ နည်းကျ DNA တိုက်ဆိုင် စစ်ဆေးပြီးမှ ရလဒ်ကို ဖော်ထုတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆိုင်ရာ သမိုင်း ဖြစ်စဉ် ရက်စွဲများနှင့် ထိုင်းနိုင်ငံ ဆိုင်ရာ သမိုင်း ဖြစ်စဉ် ရက်စွဲများ နှစ်ဘက် တိုက်ဆိုင် သုတေသန ပြုလုပ်ပြီး တူညီမှုရှိမှသာ ပထမအဆင့် လက်ခံနိုင်မည် ဖြစ်သည့်အတွက် လက်ရှိ တူးဖော်ရေး လုပ်ငန်း ဆောင် ရွက် နေသော ရေသဖန်းပွင့် ချစ်ကြည်ရေး အဖွဲ့မှ သုတေသန ပြုမှုအား ယာယီအားဖြင့် လက်မခံနိုင်ကြောင်း ထိုင်းယဉ်ကျေးမှု ၀န်ကြီး ဌာနက ဘန်ကောက်မြို့တွင် မကြာသေးခင်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ထုတ်ပြန် ပြောဆိုသည်။
ထိုင်းယဉ်ကျေးမှု ၀န်ကြီး ဌာန၏ သုံးသပ် ပြောဆိုချက်များ ထွက်ပေါ် လာပြီးနောက် ယခုကဲ့သို့ မန္တလေးတိုင်း စည်ပင် သာယာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန၏ တားမြစ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
မန္တလေး စည်ပင်သာယာရေး သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တဦးက “သူတို့မှာ တိကျကျ တင်ပြတဲ့ အထောက်အထား တွေ သက်ဆိုင်ရာကို တင်ပြမှု ညှိနှိုင်းမှု မရှိဘူး၊ အဲဒီအတွက် ကျနော်တို့ သက်ဆိုင်ရာကပဲ ထိန်းသိမ်းဖို့ လုပ်ဆောင်တာပါ”ဟု ဆိုသည်။
ထိုင်းဘုရင်ဂူကို မန္တလေးတိုင်း ဒေသကြီး အစိုးရနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်း သုတေသနတို့နှင့် ပူးပေါင်းပြီး လတ်တလော ဆက်လက် ထိန်းသိမ်းသွားမည်ဟု အဆိုပါ တာဝန်ရှိသူက ပြောဆိုသည်။
လင်းဇင်းကုန်း သင်္ချိုင်းမြေသည် မန္တလေးတိုင်း စည်ပင်သာယာ၏ ထိန်းသိမ်း စောင့်ရှောက်မှု ဧရိယာ အတွင်းတွင် ရှိပြီး ယခုအခါ သင်္ချိုင်း ဖျက်သိမ်း၍ ပန်းခြံနှင့် ရေပေးရေး ဌာနတခု တည်ဆောက် နေကြောင်း၊ အများ ထင်မြင်ယူဆ နေ သကဲ့သို့ မြို့ကွက် ရိုက်ပြီး မြေနေရာ ရောင်းစားမည် မဟုတ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
လက်ရှိ တူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက် နေသည့် မစ်ကီဟတ်က ထိုင်းဘုရင် အုတ်ဂူ တူးဖော်မှုနှင့် ပတ်သက်ပြီး ထိန်းသိမ်းမှုများ လုပ်ဆောင် နိုင်ရေးကို ဆက်လက် ဆောင်ရွက်သွားမည်ဟု ဧရာဝတီသို့ ပြောသည်။
အယုဒ္ဓယ ဘုရင်ဟောင်း ဥတွန်ပုံ၏ အုတ်ဂူ တူးဖော်ရေး လုပ်ငန်းများတွင် မြန်မာ အစိုးရ ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်း သုတေသနဌာနက ပါဝင်ဆောင်ရွက်ခြင်း မရှိဟုလည်း ၎င်းက ဆိုသည်။
ထိုင်းဘုရင့်ဂူ တူးဖော်ရေးနှင့် ပတ်သက်ပြီး ထိုင်းယဉ်ကျေးမှု ၀န်ကြီးဌာနက ယခုအခါ မြန်မာ အစိုးရ ယဉ်ကျေးမှု ၀န်ကြီး ဌာနကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးရန် လိုလားလျက် ရှိကြောင်း သိရသည်။
ကုန်းဘောင်ခေတ် ၁၇၆၇ ခုနှစ်တွင် ဆင်ဖြူရှင်မင်း လက်ထက်က အယုဒ္ဓယသို့ သွားရောက် စစ်ပြုရာ အဆိုပါ ထိုင်း ဘုရင် ဟောင်း မင်းသားကြီး ဥတွန်ပုံကို ရဟန်းဝတ်ဖြင့် သုံ့ပန်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်ခံခဲ့ရခြင်း ဖြစ်သည်ဟု သမိုင်း မှတ်တမ်း များတွင် ဖော်ပြထားသည်။

Irrawaddy

သင်္ကြန်သံချပ် စာသားများ ကြိုတင်စိစစ်မည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်ကို သင်္ကြန်မင်းသားများ လုံးဝလက်မခံ။


ဖမ်းချင်ရင်ဖမ်း သံချပ်ကိုတော့ စိစစ်ရေးမတင်နိုင်ဘူးဆိုတဲ့ ဇာဂနာ နဲ. ဗေလုဝ။


မကြာမီ သင်္ကြန်ရိုးရာ ပွဲတော် ရောက်ရှိလာတော့မည်။ ဆိုရှယ်လစ်ခေတ် ကတည်းက အုပ်ချုပ် သူများသည် မီဒီယာများကို ထိန်းချုပ် ကြပ်မတ်
ထား သော်လည်း သင်္ကြန်ပွဲတော် အတွင်း သံချပ်များ ရေးဖွဲ့ကာ အစိုးရအား အပြုသဘော ဝေဖန်မှုများကိုတော့ ခွင့်လွှတ်ထား ခဲ့သည်။

ယင်းရိုးရာဓလေ့သည် ၁၉၈၈ခု တပ်မတော် အစိုးရ အာဏာ သိမ်းပြီး
သည့်နောက် ပျောက်ကွယ်သွားသည်။ ၁၉၈၀ ကာလ တစ်ဝိုက် ရန်ကုန် နှင့် မန္တလေးမြို့ကြီးများတွင် ရိုးရာသံချပ် အဖွဲ့များကို ဆင်းရဲတွင်း နက်နေသော နိုင်ငံသားများက အင်တိုက်အားတိုက် အားပေးခဲ့သည်။

ထိုစဉ်အခါက ဆိုရှယ်လစ် စီးပွားရေး စနစ်အောက်တွင် စပွန်ဆာ ဆိုတာမရှိ။ သံချပ် ၀ါသနာအိုးများသည် မိမိ၏ ကိုယ်ပိုင် ပိုက်ဆံလေးများကို စုဆောင်းကာ အင်္ကျီ ပုဆိုးများ ၀ယ်ရသည်။
ထိုစဉ်က တစ်ယောက် ၃ ကျပ်စုလျှင် သင်္ကြန် အတွက် ယူနီဖောင်း ရသည်။ ထိုအချိန်ကို ရောက်ဖို့ တစ်နှစ်လုံး အားခဲပြီး စောင့်နေသော သင်္ကြန်မင်းသားများ ရှိသည်။ မြို့နယ်တိုင်းမှလည်း သင်္ကြန် အလှပြ ကားများကို ဆုပေးမည့် မဏ္ဍပ်များက အစီအရီ။ ထိုစဉ်အခါက “ဆိတ်ပါးစပ် နတ်မျက်စိ”၊ “ပြီးပါပြီ” ၊ “မပြောတော့ဘူး”၊ “ ဒိုးဒိုးဒေါက်ဒေါက်” ၊ “မောင်မောင်ဆိုလေ ထီးရိုးရှည်” ၊ “ဒဲ့ဒိုး” “ကောလဟာလ” “တန်ခူးလေနဲ့ မျောလွင့်ခြင်း” ၊ “မှန်သားထဲက
မျက်နှာ” ၊ “ခြင်းကြားတုတ်ထောက်” ၊ “အပြာရဲ့အနီ”စသည့် သင်္ကြန် အဖွဲ့များက ရန်ကုန်တွင် နာမည်ကြီးသည်။

ဒီနှစ်တွင် မည်သည့် အသင်းက ဘာတွေ ပြောမလဲ ဆိုတာကို
စောင့်စားနေကြ ရသည်။ ယခင်နှစ်က ပထမရသော အဖွဲ့မှ ယခုနှစ်မှာ လုံးဝ ပြုတ်သွားတာလည်း ရှိသည်။ သင်္ကြန်ပြီးတော့ အားလုံး ကွဲသွားကြသည်။ သင်္ကြန် နားနီးတော့ ပြန်ဆုံ ကြပြန်သည်။ သင်္ကြန်မင်းသား တစ်ဦး ဖြစ်သူ လူရွှင်တော် ကုသိုလ်သည် သင်္ကြန် သံချပ်ရှုံးလို့ အိမ်က သစ်တွေခွာ ရောင်းပြီး စိုက်လိုက်ရ သည်လည်း ရှိသည်။ တစ်ချို့ မဏ္ဍပ်တွေက တော်ရုံ အဖွဲ့ဆိုရင် လက်မခံ အစဉ်အလာရှိသော သံချပ် အဖွဲ့များသာ ပြိုင်ခွင့်ရသည်။

ပရိသတ်များ၊ ရပ်ကွက် လူထုများ၏ ရင်တွင်း ခံစားချက်ကို ပြောပေးသော အဖွဲ့ဆိုလျှင် လက်ခုပ်တီး အားပေးကြသည်။ သံချပ်တစ်ဖွဲ့နှင့် တစ်ဖွဲ့ မတူကြ။ သင်္ကြန်ကို သီးသန့် ကြည့်မည့် လူတန်းစားကလည်း မဏ္ဍပ်ရှေ့တွင် မိုးလင်းသည်ထိ စောင့်နေလေ့ ရှိသည်။ နာမည်ကြီး သံချပ် အဖွဲ့များမှာ ဖိတ်ကြားထားသည့် မဏ္ဍပ် ကုန်အောင် မသွားနိုင်ကြ။
သင်္ကြန် အတက်နေ့ဆိုလျှင် အသံတွေဝင် ကုန်သည်။ ၁၉၈၆/၈၇ နိုင်ငံရေး မတည်ငြိမ်သော အခြေအနေတွင် သတ္တိရှိသော သံချပ်အဖွဲ့ တစ်ချို့ အဖမ်းခံရသည်။ တစ်ချို့က အချုပ်ခန်း ထဲတွင် သံချပ် ဆက်ထိုးသည်။ သင်္ကြန် သံချပ်အဖွဲ့ ထွက်နိုင်ရန် အချို့ ရပ်ကွက်များက ဆန်တွေဆီတွေ
ထောက်ပံ့ကြသည်။

မြန်မာ့ရိုးရာ သင်္ကြန် နှင့် သံချပ် ဆိုသည်မှာ ခွဲခြား၍ မရ သင်္ကြန်ကျလို့ သံချပ် မပါလျှင် ပြည့်စုံမှု မရှိဟု ထင်ကြ သည်။ တစ်ချို့ အဖွဲ့များသည် စာသား ကြိုတင် စိစစ်မှုများ ရှိသော်လည်း စိတ်ကြိုက်တိုင်ပြီးမှ ရဲစခန်းသွား အဖမ်းခံတာမျိုးလည်း ရှိသည်။ သို့သော် သံချပ်ခေါင်းဆောင်
တွင် အခြေခံစည်းမျဉ်းများ ရှိပါသည်။ ဘာသာရေး နှင့် ပတ်သက်၍
စော်ကားသည့် သံချပ်မျိုး၊ တိုင်းရင်းသား စည်းလုံးမှုနှင့် ပတ်သက်၍ ထိခိုက်မည့် သံချပ်မျိုး လုံးဝ မထိုး။

ထိုခေတ် ထိုအခါက သမ၀ါယမ ဆေးခန်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အကြောင်းကို အဓိက ပြောလေ့ရှိသည်။ အမျိုးဂုဏ် ဇာတိဂုဏ် ရှင်သန်ဖို့ သံချပ်တိုင်သည်။ ဤသို့ ချစ်စရာ ကောင်းသော
မြန်မာ့ဓလေ့ ရိုးရာ သံချပ်များသည် တပ်မတော်မှ အာဏာသိမ်းသည့် အချိန်ကစပြီး ပျောက်ကွယ်သွားသည်။ သင်္ကြန် မင်းသားများ ဖြစ်ကြ
သော မောင်မေတ္တာ၊ ဇာဂနာ၊ ကဗျာဆရာ မောင်စိမ်းနီ၊ ဗေလုဝ၊ ကုသိုလ်၊ လှကျော်နေ၊ မောင်ကြေးမုံတို့ ရင်ကွဲနာကျ ခဲ့ရသည်။

ယခုတော့ ဒီမိုကရေစီခေတ်ကို ရောက်ပြီဟု ဆိုကြသည်။ လွတ်လပ်စွာ
ပြောဆိုခွင့် ရှိလာပြီ ဟု ချီးမွန်းကြသည်။ သင်္ကြန်မင်းသားများလည်းေ
ပျောက်ဆုံးနေသော သံချပ်ကို အသက်သွင်းဖို့ ကြိုးပမ်း လာကြသည်။ ထိုအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ သင်္ကြန် သံချပ်
များကို စိစစ်မည့် အစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

၁၃၇၅ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာ သင်္ကြန် ပွဲတော်တွင် သင်္ကြန် သီိချင်း စပ်ဆိုခြင်း၊ သံချပ်ထိုး စာသားများအား တိုင်းဒေသကြီး အစိုးရ
အဖွဲ့ မဟာသင်္ကြန် သံချပ် စိစစ်ရေး ကော်မတီသို့ မတ်လ ၂၀ရက်
နောက်ဆုံးထား တင်ပြရန်နှင့် ကော်မတီ၏ ခွင့်ပြုချက်ဖြင့်သာ သီချင်း စပ်ဆိုခြင်း၊ သံချပ် ထိုးခြင်းများ ဆောင်ရွက်ရန် ဖြစ်ကြောင်း မတ်လ (၅)ရက်နေ့တွင် အစိုးရ သတင်းစာများ၌ ထုတ်ပြန် ကြေညာခဲ့သည်။

