နယူးဇီလန် နိုင်ငံတော် အလံ ပြောင်းသင့် မသင့် ပြည်သူ့ ဆန္ဒခံ ယူပွဲ ပြုလုပ်မည်

ပို့စ်တင်ချိန် - 3/13/2014 07:40:00 PM


နယူးဇီလန် နိုင်ငံ သည် နိုင်ငံတော် အလံ ကို ပြောင်းလဲ သင့်မသင့် ကို ပြည်သူ့ ဆန္ဒ ခံယူ ပွဲ ကျင်းပ မည် ဖြစ်ကြောင်း နယူးဇီလန် ၀န်ကြီးချုပ် ဂျွန်ကီး က ထုတ်ပြန် ပြောဆို ခဲ့သည်။ မစ္စတာ ကီးက ရွေးကောက်ပွဲ ကို စက်တင်ဘာ ၂၀ တွင် ပြုလုပ် မည် ဖြစ်ပြီး နိုင်ငံတော် အလံ နှင့် ဆိုင်သော ပြည်သူ့ ဆန္ဒ ခံ ယူပွဲကို သုံးနှစ် အတွင်း ပြုလုပ် မည် ဖြစ်ကြောင်းပြော ဆို ခဲ့သည်။

နယူးဇီလန်၏လက်ရှိ နိုင်ငံတော် အလံ ၏ ထောင့် တွင် ယူနိုက်တက် ကင်းဒမ်း ၏ အမျိုးသား အလံဖြစ် သော ယူနီယံဂျက်နှင့် ကြယ်ပုံ များပါရှိနေသည်။ နယူးဇီလန်၏လက်ရှိအလံ သည် နိုင်ငံကြုံ တွေ့ခဲ့ရပြီး လက်ရှိ အချိန် တွင် ပြီးဆုံးခဲ့ပြီဖြစ်သည့် ကိုလိုနီနှင့်ကိုလိုနီကာလ လွန် ကာလများကို ကိုယ်စားပြု နေသည် ဟု ၎င်း ယုံ ကြည်ကြောင်း မစ္စတာကီးက ဗစ်တိုးရီး ယား တက္ကသိုလ်၌ ပြောဆိုခဲ့သည့် မိန့်ခွန်း သည့် ထည့်သွင်း ပြောဆို ခဲ့ သည်။ နယူးဇီလန်သည် လက်ရှိအချိန်တွင် ယူနိုက်တက်ကင်းဒမ်း၏ အုပ်ချုပ်မှု အောက် တွင်မရှိတော့ သော် လည်း လက်ရှိ အလံတွင် ယူနီယံဂျက် ပါဝင်နေ သေးသော ကြောင့် ယူကေ ၏ အုပ်ချုပ်မှု အောက်တွင် ရှိနေ သည့်ပုံပေါ်နေ ကြောင်း၎င်းင်းကပြောဆိုခဲ့သည်။ ယင်းကြောင့် နိုင်ငံတော် အလံသစ်တစ်ခုကို အသုံးပြုခြင်း ဖြင့် ခေတ်သစ်နယူးဇီလန်၏ပြောင်းလဲမှုခြေ လှမ်းသစ်တစ်ခုကိုလှမ်းချင်ကြောင်း ၎င်း က အဆိုပြုခဲ့သည်။ အနက် ရောင်နောက်ခံတွင် ငှက်မွေးနှင့် ဆင်တူသော ငွေရောင်သစ်ရွက်ပါရှိသည့် အမျိုး သားအားကစားအဖွဲ့၏ အလံ ကိုသဘောကျ မိကြောင်း၊ ယင်းအလံပုံစံသည် နယူးဇီလန်၏ သရုပ်သကန်ကို ကောင်းစွာ ကိုယ်စားပြုနိုင် မည် ဟု ယုံကြည်ကြောင်း မစ္စတာ ကီးကပြော ဆိုခဲ့သည်။

အမျိုးသား အလံ ပြောင်းလဲ အသုံးပြု ခြင်း နှင့် ပတ်သက်ပြီး ပြည်သူများကမည်မျှ ထောက်ခံကြမည်ကို ရှင်းလင်းစွာမသိနိုင်သေး ချေ။ လွန်ခဲ့သော လတွင်ပြုလုပ် ခဲ့သည့် စစ်တမ်း တစ်ခု အရ စစ်တမ်း ဖြေဆိုသူ ၇၂ ရာခိုင်နှုန်းက လက်ရှိအလံကို ထောက်ခံကြောင်း ပြောဆိုခဲ့ ပြီး ဖြေဆိုသူ ၂၈ ရာခိုင်နှုန်း ကသာ အလံသစ် ပြောင်း လဲ အသုံးပြုလိုကြောင်း ပြောဆိုခဲ့ ကြောင်းသိရသည်။ Source:BBC

Messenger News Journal