ဤကိစ္စနှင့် ပတ်သက်၍ လူရွှင်တော် ကုသိုလ်က “၂၀၁၂ ဦးတို့ သင်္ကြန်သံချပ် ပြန်ထွက်တဲ့ အဖွဲ့ နာမည်ကတော့ “သာဓုပါဗျာ”
လို့ ခေါ်ပါတယ်။ အဲဒီထဲက ပြည်သူ လူထုက တစ်ခဲနက် အားပေးခဲ့
ကြတဲ့ စာသား တစ်ပိုဒ်ကို ပြောပြရရင် “ဟိုဘက်ကမ်းက မီးထိန်ထိန် ယိုးဒယားတို့ အိမ် ဒီဘက်ကမ်းက မီးမှိန်မှိန် ကျနော်တို့ရဲ့ အိမ် ဟိုဘက်ကမ်းက မီးထိန်ထိန် ပေါက်ဖော်ကြီးတို့ အိမ် ဒီဘက်ကမ်းက မီးမှိန်မှိန် ကျနော်တို့ အိမ် ကျွန်တော်တို့ ရောင်းတဲ့ ဓာတ်အားတွေနဲ့ သူတို့မှာ လင်းလက်လို့ ထိန် ပိုင်ရှင်ဖြစ်တဲ့ ကျွန်တော်တို့မှာ ပြာလဲ့လဲ့မှိန်” အဲလို သံချပ်တွေ ဘာကြောင့် တိုက်ခဲ့သလဲ ဆိုတော့ ဓာတ်အား
တွေတော့ အစိုးရက သူများ နိုင်ငံကို ရောင်းလိုက်တာပဲ ပြည်သူကတော့ ဘာအကျိုး ကျေးဇူးမှ မခံစားရဘူး။ ဒါမျိုးတွေကို သံချပ်တိုက်တော့
ပြည်သူတွေက လက်ရှိ ခံစားနေရတဲ့ ကိစ္စတွေ ဖြစ်တော့ တစ်ခဲနက် အားပေးခဲ့ကြတာ ပဲလေ”ဟု ဆိုပါသည်။

အခြား သင်္ကြန်မင်းသား တစ်ဦင်္းဖြစ်သော မောင်မေတ္တာမှလည်း သံချပ်စာသား ကြိုတင်ရမည့် ကိစ္စနှင့် ပတ်သက်၍ “ဒီအတိုင်း
ဆိုရင်တော့ မလုပ်တော့ဘူး၊ တိုင်းပြည်ကို ပြုပြင်သူတွေကို
ဘာမလုပ်ရ ညာမလုပ်ရ ဆိုပြီး အမိန့်ထုတ်တဲ့ အတွက် မလုပ်ချင်
တော့ဘူး၊ သံချပ်သမား ဆိုတာ အဖျက်သမားတွေ မဟုတ်ဘူး၊ အပြုသဘော ပြောတဲ့ သူတွေ ဒီနှစ် စဉ်းစားထားတာက မြန်မာ့
မြေယာ ရှည်လျားထွေပြား မြွေနဂါး တစ်ဖြည်းဖြည်း ၀ါးတော့မှာ ဆိုပြီး လုပ်ထားတာ ဒီအတိုင်း ဆိုရင်တော့ သံချပ်ဆိုတာလည်း ရှိမှာ မဟုတ်တော့ဘူး”ဟု ဖြေကြား သွားခဲ့သည်။

ပုဂံညောင်ဦးတွင် ရုပ်ရှင် ရိုက်ကူးနေသော သင်္ကြန်မင်းသား ဗေလုဝ
ကလည်း “န၀တ ခေတ်က အတိုင်းပဲလား၊ သူတို့ ပြောနေတဲ့ ပွင့်လင်း မြင်သာမှု ဆိုတာ ဘာလဲ၊ ကျွန်တော်ကတော့ ဒီနှစ် သံချပ် ထွက်မယ်။ စိစစ်ရေးလည်း မတင်ဘူး။ ဖမ်းချင်လည်းဖမ်း သံချပ်
ကတော့ ထွက်မှာပဲ”ဟု ပြောကြားသည်။

လာမည့် သင်္ကြန်ပွဲတော်တွင် သံချပ်နဲ့ ပတ်သက်ပြီး ကြိုတင် စိစစ်မည့် ကိစ္စကို ဆန့်ကျင်ကြောင်း လူရွှင်တော် ဇာဂနာက ပြောကြားခဲ့သည်။ “တိုင်းပြည်က ရှေ့ကို သွားနေတာလား၊ နောက်ကို သွားနေတာလား၊ မသိတော့ဘူး၊ ဘယ်လိုပဲ ဖြစ်ဖြစ် သင်္ကြန် သံချပ်တွေက ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ အားနည်းချက်တွေကို ချစ်စရာ ကောင်းအောင်
ထောက်ပြတယ်၊ သံချပ် သမားတွေက လိုအပ်ရင်လည်း သတ္တိရှိတယ်၊ စစ်အုပ်ချုပ်ရေး ခေတ်ကိုတောင် အာခံခဲ့သေးတာပဲ၊ ဒီသံချပ်လေးနဲ့ လာမည့် သင်္ကြန်ကို နှုတ်ဆက် လိုက်ချင်တယ်။

“မီးပြင်းနဲ့တိုက် တိုက်ချင်တိုက်
ပေပေါ်တင်ထု ထုချင်ထု ၊
မီးတိုက်တဲ့အခါနီရဲလာမယ်၊
တူထုတဲ့အခါ ကျစ်မာလာမယ်
ကျောက်ဆိုင်မာဘိ သံမဏိကွ
သတိ္တဟိန်းထ ပေါက်ကွဲရှပြီ
ဘ၀ဆိုတာနွေဟေ့နွေ”

ရွှေညီ

( Tomorrow သတင်းဂျာနယ် အမှတ်(၃)မှကောက်နှုတ်ချက် )


မြန်မာအတွက် ဗြိတိန် အကူအညီ သန်း ၁၀၀ တိုးမယ်

မြန်မာအစိုးရရဲ့ စကားကို ယုံလွယ်တယ်လို့ အချို့က ဝေဖန်

ဗြိတိသျှ အစိုးရက မြန်မာနိုင်ငံကို နှစ်စဉ် ပေးနေတဲ့ ပေါင်စတာလင် သန်း ၆၀ အကူအညီကို သန်း ၁၀၀ အထိ တိုးပေးဖို့ ဗြိတိန် ပါလီမန် နိုင်ငံရပ်ခြား ဖွံ့ဖြိုးရေး ကော်မတီက ထောက်ခံ တင်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေပေမယ့် အခုလို ပါလီမန် ကော်မတီက အကူအညီ တိုးပေးဖို့ ထောက်ခံ လိုက်တဲ့အတွက် မြန်မာ အစိုးရရဲ့ ပြောစကားကို ယုံလွယ်တဲ့ ပုံမျိုး ဖြစ်နေတယ်လို့ ဝေဖန်သူတွေက ပြောကြပါတယ်။

ပါလီမန် ကော်မတီကတော့ အခုလို အကူအညီ တိုးပေးတဲ့အတွက် မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို အထောက်အပံ့ ဖြစ်စေမယ်လို့ ဆိုပါတယ်။

အီးယူ ဥရောပသမဂ္ဂ ကလည်း မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ၂၀၁၃ ခုနှစ်က ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

BBC Burmese

High Heels တွေကို သက်သောင့်သက်သာ ဖြစ်အောင် ဘယ်လိုရွေးချယ်မလဲ

 
          ရုံးထဲပဲဖြစ်ဖြစ်၊ ရုံးပြင်ပဲဖြစ်ဖြစ် High Heels (ဖိနပ်အမြင့်) တွေကို ကျွန်မ အလွန်နှစ်သက်ပါတယ်။ ဒါပမေယ့် တစ်ခါတစ်လေတော့လည်း သူတို့က ကျွန်မခြေထောက်တွေကို အရမ်းဒုက္ခပေးပါတယ်။ ဒီတော့ သက်သောင့်သက်သာ ဖြစ်မယ့် တစ်ခုခုများ ရှိမလား။

(၁)     ဖိနပ်အမြင့်ရဲ့ အနေအထား
          တကယ်လို့ heel တွေဟာ ဖိနပ်အနောက်ပိုင်းနဲ့ အရမ်းဝေးလွန်းတဲ့အခါ သင့်ရဲ့ အလေးချိန်ကို ကောင်းစွာမထိန်းထားနိုင်ပါဘူး။ ဒေါက်ရဲ့အလယ်လိုင်းဟာ သင့်ခြေဖနောင့်ရဲ့ အလယ်လောက်မှာ ရှိနေသင့်ပါတယ်။ ဒေါက်အထူတွေ ဆိုရင်တော့ ဒီအချက်ကို အထူးဂရုစိုက်စရာ မလိုပေမယ့် ဒေါက်အချွန်တွေ အတွက်ဆိုရင်တော့ သတိထားရပါမယ်။



(၂)     အောက်ခံ အထူ/အပါး
        ဖိနပ်အမြင့်တွေဟာ များသောအားဖြင့် အောက်ခံအထူတွေနဲ့ ပိုပြီးသက်သောင့်သက်သာ ရှိပါတယ်။ ဒီတော့ ပိုမြင့်တဲ့ အနေအထားဟာ အမြဲတမ်း ပိုကောင်းတဲ့ စိတ်ကူးတစ်ခုပါပဲ။



(၃)     အောက်ခံ အမျိုးအစား
          ဒေါက်ဖိနပ်တွေရဲ့ အောက်ခံဟာ သစ်သား (ဒါမှမဟုတ်) ပလတ်စတစ် အမာတွေနဲ့ လုပ်ထားသလား။ သားရေ ၊ ရာဘာစတာတွေနဲ့ လုပ်ထားတဲ့ ဖိနပ်အောက်ခံ ဆိုးလ်တွေဟာ သင့်ကိုပိုပြီး သက်သောင့်သက်သာ ရှိစေပါတယ်။ အထူးသဖြင့် ဒီလို ဒီဇိုင်းမျိုးမှာပေါ့။



(၄)     ဒေါက် အကြီး/အသေး
          ဒေါက်က ပိုကြီး၊ ပိုထူလေ ပိုပြီးတော့ ခိုင်ခံ့လေပါပဲ။ ဒေါက်တွေက အရမ်းမသေးဖို့နဲ့ ဖိနပ်အောက်ခံ တစ်ခုလုံးက မြေကြီးကို ထိထိမိမိ တွေ့ထိနိုင်ဖို့တော့ လိုအပ်ပါတယ်။



(၅)     လုံခြုံစိတ်ချရမှု
          သင့်ရဲ့ ဒေါက်ဖိနပ်တွေထဲကနေ ပိုပြီး ချော်ထွက်နိုင်လေလေ သင်လမ်းလျှောက်တာ အဆင်ပြေဖို့ အခွင့်အလမ်း ပိုနည်းလေလေပါပဲ။ သင့်ရဲ့ဖိနပ်ဟာ သင့်ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲက အပိုပစ္စည်းတစ်ခု ဖြစ်တယ်လို့ ခံစားမိနေရပါမယ်။ သင်နဲ့ မရင်းနှီးတဲ့ အရာတစ်ခုအဖြစ် ခံစားနေရရင်တော့ ချော်လဲဖို့ အခွင့်အလမ်း အတော်လေးများနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖိနပ်မြင့်ရွေးချယ်တဲ့အခါ အန္တရာယ် ကင်းမှုကို ဦးစားပေးထားတဲ့ ဖိနပ်မျိုးကို ရွေးချယ်ရပါမယ်။



          ဒီနည်းလမ်း(၅)ချက်နဲ့ ကိုက်ညီအောင် ရွေးချယ်နိုင်ရင်တော့ သက်သောင့်သက်သာ ရှိမယ့် ဖိနပ်အမြင့်တစ်ရံကို မှန်ကန်စွာရွေးချယ်နိုင်လိမ့်မယ် ထင်ပါတယ်။

Ref:cosmopolitan.com
Trend Myanmar

ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံနဲ့ စက်ရုပ်တို့ စားပွဲတင်တင်းနစ် ယှဉ်ပြိုင်ကစား


ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံဖြစ်တဲ့ တီမိုဘိုလ် ကို ဒီတစ်ခါ စိန်ခေါ်ယှဉ်ပြိုင်တဲ့သူကတော့ လူသားတစ်ယောက် မဟုတ်ပါဘူး။ နောက်ဆုံးပေါ်နည်းပညာတွေအသုံးပြုထားတဲ့ စက်ရုပ်တစ်ရုပ်ပါ။

ဂျာမနီလူမျိုး ဂန္တ၀င်စားပွဲတင်တင်းနစ်ကစားသမား တီမို ဟာ ကမ္ဘာ့ချန်ပီယံဆုကို ခုနှစ်ကြိမ်တိုင်တိုင် ရရှိခဲ့ဖူးသူဖြစ်ပြီး ဥရောပဆုတံဆိပ်ပေါင်းများစွာလည်း ရရှိခဲ့သူပါ။

အားကစားနည်းတွေမှာ အဆင့်မြင့်နည်းပညာတွေ နေရာယူလာချိန်မှာ စက်ရုပ်တွေကလည်း အားကစားနည်း တွေမှာ နေရာယူလာပါပြီ။ ဂျာမနီအကောင်းဆုံးအားကစားသမားဆုကို ခုနှစ်ကြိမ်တိုင်တိုင်ရရှိခဲ့တဲ့ တီမိုဟာ အခုတစ်ခါမှာလည်း သူ့ ရဲ့ စားပွဲတင်တင်းနစ်ကျွမ်းကျင်မှုကို တရုတ်ပရိသတ်တွေ ချီးကျူး ထောပနာပြုခဲ့ရပါတယ်။

စက်ရုပ်ထုတ်လုပ်ရေးလုပ်ငန်းစုဖြစ်တဲ့ ကူကာ ဟာ ရှန်ဟိုင်းမှာ သူ့ ရဲ့ ပထမဆုံးစက်ရုပ်ကို ဖွင့်လှစ်တဲ့ အထိမ်းအမှတ်ပွဲမှာ ကူကာ စက်ရုပ်ကို ပွဲထုတ်ခဲ့တာပါ။ ဒီဖွင့်ပွဲမှာ လူသားဖြစ်တဲ့ တီမိုဟာ စက်ရုပ် ကူကာကို ပရိတ်သတ်တွေရှေ့ မှာ ယှဉ်ပြိုင်ကစားရမှာပါ။

ကူကာ စက်ရုပ်ကို တီမိုတစ်ယောက် ခက်ခက်ခဲခဲယှဉ်ပြိုင်ပြီးနောက်မှာ ၁၁ မှတ် - ကိုးမှတ် အမှတ် ကွာဟချက် ကျဉ်းမြောင်းစွာနဲ့  အနိုင်ယူနိုင်ခဲ့ပါတယ်။

စက်ရုပ်ထုတ်လုပ်ရေးလုပ်ငန်းစုဖြစ်တဲ့ ကူကာဟာ စီးပွားရေးလုပ်ငန်းသုံးအသုံးချစက်ရုပ် အမြောက်အမြားကို ထုတ်လုပ်ခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ကူကာ ကုမ္ပဏီထုတ် KR 6 R900 SIXX ဆိုတဲ့ စက်ရုပ်ဟာ သူ့ ရဲ့ သန်မာဖျတ်လတ်တဲ့ လက်မောင်းနဲ့ စွမ်းဆောင်ရည်တွေကြောင့် နာမည်ကြီးပါတယ်။ ဒါပေမယ့် လူသားနဲ့ စက်ရုပ်တို့ ယှဉ်ပြိုင်တဲ့ပွဲစဉ်မှာတော့ ကူကာစက်ရုပ်ဟာ စားပွဲတင်တင်းနစ်ချန်ပီယံ တီမိုကို အရှုံးပေးခဲ့ရတာပါ။

“ ကျွန်တော်ဘယ်သွားသွား လူတွေက ကျွန်တော့်ဆီလာပြီး ဒီဗီဒီယိုနဲ့ လာမိတ်ဆက်ကြတယ်။စကားပြော ကြတယ်။ ဒီ အစီအစဉ်ဟာ အပျော်သက်သက် ထက်ပိုခဲ့ပါတယ်။ ဒီအစီအစဉ်ကြောင့် စားပွဲတင်တင်းနစ် ကစားနည်းကို ကမ္ဘာမှာပိုမိုတွင်ကျယ်အောင် မြှင့်တင်ပေးနိုင်ခဲ့တယ်လေ” လို့ တီမိုက ပြောကြားခဲ့ပါတယ်။

Ref: Mirror



အိမ်ခြံမြေနှင့် အထွေထွေ အကျိုးဆောင် လက်တွေ့အသုံးချသင်တန်း ဖွင့်လှစ်မည်


အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်လိုသောသူများ၊ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်များနှင့် အိမ်ခြံမြေ ဝယ်ရောင်းလုပ်ကိုင်နေကြသော စီးပွားရေးလုပ်ငန်းရှင်ကြီးများ လုပ်ငန်းဆောင်ရွက်ရာတွင် လွယ်ကူစေရန်နှင့် ဥပဒေပိုင်းဆိုင်ရာ နားလည်တတ်ကျွမ်းစေရန် ရည်ရွယ်လျက် အိမ်ခြံမြေနှင့် အထွေထွေအကျိုးဆောင် သင်တန်းကို Capacity Development Institute of Myanmar (TIP TOP) မှ မတ်လ ၁၅ ရက်မှ ဧပြီလ ၆ ရက်ထိ အပတ်စဉ် စနေ၊ တနင်္ဂနွေတွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းချိန်မှာ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ အထိဖြစ်သည်။ သင်တန်းတွင် မြေအမျိုးအစားများ၊ ဂရန်သစ်အပါအဝင် မြေငှားဂရန် လျှောက်ထားမှုအဆင့်ဆင့်၊ ဂရန်၊ ဘိုးဘွားအမည်ပြောင်းနှင့် ဂရန် ဦးပိုင်ခွဲ၊ သက်တမ်းတိုးနှင့် မြေပုံ မြေရာဇဝင် ရေးကူးခြင်းကိစ္စရပ်များ၊ မြေယာလုပ်ထုံးလုပ်နည်းများ၊ ရောင်းမှားဝယ်မှား မဖြစ်စေရေးနှင့် မြေအကြောင်းသိကောင်းစရာ ဗဟုသုတများ၊ ၂၀၁၂ ခုနှစ် လယ်ယာ မြေဥပဒေနှင့် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခြင်း လုပ်ထုံးလုပ်နည်းများ၊ အိမ်ရှင်၊ အိမ်ငှားအကြောင်း သိကောင်းစရာများ၊ ရောင်း၊ ဝယ်၊ ငှား၊ ပေါင်နှံခြင်းဆိုင်ရာ သိကောင်းစရာများ၊ အိမ်၊ ခြံမြေနှင့် ပတ်သက်သော တရားမ မှုခင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ရုံးသုံးဆိုင်ရာ အခေါ်အဝေါ်များ၊ စီရင်ပိုင်ခွင့် အာဏာများ၊ စီရင်ထုံးများနှင့် ဗဟုသုတ မှတ်သားစရာများ၊ စာချုပ်စာတမ်း (သို့မဟုတ်) ပဋိဉာဉ်ပြုရာတွင် လိုအပ်သော အခြေခံဥပဒေများ၊ စာချုပ်ချုပ်ဆိုပုံများ စသည့် ဘာသာရပ်များကို ဥပဒေပညာရှင်ကြီးများဖြစ်ကြသော ဦးအောင်စိုးဦး၊ ဦးကျူးခေါင်၊ ဦးဌေးဝင်းနှင့် စီးပွားရေးအတိုင်ပင်ခံ ဦးတင်သန်းဦးတို့မှ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

တန်းခွဲတစ်ခုလျှင် လူဦးရေ ၃၀ သာ လက်ခံမည်ဟု သိရသည်။ Tip Top: CDIM (ရန်ကုန်) ဖုန်း ၀၁-၂၅၄၈၈၉၊ ၀၉-၇၃၀၅၀၃၇၀၊ (မန္တလေး) ဖုန်း ၀၉-၉၁၀၀၁၈၁၈ သို့ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။

ကောင်းမြတ်ထွန်း၊ မန္တလေး
Internet Journal

ပျောက်ဆုံးလေယာဉ်ရဲ့ လေကြောင်းအမှတ်စဉ် ကို မလေးရှားအဲလိုင်း အနားပေး


ပျောက်ဆုံးနေဆဲ မလေးရှားအဲလိုင်းပိုင် လေယာဉ်ရဲ့ လေကြောင်းခရီးစဉ် အမှတ် MH370 နဲ့ MH371 ကို အနားပေးလိုက်ပြီလို့ သိရပါတယ်။ အဆိုပါ Boeing777 လေယာဉ် ရဲ့ ကွာလာလမ်ပူ-ဘေဂျင်း ခရီးစဉ် ရဲ့ ကုတ်နံပါတ် ဟာ MH370 ဖြစ်ပြီး အပြန်ခရီးစဉ်ဖြစ်တဲ့ ဘေဂျင်း-ကွာလာလမ်ပူ ရဲ့ ကုတ်နံပါတ်က MH371 ဖြစ်ပါတယ်။

လေယာဉ်ပေါ်ပါသွားတဲ့ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေကို အလေးထားကြောင်းပြသတဲ့အနေနဲ့ ထာဝရအနားပေးလိုက်တာဖြစ် ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။

အဆိုပါလေယာဉ်ဟာ စနေ့နေ့ မနက်အစောပိုင်း ထဲက ပျောက်ဆုံးသွား
တာဖြစ်ပြီး အခုထိ နိုင်ငံတကာအကူအညီနဲ့ ဖြန့်ကြက်ရှာဖွေနေပေမယ့် အစအနတောင် ရှာမတွေ့သေးတာဖြစ်ပါတယ်။

လေယာဉ်ဟာ ထူးဆန်းစွာပျောက်ဆုံးနေဆဲဖြစ်ပြီး
လေယာဉ်ပေါ်ပါသူတွေရဲ့ ကံကြမ္မာကို မိသားစုဝင်တွေက မျှော်လင့်ချက်နဲ့ စောင့်ဆိုင်းနေ ဆဲဖြစ် ပါတယ်။

မလေးရှားအဲလိုင်းဟာ ကွာလာလမ်ပူ-ဘေဂျင်း ခရီးစဉ် နဲ့ အပြန်ခရီးစဉ်ကို သောကြာနေ့ကစပြီး MH318 နဲ့ MH319 ကုတ်နံပါတ်တွေနဲ့ ပျံသန်းပြေးဆွဲသွားမယ်လို့ သိရပါတယ်။

Author ကိုမိုးထက်
Kumudra

Sun Outage ဖြစ်စဉ်ကြောင့် MRTV အစီအစဉ်များ ခေတ္တပြတ်တောက်နိုင်


Sun Outage ဖြစ်စဉ်ကြောင့် ၂၀၁၄ ခုနှစ် မတ်လ (၁၂)ရက်မှ (၁၇)ရက်အတွင်း မွန်းလွဲ (၁:၃၀) ၀န်းကျင်မှာ (၁၅)မိနစ်ဝန်းကျင်ခန့် Signal ပြတ်တောက်မှု ဖြစ်နိုင်ပါသည်။

အဆိုပါ သဘာဝ ဖြစ်စဉ်ကြောင့် မြန်မာ့ရုပ်မြင်သံကြား၏ ထုတ်လွှင့်မှုများတွင် ခေတ္တ ပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်ပါကြောင်း မိဘပြည်သူများအား လေးစားစွာဖြင့် ကြိုတင် အသိပေးအပ်ပါသည်။

ဖြစ်ပေါ်နိုင်သည့် ကာလမှာ
၂၀၁၄ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့ မွန်းလွဲ (၁)နာရီ (၂၇)မိနစ်အချိန်တွင် (၁၇)မိနစ် (၃၇)စက္ကန့်
၂၀၁၄ ခုနှစ်၊ မတ်လ (၁၄)ရက်နေ့ မွန်းလွဲ (၁)နာရီ (၂၇)မိနစ်အချိန်တွင် (၁၆)မိနစ် (၄၆)စက္ကန့်
၂၀၁၄ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့ မွန်းလွဲ (၁)နာရီ (၂၈)မိနစ်အချိန်တွင် (၁၅)မိနစ် (၁၃)စက္ကန့်
၂၀၁၄ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့ မွန်းလွဲ (၁)နာရီ (၂၉)မိနစ်အချိန်တွင် (၁၂)မိနစ် (၄၄)စက္ကန့်
၂၀၁၄ ခုနှစ်၊ မတ်လ (၁၇)ရက်နေ့ မွန်းလွဲ (၁)နာရီ (၃၁)မိနစ်အချိန်တွင် (၈)မိနစ် (၃၁)စက္ကန့်ကြာ ပြတ်တောက်နိုင်ဖွယ် ရှိပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

MRTV
==================

Sun Outage ဆိုသည်မှာ နေမှထွက်သောရောင်စဉ်များ ဖြာထွက်ခြင်းကြောင့် satellite မှ signal များကို အနှောက်အယှက်ဖြစ်စေခြင်းဖြစ်ပါသည်။ အသေးစိတ်ကို အောက်ပါပုံတွင် ကြည့်ရှုနိုင်ပါသည်။



Myanmar CNN

မြန်မာ့ဆောက်လုပ်ရေးတွင် ရင်းဂစ်သန်း ၄၀၀ မလေးရှား ရင်းနှီးမြှုပ်နှံမည်


ရန်ကုန်၊ မတ် ၁၂

မလေးရှားနိုင်ငံ အခြေစိုက် ဆောက်လုပ်ရေး လုပ်ငန်းများက မြန်မာ့ဆောက်လုပ်ရေး ကဏ္ဍတွင် ရင်းဂစ် သန်း ၄၀၀ ရင်းနှီး မြှုပ်နှံရန် မျှော်မှန်းထားကြောင်း မလေးရှား နိုင်ငံခြား ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ မလေးရှားနိုင်ငံ အခြေစိုက် Bernama သတင်းတွင် ဖော်ပြထားသည်။

မလေးရှား အစိုးရနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းများက အဆိုပါ စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး စီးပွားရေး အဆောက်အအုံများ၊ ဈေးဝယ်စင်တာများ၊ ဟိုတယ်များနှင့် လူနေ အဆောက်အအုံ များကို ဆောက်လုပ်ရန် ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

ယင်းသို့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပြည်တွင်းသို့ ဝင်ရောက်လာခြင်းသည် စီးပွားရေးအရ ပြိုင်ဆိုင်မှု ပြင်းထန်လာသော်လည်း နိုင်ငံ့စီးပွားရေး တိုးတက်ရန်အတွက် ကောင်းမွန်သော အလားအလာ ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် စက်မှုဇုန်များ စီမခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောကြားသည်။

“တိုင်းရင်းသားကိုလည်း ဦးစားပေးလွန်းလို့တော့ မရဘူး။ ကိုယ့်ဘက်ချည်းပဲ ကြည့်ရင်လည်း ပြည်ပရင်းနှီးမြှုပ်နှံမှုက လာမှာမဟုတ်ဘူး” ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးလည်းဖြစ်သူ ၎င်းက မှတ်ချက်ပြုသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အတွင်းကလည်း ဗီယက်နမ်နိုင်ငံ အခြေစိုက် HAGL ကုမ္ပဏီသည် ရန်ကုန်မြို့တော်တွင် HAGL Myanmar Center ကို အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံခဲ့သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုအတွက် မလေးရှား ဆောက်လုပ်ရေးလုပ်ငန်း ကိုးခုသည် လာမည့် မတ်လ တတိယပတ်အတွင်း ရန်ကုန်မြို့တော်၌ ကျင်းပပြုလုပ်မည့် Myanmar Infrastructure Summit 2014 တွင် ဆွေးနွေးမည် ဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ စာရင်းများအရ မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၆၂၅ သန်းကျော် ရင်းနှီးမြှုပ်နှံထားပြီး နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုတွင် အဆင့် (၇) နေရာ၌ ရပ်တည်လျက်ရှိသည်။

The Voice Weekly Myanmar

စစ်ရေးလျှို့ဝှက်ချက်များအားလုံး ရုရှားအကုန်သိလောက်ပြီဟု အမေရိကန် စစ်ထောက်လှမ်းရေးချုပ်ဆို


ဝါရှင်တန်၊ မတ် ၁၂

ရုရှားအစိုးရအနေနှင့် အမေရိကန်အစိုးရ၏ စစ်ပွဲ အစီအစဉ်များနှင့် အခြားလျှို့ဝှက်ချက်များကို ရရှိသွားလောက်ပြီ ဖြစ်ကြောင်း အမေရိကန် စစ်ထောက်လှမ်းရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မိုက်ကယ် ဖလန်းက ပြောကြားလိုက်သည်ဟု CNN သတင်းတစ်ရပ်က ဖော်ပြထားသည်။

အမေရိကန် စစ်ထောက်လှမ်းရေးချုပ်က ယင်းသို့ ပြောကြားချက်ကို National Public Radio နှင့်တွေ့ဆုံစဉ် ပွင့်ပွင့်လင်းလင်း သတိပေးခဲ့ခြင်း ဖြစ်သည်။

အမေရိကန် အရာရှိများအနေနှင့် ထောက်လှမ်းရေး သတင်းအချက်အလက်များ ပေါက်ကြား သွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ကြိုတင် စီစဉ်သင့်သည်များကို စီစဉ်ထားရမည် ဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီး မိုက်ကယ်ဖလန်းက ထောက်ပြခဲ့သည်။

အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီမှ ဝန်ထမ်းဟောင်း အက်ဒ်ဝပ်စနိုးဒန်သည် အရေးကြီးသော ထောက်လှမ်းရေး အချက်အလက်များကို ယူဆောင်လျက် ရုရှားတွင် သွားရောက် နေထိုင်နေခြင်း ဖြစ်သောကြောင့် ယင်းကဲ့သို့ အမေရိကန် အရေးကြီး သတင်းများ ပါသွားလောက်ပြီဟု စစ်တပ်က ခန့်မှန်းခြင်း ဖြစ်သည်။
“ကျွန်တော်စိုးရိမ်တာက ကာကွယ်ရေးစွမ်းအင် သတင်းအချက်အလက်တွေပဲ ဖြစ်ပါတယ်။ စနိုးဒန်ဟာ သူအလုပ်လုပ်တဲ့ အေဂျင်စီကနေ ခိုးသွားနိုင်ပါတယ်” ဟု မိုက်ကယ်ဖလန်းက ထောက်ပြခဲ့သည်။

အချို့လူများအတွက် သူရဲကောင်းတစ်ဦးဖြစ်ကာ အချို့က သစ္စာဖောက်ဟု သတ်မှတ်ခြင်းခံရသော အက်ဒ်ဝပ်စနိုးဒန်သည် အမေရိကန် အစိုးရက ဖြစ်နိုင်ခြေရှိသော အကြမ်းဖက် တိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက် ပြုလုပ်ထားသော တယ်လီဖုန်း လျှို့ဝှက် ခိုးနားထောင်ခြင်းများကို ဖွင့်ချခဲ့သည်။

“စနိုးဒန်ဆီမှာ ဘာတွေ ပါသွားတယ်ဆိုတာ ကျွန်တော်တို့ မသိပါဘူး။ အဆိုးဆုံးကို ကျွန်တော်တို့ တွေးထားရပါမယ်။ နောက်ပြီးတော့ ရှိလာနိုင်တဲ့ စွန့်စားရမှုတွေကို အတတ်နိုင်ဆုံး လျှော့ချနိုင်မယ့် နည်းလမ်းတွေကို ကျွန်တော်တို့ ခေါင်းဆောင်တွေသိဖို့ တင်ပေးရပါမယ်” ဟု စစ်ထောက်လှမ်းရေးချုပ် မိုက်ကယ်ဖလန်းက ပြောကြားသည်။

စနိုးဒန်သည် ယခုအခါ ရုရှားတွင် တစ်နှစ်တာ ခိုလှုံခွင့် ရရှိထားပြီး အရေးကြီးသော အမေရိကန် ထောက်လှမ်းရေး သတင်း အချက်အလက်များကို ရရှိထားပြီး ၎င်းတို့ကို တစ်စချင်း ဖွင့်ချလျက် ရှိသည်။

၎င်းဖွင့်ချခဲ့သော အချက်အလက် များကြောင့် အမေရိကန် အစိုးရအနေနှင့် သံခင်းတမန်ခင်း အကျပ်အတည်းများ ဆိုက်ရောက်သွားခဲ့ပြီး မဟာမိတ်များနှင့် မျက်နှာပျက်ရမှုများ ဖြစ်ခဲ့သည်။
“စနိုးဒန်က သူနိုင်သွားခဲ့ပြီ၊ သူ့တာဝန် ပြီးဆုံးသွားပြီလို့ ပြောပါတယ်။ ဒါဆိုရင်လည်း ကျန်တဲ့ခိုးသွားတဲ့ အချက်အလက်တွေကို အမေရိကန် အမျိုးသား လုံခြုံရေးကို မထိခိုက်စေဖို့ ပြန်ပေးသင့်ပါတယ်” ဟု အမျိုးသား လုံခြုံရေးအေဂျင်စီမှ ဒါရိုက်တာ ဂျိန်းစ်ကလက်ပါက ပြောကြားသည်။

The Voice Weekly Myanmar

မလေးရှားလေယာဉ် ပျောက်ဆုံးမှု၌ တရုတ်မှ ခန့်မှန်းပေးထားသည့် နေရာများတွင် ဗီယက်နမ်မှ ရှာဖွေ


မတ်လ ၁၃။

တရုတ်မှ သက်မှတ်ပေးထားသော ပျောက်ဆုံးနေသည့် မလေးရှား လေယာဉ် အမှတ် ၃၇၀၏ အကြွင်းအကျန်များ ကျန်ရှိနိုင်မည့် ဖြစ်နိုင်ဖွယ် နေရာများအပေါ်တွင် ပျံသန်းရှာဖွေခဲ့ရာ၌ မည်သည့် အပျက်အစီး အပိုင်းအစများကိုမှ မတွေ့ရှိခဲ့ရကြောင်း ဗီယက်နမ် ရှာဖွေသူများမှ သတင်းပေးပို့ခဲ့သည်။

ပဟေဋ္ဌိဆန်သည့် မလေးရှားလေယာဉ် ပျောက်ဆုံးမှုကို ရှာဖွေနိုင်မည့် နောက်ဆုံး မျှော်လင့်ချက်များသည် ၎င်းသတင်းကြောင့် ထိခိုက်ခဲ့ရသည်။ မလေးရှားလေယာဉ် အမှတ် ၃၇၀ သည် စနေနေ့က အရှေ့တောင်အာရှ အပေါ်တွင် ပျံသန်းနေစဉ် ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

လေယာဉ်နှင့် လေယာဉ်ပေါ်တွင် ပါရှိခဲ့သော လူပုဂ္ဂိုလ်ပေါင်း ၂၃၉ ဦး၏ ကံကြမ္မာကို မသိရှိရသေးသည့်အတွက် အစိုးရနှင့် လေကြောင်း ထိန်းသိမ်းရေး ကျွမ်းကျင်သူများအား ရှုပ်ထွေးစေခဲ့သည်။

လေယာဉ်ကို ရှာဖွေမှုများမှာ ကြာသပတေးနေ့တွင် ခြောက်ရက်မြောက်သို့ ဝင်ရောက်လာပြီ ဖြစ်သော်လည်း ရှာဖွေရန် ကြိုးစားမှု များမှ အချည်းနှီးပင် ဖြစ်လျက်ရှိသည်။

တရုတ်၏ ဂြိုလ်တုပုံရိပ်များမှ သက်မှတ်ထားသော နေရာများတွင် ဗီယက်နမ်မှ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ကော်မတီမှ အဖွဲ့ဝင်များ ပါရှိသော လေယာဉ်ကို သယ်ဆောင်ဖြတ်သန်းခဲ့ခြင်း ဖြစ်ကြောင်း ဗီယက်နမ်၏ လေကြောင်းထိန်းသိမ်းရေးမှ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ ဒုန်လူဗန်မှ ပြောဆိုခဲ့သည်။ ကော်မတီ အနေဖြင့် ၎င်းနေရာများတွင်ပင် အခြားတစ်ဖွဲ့အား ထပ်မံစေလွှတ် လေ့လာသွားမည် ဖြစ်ကြောင်းကိုလည်း ထပ်မံ ပြောဆိုခဲ့သည်။

သံသယ ဖြစ်ဖွယ် လေယာဉ် ပျက်ကျရာ နေရာမှ အစိတ်အပိုင်း တစ်ချို့ကို ဂြိုလ်တုပုံရိပ်များတွင် တွေ့ရှိခဲ့ရကြောင်း တရုတ် အမျိုးသား ကာကွယ်ရေးဆိုင်ရာ သိပ္ပံ၊ နည်းပညာနှင့် စက်မှုဆိုင်ရာ စောင့်ကြည့်လေ့လာရေးမှ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းပုံရိပ်များကို လေယာဉ်ပျောက်ဆုံးပြီး နောက်တစ်နေ့ မတ်လ ၉ ရက် ၁၁ နာရီတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သော်လည်း ဗုဒ္ဓဟူးနေ့မှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လေယာဉ်မှ လေကြောင်းထိန်းသိမ်းရေးနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့သည့်နား မလေးရှားနှင့် ဗီယက်နမ် တောင်ပိုင်းတို့ အကြားတွင် တွေ့ရှိခဲ့ရသည့် ပင်လယ်ထဲရှိ အရာဝတ္ထုများကို ကြည့်ရှုရန်အတွက် အရှေ့လောင်ဂျီကျူ့ 105.63 နှင့် မြောက်လတ္တီကျု့6.7 ကိုအောဒီနိတ်များကို တရုတ် အေဂျင်စီမှ ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။

REF: CNN
The Myanma Age

ကမ္ဘာ့မြစ်များနေ့တွင် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေး စုပေါင်းတောင်းဆိုမည်


မြစ်ကြီးနား၊ မတ် ၁၃။

မနက်ဖြန် ကျရောက်မည့် ကမ္ဘာ့မြစ်များနေ့တွင် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေးနှင့် CPI(China Power Investment)ကုမ္ပဏီ ထွက်ခွာပေးရေးအတွက် စုပေါင်းတောင်းဆိုပွဲတစ်ခုကို ကချင်ပြည်နယ်၊ ဧရာဝတီမြစ်ဆုံဒေသရှိ တန်ဖဲရွာတွင် ပြုလုပ် သွားမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့အစည်း ၃၂ဖွဲ့ ပါဝင်ကြောင်း စိမ်းရောင်စို(မန္တလေး) ဥက္ကဌဖြစ်သူ ဦးတင်သစ် က ပြောကြားသည်။

“ ကျွန်တော်တို့ အဖွဲ့အနေနဲ့ကတော့ အခုပြုလုပ်မှာ သုံးကြိမ်မြောက်ပါ၊ ဧရာဝတီမြစ်ရိုးတလျှောက်ကသဘာဝပတ်ဝန်းကျင် ဆိုင်ရာနဲ့ လူမှုရေး အဖွဲ့အစည်း ၃၂ဖွဲ့ရယ်၊ ဒေသခံပြည်သူတွေရယ် ပူးပေါင်းပါဝင်ကြမှာပါ၊ အဝေးဆုံးက လာရောက်တဲ့ အဖွဲ့ကတော့ မြစ်ဝကျွန်းပေါ်ဒေသ မအူပင်မြို့က အဖွဲ့ဖြစ်ပါတယ် ”ဟု ဦးတင်သစ်က ပြောသည်။

ဧရာဝတီမြစ်ဆုံဒေသရှိ တန်ဖဲရွာတွင် မနက်ဖြန်မနက်မှ စတင်၍ အဆိုပါတောင်းဆိုပွဲကို ပြုလုပ်မည်ဖြစ်ပြီး မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပေးရေးအတွက် ပြည်သူများထံမှ လက်မှတ်များကိုလည်း ကောက်ခံသွားမည်ဖြစ်ကာ ရရှိလာသည့် ဆန္ဒပြု လက်မှတ်များကို အစိုးရအဖွဲ့အစည်းများနှင့် တရုတ်ကုမ္ပဏီ CIP တို့ထံ ယခုလကုန်တွင် ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းတောင်းဆိုပွဲ၏ အကြိုတွေ့ဆုံပွဲတစ်ခုကို မြစ်ကြီးနားမြို့ရှိ စီတာပို နှစ်ချင်းအသင်းတော်ဝန်းအတွင်း၌ ယနေ့ ညနေက ပြုလုပ်ခဲ့ပြီး လူမှုအဖွဲ့အစည်းများနှင့် ဒေသခံ နှစ်ရာကျော် တတ်ရောက်ခဲ့ကြပြီး ဧရာဝတီမြစ် ထိန်းသိမ်းကာကွယ်ရေးအတွက် ဆွေးနွေးဟောပြောမှုများနှင့် ကဗျာ၊ သီချင်း ရွတ်ဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

ထက်နောင်နောင်
The Myanma Age

တရားမ၀င် အန်ဂျီအိုအဖွဲ့တွေ ပိတ်ပင်ရေးအဆို ရခိုင်လွှတ်တော် အတည်ပြု


ရခိုင်ပြည်နယ်မှာ တရားဝင်အသိအမှတ်ပြု မှတ်ပုံတင်မရှိဘဲ ကူညီနေတဲ့ NGOs/INGOs တွေကို ရခိုင်ပြည်နယ်အစိုးရက တားဆီးပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းအားလုံး မှတ်ပုံတင်ပြီးလုပ်ကိုင်ကြဖို့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးထိန်လင်းက ဒီနေ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။

"နိုင်ငံတော်က မည်သည့်အဖွဲ့အစည်းမဆို တရားဝင် မှတ်ပုံတင်ခွင့်ပြုထားတယ်၊ အဖွဲ့အစည်းအဖြစ်နဲ့ လှုပ်ရှားမယ်ဆိုရင် မှတ်ပုံတင်၊ မှတ်ပုံမတင်ပဲနဲ့လုပ်ရင် တရားမဝင်ဘူး၊ အစိုးရရဲ့ခွင့်ပြုချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဆောင်ရွက်မှာပဲဆိုရင် ဥပဒေလေးစားလိုက်နာမှု မဟုတ်ဖြစ်သွားပါမယ်၊ အဖွဲ့အစည်းအားလုံးဟာလည်း ဥပဒေကို လေးစားလိုက်နာရပါမယ်"

အဲ့ဒီအဆိုကို မြေပုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြီးခဲ့တဲ့ မတ်လ ၇ရက်နေ့က တင်သွင်းခဲ့တာပါ။ ဒီနေ့အစည်းအဝေးမှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၅ ဦးက အဲ့ဒီအဆိုနဲ့ပတ်သက်လို့ ထောက်ခံဆွေးနွေးခဲ့ကြပြီးတဲ့နောက် အဆိုကိုအတည်ပြုလိုက်ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ဝင်ရောက်အကူအညီပေးနေတဲ့  အဖွဲ့အစည်းပေါင်း ၆၈ ဖွဲ့ရှိပြီး အဲဒီအထဲက နိုင်ငံတကာအဆင့် INGO အရေအတွက် ၁၅ ဖွဲ့နဲ့   NGO အရေအတွက် ၄ ဖွဲ့သာ တရားဝင်အကူအညီပေးခွင့် မှတ်ပုံတင်ရရှိထားကြပါတယ်။ ကျန်တဲ့ ၄၉ ဖွဲ့လောက်ဟာ  တရားဝင်မှတ်ပုံတင် မရှိသေးဘူးလို့ သိရပါတယ်။

RFA Burmese

မိကျောင်းကန် မြေပြဿနာ အစိုးရ ဖြေရှင်းရမည် အပိုင်းသာဖြစ်ဟု ဦးအောင်သိန်းလင်းဆို


စိုင်းလမင်း
နေပြည်တော်၊ မတ် ၁၃
သင်္ဃန်းကျွန်းမြို့နယ်ရှိ မိကျောင်းကန် မြေပြဿနာ ဖြေရှင်းမှုမှာ နိုင်ငံတော်အစိုးရ အပိုင်းသာဖြစ်သည်ဟု ယခင်ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းက ပြောသည်။

လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုကြောင့်ပြည်သူများနစ်နာမှုမရှိစေရေးစုံစမ်းစစ်ဆေးရေးကော်မရှင်ရန်ကုန်တိုင်းဒေသကြီးအဖွဲ့ဝင် တစ်ဦးလည်းဖြစ်သည့် ဦးအောင်သိန်းလင်းက “ဒီမိကျောင်းကန် ဆန္ဒဖော်ထုတ်တုန်းက ကျွန်တော်ကော်မရှင် အဖွဲ့အနေနဲ့ကျွန်တော်တို့ လုပ်ပေးနိုင်တာ ကတော့ ကျွန်တော်သည် တွေ့ရှိချက် သုံးသပ်ချက် အစီရင်ခံစာနဲ့ အစိုးရဆီကိုပို့ပေးလို့ရတယ်။ လွှတ်တော်ထဲမှာ မေးခွန်းအဆိုမေးလို့ရတယ် ဆိုပြီးတော့ ပြောခဲ့တာရှိတယ်။ ဒီအတွက်ကျွန်တော်လုပ်ဆောင်ပေးခဲ့ပြီးပြီ" ဟု ပြောသည်။

Popular Myanmar News Journal

အံ့မခန်း အစွမ်းတို့ဖြင့် ကမ္ဘာထိ စိန်ခေါ်ပြချင်သည့် မြန်မာပြည်သား မတစ်ထောင် တစ်ကောင်ဖွား


အမြင့် လေးငါးပေခန့်သာရှိသည့်စင်ပေါ်တွင် အသက် ၄ဝ နှစ် ခန့်အရွယ်ဟု ထင်မှတ်ရသော ခန္ဓာကိုယ်ခပ်တောင့်တောင့် အသားခပ်လတ်လတ် အမျိုးသားတစ်ဦးမှာ ပုလင်းတစ်လုံးပေါ်တွင် ဓာတ်ခဲတစ်လုံးတင်ကာ အဆိုပါ ဓာတ်ခဲပေါ်တွင် ၎င်း၏ခြေထောက်နှစ်ချောင်းအား မရမကတင်၍ လက်နှစ်ဖက်က မြေကြီး ကိုထောက် ကာ မှောက်လျက်အနေအထား။
၎င်း၏ ဝမ်းဗိုက်တည့်တည့်တွင် ချွန်မြနေသောဓားတစ်ချောင်းမှာ ထောင်လျက်အနေအထားဖြင့်ရှိနေသည်။ ပုလင်းနှင့် ဓာတ်ခဲပေါ်တွင် တင်ထားသော ခြေထောက်မှော က်ကာ ထောက်ထားသည့် လက်နှစ်ဖက်ဖြင့် ဒိုက်ထိုးသော ပြကွက်ကို ပြသခြင်း။  ပုလင်းပေါ်မှချော်ကျပါက ထောင်ထားသောဓားမှာ ဗိုက်အတွင်းသို့ ကွက်တိ ဝင်သွား မည်ဖြစ်သည်။ ထို့ကြောင့် ဝိုင်းကြည့်ရှုနေသူများ စိုးရိမ်သောအကြည့်ဖြင့် ကြည့်နေကြခြင်း ဖြစ်သည်။
နိုင်ငံခြားဇာတ်ဝင်ခန်းတစ်ခုတော့မဟုတ်ပါ။ ယခုလ ၉ ရက်နေ့က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၊ တုလွတ်အောင်မြေကျောင်း အတွင်း မြေကွက်လပ် တစ် ခုမှာ မှော် ပညာမဟုတ်သော၊ မျက်လှည့်မဟုတ်သော၊ အောက်လမ်းနည်းမဟုတ်သော ထူးဆန်းသည့်ပြကွက်များကို လူအများစိတ်ဝင်စား ဖွယ်ပြ သနေခြင်း ဖြစ် သည်။
”ကျွန်တော်လည်း အဲ့ဒီပြကွက်ပြီးမှပဲ ဟင်းချနိုင်တော့တယ်။ ဗိုက်အောက်မှာဓားကြီးလေ။ ပုလင်းသာခြေချော်သွားကြည့် ဗိုက်ထဲကိုဖောက်ပြီးသားပဲ။ ပြသွားတာတွေက အသက် အန္တရာယ်အရမ်းများတယ်”ဟု အဆိုပါပွဲသို့ သွားရောက် ကြည့်ရှုသူ ကိုမင်းမြတ်မောင်က ပြောသည်။
ထိုကဲ့သို့ ပြကွက်များအပြင် ကလေးတစ်ယောက်၏ ဗိုက်၊ ကုပ်ပေါ်တို့တွင်သခွားသီးတစ်လုံးတင်၍ ဓားဖြင့် ခုတ်ခြင်း၊ ကားသုံးစီးအား ကြိုးဖြင့်သွယ်ကာ ၎င်း၏ဆံပင်ဖြင့်ချီ ၍ ကိုက် တစ်ရာခန့်အကွာအထိ တစ်ပြိုင်နက်တည်း ဆွဲပြခြင်း၊ ငါး လက်မခန့် ရေခဲတုံးအား ခေါင်းဖြင့်ခွဲခြင်း၊ ၎င်း၏ဗိုက်ပေါ်တွင် ရေခဲတုံးတင်၍ ၎င်းရေခဲတုံးပေါ်တွင် အုတ်ခဲသုံးလုံးထပ်ဆင့်တင်ကာ ပရိသတ်ထဲမှ တစ်ယောက်ကတူဖြင့်ထုပြသည့် ပြကွက်အား ပြသခြင်းစသည့် ပြကွက်များကို လူအများ စိတ်ဝင်စားဖွယ်ရာ ဖြစ်ခဲ့သည်။ ထိုနေ့တွင် ပရိ သတ်အကြိုက် ပြကွက်ဆယ်ကွက်ကို ပြသခဲ့သည်။
ထိုကဲ့သို့ ထူးဆန်းသည့် အသက်အန္တရာယ်စိုးရိမ်ရသော ပြကွက်များကို ပြသဖန်းတီးခဲ့သူမှာ နိုင်ငံခြားသားမဟုတ်။  မြန်မာနိုင်ငံမှ ရေငုပ်ရာတွင် နာရီများစွာ ရေငု ပ်နိုင် သူများဟု ကျော်ကြားသော ကမ္ဘာကျော်ဆလုံလူမျိုး၊ မော်ကင်းထမံသီ မျိုးနွယ်စုဝင် အသက် ၇ဝ အရွယ် ဦးငြိမ်းချမ်းအောင်ဆိုသူ ဖြစ်သည်။
”အသက် ၄ နှစ်ကတည်းက စကျင့်လာတာ၊ အသက် ၂၄နှစ် အရွယ်မှာ ဒီလိုမျိုးပွဲစလုပ်ဖြစ်တယ်။ မဆလခေတ် ကတည်းက ဆိုပါတော့။ နှစ်ပေါင်းလေးဆယ်ကျော်ပြီ” ဟု ဦးငြိမ်းချမ်းအောင်က ပြောသည်။ ၎င်းတို့မျိုးနွယ်စု၏ သဘောတရားအရ ထိုပညာအမွေကို ဆက်ခံလာခဲ့ခြင်းဖြစ်သည်။ ၎င်းတို့မျိုးနွယ်စု၏ မိသားစုဝင် များထဲ မှ ခေါင်းဆောင်အဖြစ်သတ်မှတ်သူတစ်ဦးအား မွေးစ အချိန်မှ စတင်လေ့ကျင့်ပေးရပြီး မွေးမွေးချင်းမှာပင် ခြေဖျားမှ လည်ပင်းအထိ ကြိမ်များဖြင့် အတောင့်လိုက် ပတ် ထားပေးပြီး ကျင့်ရသည်ဟု ဦးငြိမ်းချမ်းအောင်က ဖြေသည်။ ”အတောင့် လိုက် အနေအထားနဲ့ပေါ့ ဖြေသင့်တဲ့ချိန် ပြန်ဖြေပြီး ပြန်ပတ်။ အဖုအထစ်တွေ အကြော အ ဆစ်ေ တွ ပြေပြစ်အောင် အဲ့ဒီလို လုပ်တာ”ဟု ၎င်းက ပြောသည်။


အဆိုပါကျင့်စဉ်များအားကျင့်မည်ဆိုပါက အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဖဲရိုက် ခြင်း၊ လိမ်လည်ပြောဆိုခြင်းမပြုရဘဲ တရားသဘော၊ ဝင်လေ ထွက်လေ ကျင့်စဉ်များလည်း ပါဝင်သည်။ ၎င်းပညာအား မော်ကင်းကသိုင်းဟုခေါ်ပြီး ကိုယ်ခံပညာတစ်ရပ် ဖြစ်သည်။ ဆလုံလူမျိုးများမှာ မွေးရာ ပါရေငုပ်ကျွမ်း ကျင်ခြင်းကြောင့် ဘိုး ဘေးဘီဘင်လက်ထက်မှ အမွေဆက်ခံခဲ့သော ကိုယ်ခံပညာ၊ ဗုဒ္ဓ၏ တရားသဘောများ ရှုမှတ်ခြင်းနှင့် ပေါင်းစပ်ကာ ယခု ကဲ့သို့ထူး ဆန်းသောပြ ကွက်များကို ပြသနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဦးငြိမ်းချမ်းအောင်က ၎င်းပြကွက်များနှင့်ပတ်သက်၍ ပြောဆို သည်။ ၎င်းပြသည့်အကွက်များမှာ အခန်းပေါင်း ၅ဝ ခန့်ရှိပြီး ပြ ကွက်ပေါင်း ၅ဝဝ ရှိသည်ဟု ဆိုသည်။
၁၉၇၂-၇၃ခုနှစ်ခန့်မှ ယခု အချိန်ထိ နှစ်လေးဆယ်ကျော် ပြသခဲ့ပြီး ပွဲပေါင်းမှာ မရေတွက်နိုင်အောင် များပြားနေပြီ ဖြစ်သည်။  ”ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ပြတုန်းကတော့ အမှတ် တရပဲ။ ကျွန်တော့်ပြကွက်တွေကို သူတို့တွေက ထူးဆန်းနေကြတယ်။ တအားလည်းသဘောကျကြတယ်။ နောက်ပွဲလည်း ပြီးရော ငြိမ်းချမ်းအောင် (စွမ်းအားရှင်) ဆိုပြီး သူတို့ဘာသာ သတ်မှတ်လိုက်ကြတယ်။ တော်တော်အားပေးကြတယ်”ဟု ပြပွဲမှအမှတ်တရအနေဖြင့် ဦးငြိမ်းချမ်းအောင်က ပြောပြသည်။
၎င်း၏ပြကွက်များထဲမှ နှစ်ဖက်အချွန်သံချောင်း တစ်ချောင်းအား တစ်ဖက်မှငှက်ပျောပင်ကို ထောက်၍ ကျန်တစ်ဖက်မှာ ၎င်း၏လည်ပင်းကို ထောက်ကာ ငှက်ပျောပင် ထုတ်ချင်းပေါက်အောင်ထိုးပြသောပြကွက်၊ ၎င်း၏ဗိုက်ပေါ်သို့ အိမ်စီးကားတက်ကြိတ်ပြသည့် ပြကွက်များမှာ လူအများ စိတ်ဝင်စားသည့် ပြကွက်များဖြစ်သည်။ ရှမ်းပြည် နယ်ဘက် တွင် မီးပုံးပျံအောက်ခြေမှာ တန်းထိုး၍ လည်ပင်းဖြင့်ချိတ်ကာ မည် သည့်အကူညီမျှမပါဘဲ  လည်ပင်းဖြင့် ချိတ်လျက်တန်း လန်းဖြင့် လေထဲသို့ ပျံဝဲခြင်း များမှာ လည်း အောင်မြင်ခဲ့သော ပြကွက်ဖြစ်ခဲ့ပြီး ယင်းဒေသရှိ တိုင်းရင်းသား လက်နက်ကိုင် တော်တော်များများမှ ၎င်းအား ခေါ်ယူကာ တပ်သား များ အား ဖျော်ဖြေ ရ သည် အထိ အောင်မြင်ခဲ့သည်။
”ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေတော်တော် များများကို ပြကွက်တွေသွားပြရတော့ ရှမ်းတပ်တစ်တပ်မှာ စစ်သားတွေကို ဆိုင်ကယ်တွေအများကြီးပေါ်မှာ တက်ထိုင် ခိုင်းပြီး ကျွန်တော်က ရှေ့ကနေ ဆံပင်နဲ့ဆွဲတာ သူတို့က တော် တော်သဘောကျတယ်။ အဲဒီဘက်က အရာရှိတွေကလည်း ကျွန်တော့်ကို တလေးတစား ဆက်ဆံကြတယ်။ သူတို့ကလည်း ကျွန်တော့်ပြကွက်တွေကို အံ့လည်းအံ့သြ အားလည်း အားပေးကြတယ်”ဟု ဦးငြိမ်းချမ်းအောင်က ပြောသည်။
၎င်းသည် နှစ်လေးဆယ်ကျော်အတွင်း ပွဲပေါင်းများစွာကို ပြည်နယ်နှင့် တိုင်းဒေသကြီးအတော်များများတွင် သွားရောက် ဖျော်ဖြေခဲ့သည်။ ၎င်းတွင် အိမ်ပိုင်ရာပိုင် မရှိ မြန် မာနိုင်ငံနေရာ အနှံ့လှည့်လည်ဖျော်ဖြေပြီး ရောက်သည့်နေရာတွင် ဖြစ်သလို နေသည်ဟု ဆိုသည်။ ပွဲလုပ်ချင်၍ စီစဉ်ပေးသူ၏ အစီအစဉ် အတိုင်းသာ နေထိုင်ပြီး ပွဲမရှိ ပါက ရောက်သည့်နေရာ တောထဲတွင် တဲထိုး၍နေထိုင်သည်ဟု ၎င်းက ပြောသည်။
သူ၏ ထူးခြားမှုကတော့ ၎င်းဖျော်ဖြေသောပွဲများအား အခကြေး ငွေယူ၍ ဖျော်ဖြေလေ့မရှိခြင်းပင်။ တစ်ခါတစ်ခါ ပြကွက်ဆန်းများအား ကြည့်ရှုသူများမှ သဘောကျလျှင် ဆု ကြေးငွေများ ပေးတတ်သော်လည်း လိုအပ်သည့်နေရာများသို့  ပြန်လည် လှူဒါန်းခဲ့သည်။ ထို့အပြင်အလှူငွေ တစ်ခုခုလိုအပ် ပါက လိုအပ်သည့်အတိုင်း အ တာ ငွေကြေးပမာဏအား မေး မြန်း၍ ၎င်းပမာဏနှင့် ပြည့်မီသည့်ငွေအား ရှာဖွေပေးသည်။ အလှူငွေသိန်းတစ်ရာ လိုအပ်ပါက သိန်းတစ်ရာဖိုးလက်မှတ် ရောင်းချ၍ ရုံ သွင်းကာပြကွက်များကို ပြသ၍ အလှူငွေရှာဖွေ ပေးသည်။
”ဆယ်သိန်းဆို ဆယ်သိန်း၊ သိန်းတစ်ရာဆို သိန်းတစ်ရာ လိုအပ်တဲ့ငွေပဲ ဝင်ကြေးရအောင်ယူတယ်။ အဲ့ဒီထက် ပိုမယူ ဘူး”ဟု ဦးငြိမ်းချမ်းအောင်က ပြောသည်။ သူပြသ သည့်ပြကွက်များမှာ အန္တရာယ်များသောကြောင့် ပွဲပြုလုပ်၍ ပြသစဉ် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်များလည်း ရှိသည်။ ဧရာဝတီတိုင်းဘက်တွင် ပြသသော လည်ပင်းအား တုတ်ဖြင့်ရိုက်ပြသော ပြကွက်တွင် ရိုက်သူမှာ လည်ပင်းနှင့် ပါးစပ်အားမှားယွင်းရိုက်မိသောကြောင့်သွားများကျွတ်ထွက်သည်အထိ ကြုံဖူးကြောင်း ၎င်း၏သွားတုများ ကိုထိုး၍ ပြသပြောဆိုသည်။
”လည်ပင်းနဲ့ပါးစပ်မှားရိုက်တာလေ။ကျွန်တော်က မရယ် ရင်တော့ လူငယ်တစ်ယောက်လို့ထင်ရတယ်။ ရယ်လိုက်ရင် အဘိုးကြီးပဲ”ဟု ရယ်မောရင်း ပြောဆို သည်။ အသက်အရွယ်နှင့်မလိုက် လူငယ်တစ်ယောက်ကဲ့သို့ ယနေ့အထိ နေထိုင်နိုင်ခြင်းမှာ နေ့စဉ်နေထိုင်လှုပ်ရှားမှုများ ကြောင့် ဟုဆိုသည်။ အစားသောက် ပုံမှန်စားသည်။ အသီး အရွက်များများစားပြီး နေ့စဉ်လေ့ကျင့်ခန်းလုပ်ရသည်။ ည ၉ နာရီတွင် အိပ်ပြီး ည ၁၂ နာရီနောက်ပိုင်းတွင် အိပ်လေ့မရှိ တော့ဘဲ တရားသဘောဖြင့် ဝင်လေ ထွက်လေရှုမှတ်သည်ဟု ဦးငြိမ်း ချမ်းအောင်က ဆိုသည်။
သူ့တွင်  ပြင်းပြသောဆန္ဒတစ်ခု ရှိနေသည်။ ထိုဆန္ဒက တော့နှစ်ပေါင်း များစွာလေ့ကျင့်ခဲ့သော ပြကွက်ဆန်း များ အား လူအများ စိတ်ဝင်စားခဲ့ခြင်းအပေါ် ၎င်း၏ရ င်းနှီးေ သာ မိတ်ဆွေများ၏တိုက်တွန်းချက်အရ ဂင်းနစ်စံချိန်တင်လိုခြင်း ဖြစ်သည်။ ထိုသို့တင်လိုခြင်းမှာ ကျော်ကြားလိုခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံတွင် တခြားနိုင် ငံများ ကဲ့သို့ သူ များမလုပ်သော အ လုပ်များအား လုပ်နိုင်သောသူရှိကြောင်း ပြသလို၍ ဖြစ်သည်။ ဂင်းနစ်စံချိန်တင်ပါက တင်နိုင်လောက်သည့် အရည်အချင်း များ လုံလုံလောက်လောက် ရှိသည်ဟု ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။
”ဥပမာ ကျွန်တော် မီးပုံးပျံမှာ တန်းထိုးပြီးလည်ပင်းနဲ့ ချိတ်လေထဲပျံဝဲပြသလိုမျိုးပေါ့။ ဟက်စကီးရဲ့တန်းမှာလည်း လည်ပင်းနဲ့ချိတ်ပြီး လေထဲမှာလိုက်ပြမယ်။ ပြီးရင် ဘယ် လောက်နေနိုင်သလဲ။ အချိန်သတ်မှတ်ပြီး ဂင်းနစ်တင်လို့ရ တယ်။ လည်ပင်းနဲ့ပဲချိတ်ပြီး လိုက်သွားတာနော်။ တခြား ဘာအကူအညီမှမပါဘူး။ အဲ့ဒီလိုဆို ဂင်းနစ်မ တင်နိုင်ဘူး လားဗျာ။ တခြားပြကွက်တွေလုပ်ပြဆိုလည်း လုပ်ပြလို့ရတာ အများကြီးပဲ ရှိသေးတယ်။ သူများတွေ လုပ်တာထက် ကိုယ်က ပိုလုပ်ပြနိုင် တယ်။ မြန် မာနိုင်ငံ သားလုပ်ပြနိုင်တယ်ဆိုတာ ပြချင်တယ်”ဟု ၎င်းဆန္ဒအား ရင်ဖွင့်ပြောဆိုသည်။
ယခုအခါ ဂင်းနစ်စံချိန်တင်နိုင်ရန် ၎င်း၏ရင်းနှီးသော မိတ်ဆွေများမှ ဆက်သွယ်ပေးနေပြီး အခြေအနေပေးလာပါ က ဂင်းနစ်စံချိန်တင်နိုင် သည့် ပြကွက်များ ကို ပြသ သွားမည်ဖြစ် ကြောင်း ပြောသည်။ နှစ်လေးဆယ်ကျော် နယ်လှည့်ပြသခဲ့သည့် ၎င်း၏ပြကွက်များကို ထဲထဲဝင်ဝင်သိသူနည်းပြီး ယခုတစ် ခေါက် ရန်ကုန်မြို့ တွင် ပြု လုပ်သောပွဲမှသာ စီးပွားရေးလုပ်ငန်းရှင်များ မီဒီယာများ၏ စိတ်ဝင်စားခြင်းကိုခံလာရခြင်းဖြစ်သည်။ ရန်ကုန်တွင် နောက်ထပ် ပွဲတော်တော်များ များ အား ပြသ သွား မည်ဖြစ်ကြောင်းလည်း ဦးငြိမ်းချမ်းအောင်က ပြောသည်။
ထိုကဲ့သို့ ပြကွက်ဆန်းများကို ပြသနိုင်သည့် ၎င်းတို့ မျိုးနွယ်စုတွင် သူသိသလောက် သူတစ်ယောက်သာကျန်တော့ သောကြောင့် အသက်အရွယ်အရ ဂင်းနစ်စံချိန် တင် သွားလို ခြင်းလည်း ဖြစ်သည်။ ဆလုံလူဦးရေ စုစုပေါင်းမှာ ၃ဝဝဝ ခန့်သာကျန်ရှိတော့ပြီး တော်တော်များများမှာလည်း ရေငုပ်သည့် အပိုင်းမှာပင် အလေ့အကျင့် နည်း လာကြကြောင်း ၎င်းအမြင်ကို သုံးသပ်ပြောဆိုသည်။
”အရင်က ရေငုပ်ရင် ၁၁ နာရီလောက်ကြာအောင် ငုပ်နိုင်တယ်။ အခု သုံးနာရီလောက်ပဲ ငုပ်နိုင်ကြတော့တယ်။ များသောအားဖြင့် အောက်စီဂျင်ဘူးနဲ့ ငုပ်နေကြ တာများ တယ်လေ”ဟု သူ၏အမြင်ကို ပြောဆိုသည်။ ဦးငြိမ်းချမ်းအောင်တွင် ၁၉ နှစ်အရွယ်သမီးတစ်ဦးရှိပြီး မိန်းကလေးဖြစ်သောကြောင့် မိန်းကလေးတို့ တတ်အပ်သည့် ပညာရပ် များကိုသာ သင်ပေးထားပြီး သူ၏သမီးအိမ်ထောင်ကျပါက မွေးလာသော မြေးယောက်ျားလေးအား အမွေဆက်ခံစေမည် ဟု ပြောသည်။ ထို့အပြင် ၎င်းပညာရပ်အား စိတ်ဝင်စား၍သင်ကြားလိုပါက အရက်မသောက်၊ ကွမ်းမစားဘဲ လိမ္မာသော လူငယ်များအားသင်ကြားလိုစိတ်ရှိပါက သင်ကြားပေးမည်ဟု ပြောသည်။ ဦးငြိမ်းချမ်းအောင် ၏ ဂင်းနစ်စံချိန်တင်လိုသော ဆန္ဒပြည့်ဝပါက မြန်မာနိုင်ငံသားတစ်ဦးဖြစ်သောကြောင့် ၎င်း နှင့်ယှဉ်လျက် မြန်မာဟု ယှဉ်တွဲပါဝင်နေမည်ဖြစ်ပါသည်။ အနောက်နိုင် ငံသား များသာ အထူးအဆန်းများ လုပ်ပြ၍ အံ့သြရသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိနိုင်ငံအတွက် ဂုဏ်ယူမဆုံး ဖြစ်နေပါမည်။ ဟက်စကီးခြေနင်းခုံတွင် လည်ပင်းနှင့် ချိတ်ကာ တန်းလန်းအနေအထားဖြင့် လေထဲတွင် ဂင်းနစ်စံချိန်တင်လိုသော ဦးငြိမ်းချမ်းအောင်၏ဆန္ဒ ကမ္ဘာကို ချပြခွင့်ရမလားဆိုသည်ကတော့ ….။
  ဖိုးလပြည့်

Popular Myanmar News Journal

နေခင်းကြောင်တောင် မြို့လည်ခေါင် ငံပြာရည်ကြော်ရာမှမီးလန့်


ရန်ကုန်-မတ်၁၃
ယနေ့  နေ့ လည် ၃ နာရီခန့် အချိန်တွင်
ရန်ကုန်မြို့ ကျောက်တံတားမြို့ နယ်ဆိပ်ကမ်းသာလမ်းအောက်ဘလောက်
တွင် မီးလန့် မှုတစ်ခုဖြစ်ပွားခဲ့သည်။
ကျောက်တံတားမြို့ နယ်ဆိပ်ကမ်းသာလမ်းအောက်ဘလောက်
(၁၄၄)၇လွှာတွင်
ငံပြာရည်ကြော်ရာမှတူးပြီးမီးလန့်မှုဖြစ်ပွားခဲကြောင်းသိရသည်။ZWY

Popular Myanmar News Journal

ပုဏ္ဍားကျွန်းတွင် အိမ်တစ်လုံး မီးလောင်


(နိရဉ္စရာ- ၁၃ မတ်လ ၂၀၁၄)

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့တွင် ယနေ့ နေ့လယ် ၃ နာရီက မီးလောင်မူ ဖြစ်ပွားရာ အိမ်တစ်ဆောင် မီးထဲပါသွားကြောင်း သတင်း ရရှိသည်။

“ မီးလောင်တာက ပုဏ္ဍားကျွန်း စံပြရပ်ကွက်မှာ ဖြစ်ပါတယ်။ လူတွေက ၀ိုင်းပြီး အနီးအနားမှာရှိတဲ့ ကင်းချောင်း ရေနဲ့ ၀ိုင်းငြိမ်းသတ်တဲ့ အတွက် တစ်အိမ်ဘဲ ပါသွားပါတယ်။” ဟု ဒေသခံ ကိုမျိုးနိုင်က ပြောသည်။

မီးလောင်သွားသော အိမ်မှာ ပုဏ္ဍားကျွန်းမြို့ စံပြရပ်ကွက်မှ  ဦးကျော်ချေနှင့် ဒေါ်ချိုချို ပိုင်အိမ်ဖြစ်ကြောင်း သိရသည်။

“ မိဘတွေက အပြင်မှာ အလုပ်သွားလုပ်နေချိန်မှာ ကလေး ၄ ဦးကျန်နေခဲ့တယ်။ အဲဒီကလေးတွေက မီးနဲ့ ချော့ကစားရာကနေ စလောင်တာ ဖြစ်တယ်လို့ သိရပါတယ်။ အနီးအနားက လူတွေ ၀ိုင်းဝန်းငြိမ်းသတ်တော့ နောက်မီးငြိမ်းသွားပါတယ်” ဟု ဆက်ဆိုသည်။

အနီးအနားမှ လူများ ကယ်တင်မူကြောင့် ကလေး (၄) ဦးစလုံးမှာ ထိခိုက်မူ တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။

Narinjara နိရဉ္စရာ

သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာ မထည့်ဘူးလို့ အစိုးရပြောကြား


မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာမရှိသလို မကြာခင် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါမှာလည်း ရိုဟင်ဂျာအမည်နဲ့ လူမျိုးစုစာရင်း ထည့်သွင်း သတ်မှတ်မှာ မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အဆင့်မြင့်အရာရှိ ကြီးတစ်ဦးက ဒီကနေ့ ထုတ်ဖော်ပြောကြားလိုက် ပါတယ်။

သန်းခေါင်စာရင်းကောက်ယူရာမှာ လူမျိုးအမည်  ကုဒ် နံပါတ် ၉၁၄ မှာ ရိုဟင်ဂျာအမည်နဲ့ အင်တာနက် စာမျက်နှာတွေမှာ ဖြန့်ချီဖော်ပြနေတာနဲ့ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်းစဉ်မှာ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမျိုးသားသန်းခေါင်စာရင်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ် ဦးမြင့်ကြိုင် က ပြောကြားခဲ့တာပါ။

"ကျနော်တို့ ကုဒ်နံပါတ်ထဲမှာ ရိုဟင်ဂျာဆိုတာ လုံးဝမရှိပါဘူးခင်ဗျ၊ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လုံးဝမရှိပါဘူးခင်ဗျ၊ ကျနော်တို့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မပါတဲ့လူတွေကို ကုဒ်နံပါတ် ၉၁၄ လို့ ပေးထားတာရှိပါတယ်၊ တခြားတိုင်းရင်းသားတွေထဲမှာ မပါတဲ့လူတွေအတွက် ဖြစ်ပါတယ်ခင်ဗျ"

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ ရခိုင်ပြည်နယ်က မွတ်စလင်တွေကို ရိုဟင်ဂျာလို့ စာရင်းသွင်းဖော်ပြမှာကို လုံးဝလက်မခံကြောင်း၊ ရိုဟင်ဂျာအမည်သုံးစွဲခဲ့ရင် ရခိုင်ပြည်နယ်အနှံ့ ဆန္ဒပြမယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။ ပြည်ပအခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေကလည်း ရခိုင်ပြည်နယ်မှာ သန်းခေါင်စာရင်းကောက်ယူတဲ့အခါ ရိုဟင်ဂျာအမည်ထည့်သွင်းဖော်ပြနိုင်ရေးအတွက် ကြိုးပမ်းနေကြပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမျိုးသားသန်းခေါင်စာရင်းဦးစီးဌာနက ညွှန်ကြားရေးမှူးချူပ် ဦးမြင့်ကြိုင်ကတော့ ဒေသခံတွေအကြား စိုးရိမ်မှုရှိနေတာဟာ သတင်းအမှားတွေကြောင့်သာဖြစ်ကြောင်း၊ အစိုးရအနေနဲ့ သတင်းအမှန်ကို ထုတ်ဖော်ပြီးဖြစ်ကြောင်း၊ ပြည်သူတွေကိုလည်း သန်းခေါင်စာရင်းကောက်ယူမှုနဲ့ ပတ်သက်လို့ အသိပညာပေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြောင်း ပြောပါတယ်။

ဒီအတောအတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိမ်းချုပ်နယ်မြေအတွင်း သန်းကောင်စာရင်းကောက်ယူဘို့ အခက်အခဲတွေရှိမှာဖြစ်တယ်လို့ KIO အဖွဲ့က ဒီကနေ့ ပြောဆိုပါတယ်။

သန်းကောင်စာရင်းကောက်ယူမှု မပြုလုပ်နိုင်ခြင်းမှာ အဓိက စစ်ရေးအခြေအနေတွေကြောင့်ဖြစ်တယ်လို့ KIO အဖွဲ့က သုံးသပ်ပါတယ်။ KIO အဖွဲ့ရဲ့ နည်းပညာအကြံပေးအဖွဲ့ဝင် ဦးဒေါင်းခါးပြောတာကတော့ ခုလိုပြောပါတယ်။

"ကျနော်တို့ နယ်မြေထဲမှာ စစ်ရေးအရသော်၎င်း၊ IDP Issue အရသော်၎င်း၊ ပို့ဆောင်ဆက်သွယ်ရေးအရသော်၎င်း လူနေမှု အတည်တကျမရှိသေးတဲ့ အကြောင်းတွေရှိနေသေးလို့ ဒီအပေါ်ကိုအခြေခံပြီး ကျနော်တို့ နယ်မြေထဲမှာကောက်ဖို့ အခက်အခဲရှိတဲ့အကြောင်းကို အဲလိုသုံးသပ်ပြီးတော့ ကောက်ချက်ချထားတာပါ"

လက်ရှိအခြေအနေမှာ သန်းခေါင်းကောင်စာရင်း ကောက်ယူတာနဲ့ပတ်သက်ပြီး KIO က မူအားဖြင့်ဆောင်ရွက်တဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့ ပတ်သက်လို့ သဘောမတူတာတွေရှိပေမဲ့ တရားဝင်ကန့်ကွက်တာမျိုးလည်း မလုပ်ရသေးဘူးလို့ပြောပါတယ်။ ဒါပေမဲ့ ကချင်လူထုအနေနဲ့ ဆုံးဖြတ်ချက်ချထားတာတော့ရှိတယ်လို့ ဆိုပါတယ်။ ခုလို KIO နယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူခြင်း မပြုလုပ်နိုင်ခဲ့ရင် ကချင်ပြည်နယ်တွင်းမှာရှိတဲ့ လူဦးရေ ၃၀ ရာခိုင်နှုန်းခန့် လျော့သွားမှာဖြစ်တယ်လို့ လူမူရေးအဖွဲ့အစည်းတွေကပြောပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမျိုးသား သန်းခေါင်စာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးမြင့်ကြိုင်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

အခုလို ပြည်လုံးကျွတ် သန်းခေါင်းစာရင်းကောက်ယူမယ့် အစီအစဉ်အပေါ် တိုင်းရင်းသားတွေရဲ့ စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ဦးတင်အောင်ခိုင်ရဲ့ တင်ပြချက်ကိုလည်း နားဆင်နိုင်ပါတယ်။

နားဆင်ရန် ခေါင်းစဉ်ကို နှိပ်ပါ

ညွှန်ကြားရေးမှူးချူပ် ဦးမြင့်ကြိုင်နဲ့ မေးမြန်းချက်

သန်းခေါင်းစာရင်းအပေါ် တိုင်းရင်းသားတွေရဲ့ စိုးရိမ်မှု

RFA Burmese

အင်းယားကန် ပေါင်ရှိ သင်္ကြန် မဏ္ဍပ်များ တွင် ရွေ့လျားသန့်စင်ခန်း များ ထားရှိရမည်


၂၀၁၄ ခုနှစ် ရန်ကုန် သင်္ကြန် ကာလ အတွင်း အင်းယားကန် ပေါင် ရှိ မဏ္ဍပ် များတွင် မိုဘိုင်း သန့်စင် ခန်း များ ထားရှိရမည်ဖြစ် ကြောင်း၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ် ၀န်းကျင် ထိန်းသိမ်း ရေး နှင့် သန့်ရှင်းရေး ဌာန မှ သိရ သည်။

ထိုသို့ ထားရှိရန်အတွက် မိုဘိုင်း သန့် စင်ခန်း တစ်လုံး လျှင် ကျပ် ငွေတစ်သောင်း နှုန်းနှင့် မဏ္ဍပ်တစ်ခု လျှင်မိုဘိုင်းသန့်စင်ခန်း လေးလုံးငှားရမ်းထားရှိရမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ အကြီးတန်းအရာရှိက The Messenger သတင်းစာ သို့ ပြောသည်။သင်္ကြန်ပြီး သွားရင် အင်းယားကန် ကြီးက ပျက်စီးပြီး ကျန်ခဲ့တယ်။ ဒါကို ပြန်ပြီး ထိန်းသိမ်းဖို့က ခက်ခဲတယ်။ ဒါကြောင့် ဒီ ကန်ကြီး မပျက်စီးအောင် လုပ်တာပါ”” ဟု ၎င်း ကပြောသည်။ ထို မိုဘိုင်း သန့်စင်ခန်း များများသို့ နေ့စဉ် မိလ္လာစုပ်စက် များဖြင့် လာ ရောက် စုပ် ယူမည် ဖြစ်ပြီး၊ မိုဘိုင်း အိမ်သာ များ ပျက်စီး ပါက တန်ဖိုး အတိုင်း တစ်လုံးလျှင် ကျပ် (၁၅) သိန်း ပေး လျော်ရမည်ဖြစ်ကြောင်း ၎င်းင်းက ထပ်လောင်း ပြောကြားသည်။

သင်္ကြန်အတွင်းမှာက အကုန် လုံး နီးပါးက မူးနေ ကြတာ။ ပျက်စီး ဆုံးရှုံးရင် (၁၅) သိန်း လျော်ခိုင်းတာ ထက် ပျက်စီးသွား တဲ့ အတိုင်း အတာလောက်ကိုပဲ ညှိနှိုင်းပေး ရင် ပိုကောင်းတာပေါ့ ဟု လာမည့် သင်္ကြန် တွင် မဏ္ဍပ်ဆောက်လုပ်ခွင့်အတွက် လျှောက် လွှာတင်ထား သူ တစ်ဦးက ပြောသည်။ လက်ရှိ ရန်ကုန်မြို့တော် စည် ပင်သာယာရေး ကော် မတီတွင် မိုဘိုင်းသန့်စင်ခန်းအလုံး (၉၀)ရှိ ပြီး၊ ယခင်နှစ်များက ကန်ပက်လမ်းနှင့် ကမ္ဘာ အေး ဘုရားလမ်းပေါ်ရှိ မဏ္ဍပ်ကြီးများအနီး တွင် မိုဘိုင်းအိမ်သာများထားရှိပေးကြောင်း ရန်ကုန်မြို့တော် စည် ပင် သာယာရေးကော် မတီပတ်ဝန်းကျင်နှင့် သန့်ရှင်းရေးဌာနမှ သိရ သည်။

MWD

ဆီးချို ပျောက်တဲ့နည်း


မိတ်ဆွေများရဲ့ ပတ်ဝန်းကျင်မှာ ဆီးချိုဖြစ် တဲ့လူရှိခဲ့ရင် ကူညီပြီးပြောပေးကြပါ အင်မတန်မှ လွယ်သူတဲ့ နည်းလေးပါဇူလိုင်လ ၂၃ ရက် ၂၀၁၃အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခု ကို တွေ့ရခြင်း ဖြစ်ပါသည်။
ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက်ပြပါတယ်။ အထူးကုသမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။... ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို ကျွမ်းကျင်ပါတယ်။ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။
ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။ခါးတာကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။
သကြားပါသည့် အချိုများ မစားရပါ။ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက် စွဲသောက်ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။ အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ် ပြောပါတယ်။ကျွန်တော်က လက်တွေ့စမ်းကြည့်ချင်တယ်၊ အသင့်ပဲ လူနာက သမီးအငယ်ဆုံး၊ ကိုယ်တိုင်ပဲ ပြုလုပ်စီမံပြီး သောက်စေခဲ့တယ်။
(၁၀)ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။စီမံတဲ့အခါ တစ်ခုသတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။ ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ၊သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။ တစ်လထိ သုံးနိုင်ပါသည်။
တစ်လပြည့်က အသစ်ပြန်လုပ်ပါ။ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန် လိုပါသည်။ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင် ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။တူသောအကျိုး ခံစားရပါစေ။

ဦးစန်းမောင်

ဆံပင်ကျွတ်ခြင်း အတွက် ၁၅ မီးနစ်ထဲမှာ ထိရောက်စေမည့် နည်းလမ်းကောင်း


(၁) ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်း

(၂) သံပုရာရည် အနည်းငယ်နှင့် ရောလိုက်ပါ။

(၃) ဆံပင်ကို ထိုအရည်များဖြင့် ပွတ်လိုက်ပါ။

(၄) ၁၅ မီးနစ်ထားပြီး ခေါင်းလျော်လိုက်ပါ။

(၅) တစ်ပတ်မှာ နှစ်ကြိမ်မှ သုံးကြိမ် လုပ်ပေးပါ။ နှစ်ပတ်မှ လေးပတ်အတွင်းမှာ
ဆံပင်ကျွတ်ခြင်း သိသိသာသာ သက်သာလာပါလိမ့်မည်။

Credit: original article owner

ရတနာမိုင် - ၆ခွက် ပြောင်သလားကွာ (သင်္ကြန်သီချင်း ရုပ်သံ)






မန်ယူ၊ ဂလေဇာနဲ့ မြစ်ဆုံမြန်မာ


အမေရိကန်အခြေစိုက်ရင်းနှီးမြှုပ်နှံ မှုအပ်စုတစ်ခုဖြစ်တဲ့ ဂလေဇာမိသားစုက ၂၀၀၅ မှာ မန်ယူရဲ့ ရှယ်ယာတွေကို ၀ယ်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ခဲ့ တယ်။ လေဇာမိသားစုကမန်ယူရှယ်ယာ တွေကို ၀ယ်ဖို့အတွက် ဘဏ်တွေကနေ ပိုက်ဆံတွေကို အတိုးနှုန်းတစ်မျိုးနဲ့ ချေး ပြီးဝယ်ခဲ့တာပါ။ နားလည်အောင်အလွယ်  ကူဆုံးပြောရမယ်ဆိုရင် မန်ယူရဲ့အအောင်  မြင်ဆုံးသောကာလများမှာ အကြွေးနဲ့ ၀ယ်သိမ်းလိုက်သလိုဖြစ်သွားတယ်။ ရင်းနှီးမြှုပ်နှံမှုဥပဒေရဲ့ အားနည်းချက်က  အဲဒီအချိန်ကနေစပြီးတော့ မန်ယူကိုစဒုက္ခ ပေးရတော့တာပေါ့။ ဒီကိစ္စအချို့ကို နားလည်တဲ့နည်းပြဖာဂူဆန်က မန်ယူ မန်နေဂျာဘ၀ကနားဖို့တောင်လေသံပစ်ခဲ့ သေးတယ်။ မန်ယူရဲ့ ရှယ်ယာများစွာကို  ၀ယ်ယူထားတဲ့ ဂလေဇာမိသားစုဟာရလာ  တဲ့ အကျိုးအမြတ်တွေကို သူတို့ရဲ့ အတိုး  သတ်ဖို့နဲ့ အကြွေးဆပ်ဖို့အတွက် အသုံး ပြုလာတယ်။ အဲဒီအချိန်မှာ မန်ယူရဲ့ ၀င်ငွေစီးကြောင်းတစ်ဝက်လောက်က ဂလေဇာမိသားစုရဲ့ အတိုးသတ်ဖို့နဲ့ အကြွေးဆပ်ဖို့အတွက်ဖြစ်လာတော့တာ ပဲ။ အဲဒီတော့ ဘာဖြစ်သွားသလဲမေးရင် တော့ အသင်းအနေနဲ့ ကမ္ဘာ့အဆင့်ကစားသမားတွေကို ဈေးကြီးပေးမ၀ယ်နိုင်တော့ ဘူး။ နည်းနည်းနဲ့ ကျဲကျဲဝိုင်းရတဲ့ သဘောကို ဆောင်လာရတော့တာဘဲ။ ရေတိုပွဲတွေအတွက်နည်းနည်းနဲ့ ကျဲကျဲ  ၀ိုင်းတာပြဿနာအကြီးအကျယ်မဟုတ်  ပေမယ့်၊ ရေရှည်အကျိုးစီးပွားအတွက် တော့ အကြီးအကျယ်ထိခိုက်လာတော့  တာပါဘဲ။ လက်ရှိမန်ယူအသင်းရဲ့ ရလဒ် တွေကို ကြည့်ရင်သိသာနိုင်ပါတယ်။ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးကလပ်အသင်း  တစ်ခုဘ၀ကနေတဖြည်းဖြည်းလျှော့ကျ  လာတာကို ကြည့်ရင်းကြည့်ရင်းနဲ့ တွေ့လာရမှာပါ။ မသိမသာကျဆင်းလာတာပါ။ ၀ုန်းကနဲတိုးဆင်းသွားတာမဟုတ်ပါဘူး။ ဂလေဇာမိသားစုကလည်းအမြတ်ထွက် ချင်လို့ရင်းနှီးမြှုပ်နှံမှုလုပ်နေတာလေ။ အဲဒီတော့ သူတို့ရဲ့အကျိုးစီးပွားကို ကာကွယ်ရမှာသူတို့ကိစ်္စဘဲ။ မလိုအပ်ဖူး လို့ထင်တဲ့အသုံးစရိတ်တွေကိုသူတို့ကသုံး ခွင့်ပြုမှာမဟုတ်ဘူး။ ဒါပေမဲ့ စီးပွားရေး  သမားတစ်ဦးကဘောလုံးလောကရဲ့ အချို့  သော လျှို့ဝှက်ချက်တွေကို နားလည်မှာ မဟုတ်ဘူး။ သေချာတာကတော့ မန်ယူ ရဲ့အကျိုးစီးပွားကတဖြည်းဖြည်းကျုံ့လာ ပါပြီ။ ဒီအတိုးတွေ သတ်နေရသမျှကာ လပတ်လုံးမန်ယူ၊ နောက်ထပ်နလံထူစရာ ကိစ္စမရှိတော့ဘူး။ ဒီကိစ္စကအသင်းရဲ့ ခြေစွမ်းနဲ့ မဆိုင်ဘူး။ ဥပမာဆိုရရင်ဘော လုံးလောကမှာ Lucky Phayer ဆိုတာရှိ တယ်။ တစ်ခေတ်တစ်ခါကဆိုးလ်ရှားတို့၊ ရှာရင်ဂမ်တို့၊ ဗီရွန်တို့၊ လာဆင်တို့လို ကစားသမားတွေပါ။ သူတို့ရဲ့ ခြေစွမ်းတွေ  က ထိပ်တန်းအဆင့်လို့ပြောရမှာခက်ပေ မယ့်။ သူတို့တွေလူစားထိုးဝင်လာရင်ပွဲ အဖြေပြောင်းသွားတတ်တယ်။ နောက် တစ်ခုကဘောလုံးဆယ်လစ်ဘရစ်တီတွေ ပါ။ သူတို့ကနာမည်နဲ့ တစ်ဖက်အသင်း ကို ခြိမ်းခြောက်ထားနိုင်ခဲ့တယ်။ သူတို့ တွေပါလာတယ်ဆိုရင်ပဲတစ်ဖက်အသင်း ကရှိန်နေတယ်။ ဖိအားပေးမကစားရဲဘူး။  ဒါမှမဟုတ် အဲဒီနာမည်ကြီးတွေကို အသေကပ်ပြီးကစားတဲ့အတွက် အမှား တွေ လုပ်လေ့ရှိတယ်။ ဒါမျိုးတွေကို ဂလေဇာမိသားစုစီးပွားရေးသမားတွေက နားလည်မှာမဟုတ်ပါဘူး။ သူတို့ကတော့  ၁ ကျပ်ကျရင်းရင်၊ ၅ ကျပ်၊ ၁၀ လောက်မြတ်  နေတာကိုပဲတွေးမှာ၊ အတိုးက ၂ ကျပ်ပေး  ရမယ်။ သူတို့အတွက် ၃ ကျပ်ကနေ၇ကျပ်  လောက်မြတ်နေရင်ဘာကနေပဲဖြစ်ဖြစ် ပိုက်ဆံချေးပြီးအတိုးသတ်၊ အကြွေးဆပ် ပြီးအဆုံးတစ်နေ့မှာကလပ်အသင်းပိုင်ရှင် ဖြစ်ဖို့အရေးပဲတွေးကြမှာပါ။ ဒါကအချိန်  တစ်ခုအတွင်းမှာ ကမ္ဘာကျော်ဘောလုံးက လပ်အသင်းတစ်ခုကိုအလကားနီးပါးအပိုင်  ရအောင်လုပ်တဲ့နည်းတစ်ခုပါဘဲ။ ဒီနေရာ မှာ အဓိကတာဝန်ရှိသူတွေက ရင်းနှီးမြှုပ် နှံမှုဆိုင်ရာအာဏာပိုင်အဖွဲ့တွေပါဘဲ။ သူတို့က နိုင်ငံခြားကရင်းနှီးမြှုပ်နှံဖို့လာ ရောက်သူတွေက သူတို့ရဲ့ ကိုယ်ပိုင်ပိုက်ဆံ   ဟုတ်၊ မဟုတ်ကိုတိတိကျကျသိထားဖို့လို အပ်နေပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ပိုက်ဆံ  ဆိုရင် ဒီကအမြတ်ငွေတွေက သူတို့ကိုယ် တိုင်ရတဲ့အတွက် အမြတ်ရာခိုင်နှုန်းအချို့  က ကလပ်အသင်းအတွက်ပြန်သုံးဖို့ဝန် လေးမှာမဟုတ်ပါဘူး။ ဒါမှမဟုတ်ပဲအဲဒီ  အမြတ်တွေကို အကြွေးဆပ်နေမယ်ဆိုရင်  တော့ လုပ်အားကမန်ယူ၊ အမြတ်က ဘဏ်၊ ကြားပွဲစားသူတို့ကသူတို့အားလုံး စရိတ်အတွက် ပိုက်ဆံအလကားရနေကြ မှာ။ ကလပ်အသင်းအနေနဲ့ အရမ်းကြီး နစ်နာရတာပေါ့။
ဒီတော့ ကျွန်တော်တို့ရဲ့ မြစ်ဆုံစီမံ ကိန်းဖက်ကို တစ်ချက်လောက်လှည့်ကြည့် ကြပါဦး။ အနှစ် ၃၀ အတွင်းမှာ ကျွန်တော်တို့က ၁၀ ရာခိုင်နှုန်းလောက်ပဲ အကျိုးအမြတ်ရမှာ။ ဒါကြီးကအရမ်းကြီး  တဲ့ စီမံကိန်း၊ကျွန်တော်တို့မှာ အနှစ် ၃၀ အတွင်း သဘာဝပတ်ဝန်းကျင်ဘယ်လောက်   ပျက်စီးသွားမယ်မသိနိုင်ဘူး။ ဒါတွေကို ဘေးကင်းလုံခြုံဖို့ငွေတွေထပ်သုံးရဦးမယ်။  တကယ်လို့မြစ်ဆုံစီမံကိန်းကို သူတို့က ပိုက်ဆံတွေချေးပြီးလုပ်တယ်ဆိုရင်နောက် ထပ် ထပ်စိုက်ဖို့အတွက် ဒါမှမဟုတ်လက်ရှိ ကို အကူအညီပေးဖို့လိုအပ်တဲ့ ကိစ္စရပ်တွေ  ကို မလိုအပ်ဘူးဆိုပြီး၊ ပယ်ချလိုက်ရင် ဒေသခံတွေနစ်နာပြီပေါ့။ သူတို့ကလည်း သူတို့ရဲ့ အတိုးအတွက်မြစ်ဆုံကရသမျှ ငွေကို အကြွေးနဲ့အတိုးအတွက်ထိုးဆပ် မှာ။ ဒေသဖွံ့ဖြိုးရေးကနောက်၊ အကြွေး  ကျေဖို့ကိစ္စကအရင်ပဲဖြစ်မှာ။ ကျွန်တော်  ကိုယ်တိုင်စီးပွားရေးသမားဆိုရင်လည်း အဲဒီလိုလုပ်မှာဘဲ။ ဂလေဇာမိသားစုက မန်ယူကိုချနင်းသလို ပြည်တွင်းစီးပွားရေး သမားတွေနဲ့ တရုတ်ရင်းနှီးမြှုပ်နှံသူတွေ ကလည်း ကချင်ကိုချနင်းမှာဘဲ။ ကျွန်တော် တို့ နိုင်ငံရဲ့ဦးခေါင်းပိုင်းပျက်ပြီဆိုရင်တော့ အောက်ပိုင်းတွေဘယ်လိုဖြစ်လာမလဲဆို တာကိုတွေးကြည့်ရုံနဲ့ သိနိုင်တယ်။ မြန်မာနိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဒီအချက်ကိုသုံးသပ်ပြီးလောက်ပြီလို့ထင် ပါတယ်။
ရေအားလျှပ်စစ်စီမံကိန်းကမလိုအပ် ဘူးလားလို့မေးလာရင် မေးတဲ့သူကိုပဲ ခင်ဗျားအဲဒီလောက်အတွေးတိမ်ရသလား လို့ ပြန်မေးမိမှာပါ။ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ဖို့အတွက်အရေးပါတဲ့အပိုင်းကဏ္ဍ တစ်ရပ်ကနေပါဝင်လာတာပါ။ ရှိသင့် တာပေါ့။ ဒီလိုအကြီးကြီးတွေက ဘေး ထွက်ဆိုးကျိုးဖြစ်လာရင် အဲဒီဆိုးကျိုးကြီး တယ်လို့ပဲဆိုချင်တာပါ။ အချိန်မရွေးပိတ် သိမ်းနိုင်တဲ့ အသေးလေးတွေဘက်ကို လှည့်ပြီးစဉ်းစားကြည့်ရင်မကောင်းဘူး လားလို့ဆိုချင်တာပါ။ စီမံကိန်းသေးရင် ကိုယ်တတ်နိုင်တယ်။ ဘေးထွက်ဆိုးကျိုးကို ကာကွယ်ဖို့အချိန်မီနိုင်တယ်။ နည်းနည်း နဲ့ကျဲကျဲအစား၊များများနဲ့ စိပ်စိပ်ဆိုရင် ကော ဘယ်လိုလဲ။ အဲဒီကိစ္စကလည်း နောက်ဆက်တွဲတွေရှိနေတာပဲ။ လူ့စွမ်း အားအရင်းအမြစ်ကိစ္စ၊ အရင်းအနှီးပိုများ သွားနိုင်တဲ့ကိစ္စတွေလည်းရှိပါသေးတယ်။ လုံခြုံရေးအတွက်လည်းထည့်စဉ်းစားရဦး မယ်။
ဆည်တွေဆောက်ပြီးရင် အဲဒီဆည် တွေရဲ့အောက်ခြေကရေတွေက အရမ်း အေးလာတယ်။ အောက်ဆီဂျင်ပျော်ဝင်မှု နှုန်းကျလာတယ်။ ရေထဲမှာ PH တန်ဖိုး တွေပြောင်းလဲလာတယ်။ PH တန်ဖိုးတွေ ပြောင်းတာနဲ့အမျှ ငါးတွေအတွက်ဒုက္ခ ဖြစ်လာနိုင်တယ်။ ရေနေသက်ရှိတွေ အတွက် ရှင်သန်နိုင်မှုအခွင့်အလမ်းမှာ ဏံတန်ဖိုးကလည်းအရေးကြီးတယ်ဆိုတာ ငါးမွေးမြူရေးသမားတိုင်းသိတယ်။ ဒီလို ဘေးထွက်ဆိုးကျိုးတွေကိုဘယ်လိုကာကွယ် ကြမလဲ။ အဲဒါတွေကိုပြင်ဖို့အတွက်ရင်းနှီး မြှုပ်နှံမှုထဲမှာထည့်တွက်ရမယ်။ ပထမပိုင်း ရင်းနှီးမြှုပ်နှံမှုတွေထဲမှာမပါရင်တောင် ရလာတဲ့အကျိုးအမြတ်ထဲကနေ ဘယ် လောက်သုံးမယ်ဆိုတဲ့အစီအစဉ်ကိုတော့ သတ်မှတ်ပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ ရလာတဲ့အကျိုးအမြတ်ကိုအစောပိုင်းက ပြောသလိုအတိုးတွေပဲထိုးဆပ်နေမယ် ဆိုရင်တော့ အနှစ် ၃၀ ဆိုတာနည်းတဲ့ ကာလကြီးမဟုတ်လား။ သာမန်လူ့သက် တမ်းတစ်ဝက်စာလောက်ရှိတယ်။ မမျှော် မှန်းနိုင်တဲ့ဆိုးကျိုးတွေကိုကြိုပြီး အနံ့ခံ ကြည့်ရုံသက်သက်ပါဘဲ။ အဲဒီတော့လာပြီး ရင်းနှီးမြှုပ်နှံတာကိုကြိုဆိုပါတယ်။ ကိုယ့် လူတွေက လူ့သက်တမ်းတစ်ဝက်စာ လောက်ကိုအကျိုးအမြတ်ခွဲပေးရမယ် ဆိုတော့ မျက်စေ့တစ်ဆုံး (၂၄)မိုင် လောက်ကြည့်ရုံနဲ့မရတော့ဘူး။ မိုးကုတ် စက်ဝိုင်း ၂ပြန်၊ ၃ပြန်လောက်တွေးထားမှ ပိုကောင်းမယ်လို့ယူဆရပါတယ်။
သမ္မတကြီးကတော့ သူ့သက်တမ်း အဆုံးအထိမြစ်ဆုံကိုရပ်ထားပေးပေမယ့်၊ ဒါကမလွဲမသွေရင်ဆိုင်ရမယ့် ကိစ္စရပ်ကြီး  ပါ။ ၂၀၁၄ နဲ့ ၂၀၁၅နှစ်ဦးပိုင်းအထိ ပညာရှင်တွေဝိုင်းစဉ်းစားဖို့လိုနေပြီ၊ ငွေ ရေးကြေးရေးကိစ္စတွေကို ဘယ်လိုရှင်းမ လဲ။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေကိုဘယ်လိုရင်ဆိုင်ကြမလဲ။ ဆက် လုပ်မယ်ဆိုရင် ကိုယ့်ဘက်ကိုဘေးကင်း မှုရှိအောင် ဘယ်လိုကာကွယ်ကြမလဲ။ ပြည်သူတွေထဲက မြစ်ဆုံစီမံကိန်းကို သဘောမကျတဲ့ပြည်သူတွေကို ဘယ်လို စည်းရုံးကြမလဲ။ အများလက်ခံလာအောင် ပွင့်လင်းမြင်သာမှုတွေနဲ့ ဘယ်လိုသွေး ဆောင်ကြမလဲ။ အားလုံးအတွက်ရည်ရွယ် ရင် အားလုံးပါဝင်လာအောင်လုပ်ကြဖို့ လိုလာပြီ။ လုပ်မယ်၊ မလုပ်ဖူးလောက်နဲ့ မရတော့ဘူး။ ငွေရေးကြေးရေးတွေ၊ ဥပဒေ တွေပါနေပြီ။ ဒီအချိန်မှာတော့ တစ် ယောက်နဲ့တစ်ယောက်အပြစ်တွေတင်နေ လို့မရတော့ပါဘူး။ ဘယ်လိုရှင်းမလဲဆို တာကိုပဲဝိုင်းစဉ်းစားပေးကြရင်ကောင်းမှာ ပါ။ ဒီစီမံကိန်းမှာပါနေတဲ့ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေကတော့ စဉ်း စားရမယ့်အထဲမှာ အဓိကပါဝင်နေပါ တယ်။ သူတို့တွေက ဟိုဘက်၊ ဒီဘက် မျှတစဉ်းစားနိုင်မယ်ဆိုရင်တော့ မြစ်ဆုံ ဟာ အနှစ်မကုန်ပဲ၊ အချစ်စုံစရာတွေ ဖြစ်လာမှာလို့ပဲတိုက်တွန်းလိုက်ပါရစေ။

မောင်ယဿ
Hot News